Travel

ကမ္ဘာမြေမျက်နှာပြင်အောက်မှာ ပုန်းကွယ်နေတဲ့ ဂူများ

Want create site? Find Free WordPress Themes and plugins.

လူသားတွေရဲ့ စိတ်ဝင်စားမှုတွေဟာ နေ့စဉ်ပုံမှန်တွေ့နေကျ အရာတွေကို ကျော်လွန်ပြီး ထူးခြားဆန်းပြားတဲ့ အရာတွေဆီ ပိုမိုဦးတည်ပြီး လာနေတာကို တွေ့ရပါတယ်။ ကမ္ဘာအနှံ့မှာ လှပတဲ့ သဘာဝပတ်ဝန်းကျင်တွေ အများကြီး ရှိသလို ကမ္ဘာကြီးကို အိတ်ကပ်သဖွယ် အမှီပြုပြီး ပုန်းကွယ်နေတဲ့ ဂူတွေလည်း အများကြီးရှိပါတယ်။

စွန့်စားခရီးသွားသူတွေ ရှာဖွေထားတဲ့ ဒီဂူတွေကို လေ့လာကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

(၁) Orda ဂူ (ရုရှား)

Orda ဂူဟာ KunGur မြစ်ကမ်းအနားမှာ တည်ရှိနေတဲ့ Oral တောင်ရဲ့ အောက်ခြေမှာ ရှိပါတယ်။ ဒီဂူဟာ မြေအောက် ရေတည်ရှိတဲ့ ဂူတွေထဲမှာ အကြီးဆုံးဖြစ်ပြီး အဖြူရောင်ကျောက်သား နံရံတွေ အပြည့်ရှိတဲ့ ဂူတဂူဖြစ်ပါတယ်။

ဂူတွင်းက အဖြူရောင် ကျောက်သားတွေကြောင့် ရေကို ကိုက် ၅၀ ကျော်ထိ ကြည်လင်စွာမြင်ရတယ်လို့ ဆိုပါတယ်။ ဒေသခံတွေကတော့ ဒီဂူထဲမှာ ရေသူမနေထိုင်တယ်လို့ ယုံကြည်ကြပေမယ့် ခရီးသွား ဓာတ်ပုံဆရာ တွေကတော့ မကြောက်မရွံ့သွားရောက် လည်ပတ်ဆဲပဲ ဖြစ်ပါတယ်။

(၂) Hang Son Doong (ဗီယက်နမ်)

၂၀၀၉ ခုနှစ် ဧပြီလမှာ ဗြိတိသျှဂူရှာဖွေသူများ အဖွဲ့ဟာ ကမ္ဘာ့အကြီးဆုံး ဂူတခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီဂူဟာ အလျား ပေ၅၀၀ ကျယ်ပြီး အနံ ပေ ၆၅၀ ကျော်ရှိတယ်လို့ သူတို့က ဆိုပါတယ်။ ဂူအစ အဆုံး ၃မိုင်နီးပါး ရှိပြီး အပူပိုင်းမုတ်သုန်တော တခုက ကွယ်ထားတာကြောင့် ဂူကို ရှာဖွေတွေ့ရှိမှု နောက်ကျခဲ့တာ ဖြစ်ပါတယ်။

(၃) Blue Grotta (အီတလီ)

အီတလီနိုင်ငံက Blue Grotta ဂူဟာ ခရီးသွားတွေကို အဓိက ဆွဲဆောင်တဲ့ ဂူတခု ဖြစ်ပါတယ်။ ဒီဂူ ကျော်ကြား လာရတဲ့ အကြောင်းအရင်းကတော့ ဂူတွင်းမှာ ရှိတဲ့ ဝင်ပေါက် ၂ခုကြောင့် ဖြစ်ပါတယ်။

ပထမဝင်ပေါက်(အဓိက ဝင်ပေါက်) ကိုတော့ လှေနဲ့ ဝင်နိုင်ပြီး နောက်ထပ်ဝင်ပေါက်တခုကို ရောက်တဲ့ အခါ ပိုမိုကြီးတဲ့ အပေါက်တခုက ရေအောက်ထဲမှာ တည်ရှိနေတာကြောင့် ဖြစ်ပါတယ်။ ဒုတိယ ဝင်ပေါက်ကနေ ဝင်လာတဲ့ အလင်းရောင်ကြောင့် ရေတွေ အားလုံးဟာ အပြာရောင် ဖြစ်နေပြီး မှော်ဝင်နေတဲ့ ဂူတွင်းရေကန်တခုလို ဖြစ်နေပါတော့တယ်။

(၄) Cave Of Crystal (မက္ကဆီကို)

၂၀၀၀ ပြည့်နှစ်မှာ တွေ့ရှိခဲ့တဲ့ ဒီဂူဟာ ၁၉၁၀ ခုနှစ်မှာ တွေ့ရှိခဲ့တဲ့ Cave Of Sward ရဲ့ အောက်မှာ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီဂူထဲမှာ ရှိတဲ့ Crystal တွေဟာ သဘာဝအတိုင်းဖြစ်နေတာ ဖြစ်ပြီး အရွယ်အစား ကြီးလွန်းတာကြောင့် ဂူအတွင်း သုသေသန ပြုမှုတွေကို ပြုလုပ်တာတွေ ရပ်ထားတယ်လို့ သိရပါတယ်။

ဒီ Crystal တွေဟာ ပေ ၄၀ မြင့်ပြီး အကျယ် ၁၃ ပေ ရှိတယ်လို့ ဆိုပါတယ်။ ဂူတွင်းအပူချိန်က ၁၂၀ ဒီဂရီကနေ ၁၃၆ ဒီဂရီအထိ ရှိပါတယ်။ ၂၀၁၇ ခုနှစ်မှာတော့ ဂူတွင်း ရေတက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။.

Ref;inspiringcave

Did you find apk for android? You can find new Free Android Games and apps.
Loading