ခရစ်စမတ်ပွဲတော်ဟာ ခရစ်ယာန် ဘာသာဝင်တွေရဲ့ အလေးထားရာ ပွဲတော်ဖြစ်သလို အခုဆိုရင် ကမ္ဘာအရပ်ရပ်က လူတွေက ခရစ်စမတ်ပွဲတော်ကို ဆင်နွှဲဖို့ စိတ်လှုပ်ရှားနေကြပါပြီ။ နေရာတိုင်းက သစ်ပင်တွေမှာ မီးသီး မီးလုံးတွေနဲ့ အလှဆင်ထားကြသလို အခုဖော်ပြပေးမယ့် မြို့တွေကတော့ သင်ကိုယ်တိုင် သွားရောက်ပြီး ခရစ်စမတ်ပွဲတော်ကို ဆင်နွှဲချင်စိတ်ဖြစ်ပေါ်လာအောင် ဆွဲဆောင်ထားနိုင်မှာပဲ ဖြစ်ပါတယ်။
(၁) Prague, Czech Republic
Prague ရဲ့ ခရစ်စမတ်ပွဲတော်ဟာ ဥရောပမှာတော့ နာမည်အကြီးဆုံးဖြစ်ပြီး ရိုးရာယဉ်ကျေးမှုတွေနဲ့ အရသာရှိတဲ့ အစားအစာတွေကို လမ်းတလျှောက်မှာ လေ့လာမြည်းစမ်းရမှာဖြစ်ပါတယ်။ ရှေးဟောင်းလက်ရာ အဆောက်အဦတွေနဲ့အတူ သင်ဟာ နတ်သမီးတွေရဲ့ကမ္ဘာထဲ ရောက်သလို ခံစားရမှာပါ။
(၂) Vienna, Austria
Vienna မြို့ထဲမှာတော့ ပွဲတော်အတွက် ဈေးဝယ်လို့ ရသလို ပျော်ပွဲရွှင်ပွဲတွေလည်း များစွာရှိပါတယ်။ ပြီးရင် ခရစ်စမတ်လိုနေ့မျိုးမှာ Snow Globe ပြတိုက်ကိုလည်း သွားရောက်လည်ပတ်ကြပါတယ်တဲ့။
(၃) Cologne, Germany
Cologne မှာက ရင်သပ်ရှုမောဖွယ်ရာ ဘုရားကျောင်းတွေနဲ့အတူ Gothic ဒီဇိုင်းဖန်တီးထားတဲ့ အဆောက်အဦတွေလည်း များစွာ ရှိပါတယ်။ Cologne က ခရစ်စမတ်ပွဲဟာ ဂျာမနီ နိုင်ငံမှာတော့ နာမည်အကြီးဆုံးတခု ဖြစ်ပါတယ်။
(၄) Strasbourg, France
UNESCO အသိအမှတ်ပြု ရှေးဟောင်းမြို့တခုဖြစ်တဲ့အပြင် ပြင်သစ်ရဲ့ရှေးအကျဆုံး ခရစ်စမတ်မြို့တော်တခုလည်း ဖြစ်ပါတယ်။ ဘုရားကျောင်းဘေးနားမှာ သစ်သားဈေးဆိုင်ပေါင်း ၃၀၀ ကျော်ရှိလို့ Carol သီချင်းဆိုသံတွေနဲ့အတူ ဝိုင်တွေကိုလည်း ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
(၅) Wroclaw, Poland
ခရစ်စမတ် အားလပ်ရက်တွေမှာ လည်ပတ်ဖို့အတွက် ပိုလန်က စတုတ္ထအကြီးဆုံးဖြစ်တဲ့ Wroclaw မြို့မှာ ၁၆ ရာစုလောက်က အပြင်အဆင်နဲ့ ခရစ်စမတ်ကို တွေ့ရမှာဖြစ်ပါတယ်။
(၆) London, England
ခရစ်စမတ်မှာ လန်ဒန်ကို သွားရောက် လည်ပတ်မယ်ဆိုရင် St.Paul ဘုရားကျောင်း၊ Kew Gardens တို့ကိုလည်း လည်ပတ်ဖို့ မမေ့သင့်တဲ့အပြင် လက်လုပ်သစ်သားရုပ်၊ ဆူရှီနဲ့အခြား မုန့်မျိုးစုံအပြင် ယဉ်ကျေးမှုအတွက် ပြင်ဆင်ပြသထားတာတွေကိုပါ လေ့လာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။
(၇) Tallinn, Estonia
ပုံထဲကမြို့လေးကို ကြည့်လိုက်တာနဲ့ ကလေးတွေရဲ့ ပုံပြင်စာအုပ်ထဲက မြို့ကလေးကိုသွားမြင်နေရသလိုပါပဲ။ ဒါ့အပြင်သူက UNESCO က အကာအကွယ်ပေးထားတဲ့ ရှေးဟောင်းမြို့လေးတမြို့လည်း ဖြစ်ပါတယ်။ လက်လုပ်သစ်သားဆိုင်လေးမှာ မုန့်နဲ့ အဝတ်အထည်တွေဝယ်ယူနိုင်ပါတယ်။ သင်သာ သွားလည်မယ်ဆိုရင်တော့ ပုံပြင်စာအုပ်ထဲရောက်သွားသလို ခံစားရမှာပါ။
အခုဖော်ပြသွားတဲ့မြို့တွေလိုပဲ နောက်ထပ်လှပတဲ့ နေရာတွေလည်း အများကြီး ရှိပါသေးတယ်။ သင်သာဆိုရင်ကော ဘယ်မြို့ကို သွားရောက် လည်ပတ်ချင်ပါသလဲ။
Ref : travelaway.me