ကမ္ဘာကြီးက တစထက်တစ လေ့လာစရာတွေ များလာတယ်လို့ ပြောရင် သင်ငြင်းချက် ထုတ်နိုင်လား။ မှန်ပါတယ်။ ထုတ်နိုင်မယ် မထင်ပါဘူး။ ကမ္ဘာကြီးမှာ အခုထိ မတူးဖော်ရသေးတဲ့ အလှအပတွေ၊ လေ့လာစရာတွေ အများကြီး ကျန်နေပါသေးတယ်။
ခရီးထွက်ဖို့ ထိုင်ပြီး တွေဝေနေမယ့် အစား အလုပ်လုပ် ပိုက်ဆံရှာပြီး ခရီးထွက်ပါ။ အဖော်စပ်လို့ မရရင် တယောက်တည်းထွက်ပါ။ တယောက်တည်း ခရီးထွက်တာနဲ့ ပတ်သက်ပြီး ကောင်းကျိုးတွေ များစွာရှိပါတယ်။၂၀၁၉ ခုနှစ်မှာ လည်ပတ်လို့ ကောင်းမယ့် နေရာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) The Azores (ပေါ်တူဂီ)
တကယ်လှပတဲ့ သဘာဝရှုမျှော်ခင်းတွေကို ကြည့်ရှုရင်း ဓာတ်ပုံရိုက်ချင်တယ်ဆိုရင် အသင့်တော်ဆုံး နေရာက Azeros ပဲ ဖြစ်ပါတယ်။ Atlantic သမုဒ္ဒရာထဲက ဒီကျွန်းဟာ Landscape ဓာတ်ပုံ ရိုက်လိုသူတွေ မျက်စိကျရာနေရာလည်း ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က စတင်ပြီးတော့ နယူးယောက်မြို့နဲ့ တိုက်ရိုက် လေကြောင်းလိုင်းတွေ ရှိလာပါပြီ။ ဒီကျွန်းမှာ ဝတ်စုံနဲ့ ရေငုတ်ခြင်း၊ ရေလွှာလျော စီးခြင်း၊ ကနူးလှေစီးခြင်းနဲ့ တောင်တက်ခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။
ငွေကြေးတတ်နိုင်သူတွေအတွက် 5 Stars ဟိုတယ်တွေ ရှိပြီး ရိုးရိုးခရီးထွက်ချင်သူတွေ အတွက် အဆောင်တွေလည်း ရှိတယ်လို့ သိရပါတယ်။
(၂) ဘူတန် အရှေ့ပိုင်း
မြန်မာနိုင်ငံသားတွေနဲ့တော့ ဘူတန်ဟာ မစိမ်းလှပါဘူး။ ဗုဒ္ဓယဉ်ကျေးမှု ကြွယ်ဝခြင်း၊ ယနေ့ချိန်ထိ ဘုရင်စနစ်ကိုသာ အသုံးပြုခြင်းတို့ကြောင့် ကမ္ဘာလှည့် ခရီးသွားတွေ စိတ်ဝင်စားခြင်းကိုခံရတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ဘူတန်အရှေ့ဖက်အပိုင်းမှာ ဘုရားပုထိုးတွေနဲ့ ဘုရင်စံမြန်းရာ နန်းတော်လည်း ရှိပါတယ်။ ဖော်ရွေတဲ့ ဘူတန် နိုင်ငံသားတွေရဲ့ အပြုံးတွေကို ကြည့်ရင်း လှပတဲ့ သဘာဝပတ်ဝန်းကျင်းကို ခံစားဖို့ ဘူတန်ကို မဖြစ်မနေ လည်ပတ်သင့်ပါတယ်။
(၃) ကိုလံဘီယာ
ကိုလံဘီယာ သမ္မတကတော့ ၂၀၁၇ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုကို ရရှိပါတယ်။ ယခင်က တိုင်းပြည် မငြိမ်သက်မှုတွေ များတဲ့ ဒီနိုင်ငံဟာ အခုဆိုရင် ကမ္ဘာလှည့် ခရီးသွားဝင်ရောက်ဖို့ ခွင့်ပြုလိုက်ပါပြီ။ ဒါပေမဲ့ ခေတ်ပြောင်းစ မြန်မာနိုင်ငံလို မငြိမ်သက်မှုတွေတော့ ရှိပါသေးတယ်။ မြောက်အမေရိကတိုက်ရဲ့ မြို့တမြို့ ဖြစ်တဲ့ ကိုလံဘီယာကို လည်ပတ်မယ်ဆိုရင် လမ်းဘေးအနုပညာ၊ ပိတ်ရက် စက်ဘီစီးပွဲ စတာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
(၄) အီသီယိုးပီးယား
ရှေးရာစုနှစ်များက အဂ္ဂိရတ်ထိုးခြင်းနဲ့ အသက်မွေးခဲ့တဲ့ အီသီယိုးပီးယားနိုင်ငံဟာ အငတ်ဘေးလည်း ဆိုက်ခဲ့ဖူးပါတယ်။ ဒီနိုင်ငံမှာ ဂျူးဘာသာဝင်နဲ့ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရိုးရာဓလေ့တွေကို ကြည့်ရှုလေ့လာနိုင်ပါတယ်။ ၄ ရာစုနဲ့ ၅ ရာစုလောက်ကတည်းက ရှိခဲ့တဲ့ လူမျိုးစုမျိုးစုံကိုလည်း လေ့လာနိုင်တယ်လို့ သိရပါတယ်။ ၂၀၁၆ ခုနှစ်ကစပြီး အီသီယိုးပီးယားနိုင်ငံဟာ တဟုန်ထိုးတိုးတက်လာပြီး အခုဆိုရင် ကိုယ်ပိုင် ဂြိုလ်တုကိုတောင် လွှတ်တင်ဖို့ ပြုလုပ်နေပါပြီ။
(၅) မွန်ဂိုလီယား
ကြီးမားကျယ်ပြန့်ပြီး ဓာတ်ပုံရိုက်လို့ ကောင်းတဲ့ တောင်တန်းတွေမှာ ရေကြည်ရာ မြက်နုရာရှာဖွေနေထိုင်သူတွေ ရှိတဲ့ နိုင်ငံကတော့ မွန်ဂိုလီယားပါ။ မြန်မာ့သမိုင်းမှာလည်း ဗမာလူမျိုးတွေဟာ တိဗက်နဲ့ မွန်ဂိုလီယား အနွယ်ဆက်သူတွေလို့ ဆိုပါတယ်။ မိုးကုပ်စက်ဝိုင်းရဲ့ အစွန်းကို ရောက်နေသလို ခံစားရမယ့် မွန်ဂိုလီယားနိုင်ငံရဲ့ တောင်တန်းတွေမှာ Camping လုပ်မရင်းလည်း နေထိုင်လို့ ရတယ်လို့ ဆိုပါတယ်။ ရေကြည်ရာ မြက်နုရာကို ရွေ့ပြောင်းနေထိုင်တဲ့ မွန်လီလီယားလူမျိူးတွေလိုလည်း ခရီးထွက်နိုင်တယ်လို့ ဆိုပါတယ်။
Ref;frobes