၂၀၁၈ ခုနှစ် ကုန်ခါနီး ရောက်လာပြီဆိုတော့ ၂၀၁၉ ခုနှစ်မှာ ခရီးထွက်ဖို့ စီစဉ်နေသူတွေ ရှိမှာပါ။ ဒီလိုလူတွေအတွက် Airbnb က လမ်းညွှန်ထားပေးတဲ့ နေရာတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါတွေကို မပြောခင်မှာ Airbnb ဆိုတာ ဘာလဲ ဆိုတာ အရင် မိတ်ဆက်ပေးချင်ပါတယ်။
Airbnb ဆိုတာ နိုင်ငံပေါင်း ၁၉၀ ကျော်မှာ ရှိတဲ့ မြို့ပေါင်း ၃ သောင်း ၄ ထောင်ကျော်ကို လည်ပတ်ဖို့ ချိတ်ဆက်ထားပေးတဲ့ Website တခု ဖြစ်ပါတယ်။ ဒီ Website မှာ သင်သွားချင်တဲ့ နိုင်ငံ၊ မြို့နယ်တွေက နေထိုင်စရာတွေကို ရှာဖွေပေးပြီး Booking လုပ်ပေးတာကြောင့် အသုံးပြုသူ အလွန်များတဲ့ Website တခုလည်း ဖြစ်ပါတယ်။
ဒါကြောင့် ဒီတခါမှာ Airbnb က ၂၀၁၉ခုနှစ်မှာ လည်ပတ်ဖို့ သတ်မှတ် ညွှန်းဆိုပေးတဲ့ နေရာတွေကို ဖော်ပြပေးချင်ပါတယ်။ စနစ်တကျ သုသေသန ပြုလုပ်ထားတဲ့ နေရာတွေကိုသာ Airbnb က စာရင်းထုတ်ပြခဲ့တာ ဖြစ်ပါတယ်။
(၁) Kaikoura, New Zealand
နံပါတ် ၁ နေရာမှာတော့ နယူးဇီလန်နိုင်ငံက မြို့တမြို့ဖြစ်တဲ့ Kaikoura က ရရှိထားပါတယ်။ နယူးဇီလန် တောင်ဖက် ကမ်းရိုးတန်းမှာ ရှိတဲ့ ဒီမြို့ဟာ ၂၀၁၆ ခုနှစ်က ငလျင်ဒဏ်အကြီးအကျယ် ခံရပြီး သမိုင်းဝင်အဆောက်အဦအချို့ ပျက်ဆီးခဲ့ပေမယ့် ခရီးသွားဧည့်သည်နှုန်းကတော့ မြင့်တက်နေဆဲ ဖြစ်ပါတယ်။ အဓိကအားဖြင့် ဝေလငါးအလှပြပွဲတွေ ကို ကြည့်ရှုကြပြီး ကမ်းရိုးတန်းအလှကို ခံစားဖို့ လာကြတယ်လို့ ဖော်ပြထားပါတယ်။
(၂) Xiamen, China
နယူးဇီလန်ရဲ့ နောက်မှာတော့ တရုတ်ပြည်ရဲ့ Xiamen က လည်ပတ်မှု အများဆုံး နေရာကို ယူထားတာကို တွေ့ရပါတယ်။ ကိုလိုနီခေတ် အဆောက်အဦတွေ အများအပြားရှိတဲ့ ဒီမြို့ဟာ ကမ္ဘာစစ်အတွင်း ပါဝင်ခဲ့ရတဲ့ မြို့လည်း ဖြစ်ပါတယ်။
သင်္ဘောဆိုက်ရာ ဖြစ်တဲ့ ဒီမြို့မှာ ယူနက်စကိုက ကမ္ဘာအမွေအနှစ် အဖြစ် သတ်မှတ်ထားတဲ့ အဆောက်အဦ၊ ပြတိုက်နဲ့ စစ်ကြီး အတွင်းမှာ အင်္ဂလန်တွေ တပ်ဆုတ်ပြေးခဲ့ရာနေရာတွေလည်း ရှိတာကြောင့် ခရီးသွားများရဲ့ စိတ်ဝင်စားခြင်းကို ခံရတဲ့ မြို့ဖြစ်ပါတယ်။ တရုတ်ပြည် အရှေ့တောင်ဖက်မှာ ရှိတဲ့ ဒီမြို့ဟာ တရုတ်နိုင်ငံရဲ့ လည်ပတ်စရာ အကောင်းဆုံးမြို့တွေထဲက တမြို့လည်းဖြစ်ပါတယ်။
(၃) Puebla, Mexico
နံပါတ် ၃ နေရာကိုတော့ မက္ကဆီကိုမြို့ကနေ ၃ နာရီသာ ကားမောင်းပြီး သွားရတဲ့ Puebla က နေရာယူထားပါတယ်။ ဒီမြို့မှာ ရှေးဟောင်း Church ပေါင်း ၃၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။ မက္ကဆီကို နိုင်ငံရဲ့ တခြားမြို့တွေနဲ့ မတူတာကတော့ ဒီမြို့ကို လည်ပတ်သူတွေဟာ ဟင်းချက်နည်း သင်တန်းတွေကို အဓိကထားသွားတက်ကြတာ ဖြစ်တယ်လို့ သိရပါတယ်။
Airbnb ကို အသုံးပြုသူတွေဆီက ကောက်ယူထားတဲ့ စစ်တမ်းအရ ဒီမြို့တွေဟာ ခရီးသွားတွေ အသွားချင်ဆုံးမြို့တွေထဲမှာ ပါနေတာပါပဲ။ ဒီ ၃ မြို့ရဲ အကြောင်းတွေကိုတော့ အသေးစိတ်ရေး ထုတ်ပြန်ထားပြီး ကျန်တဲ့ မြို့ စာရင်းကို ဖော်ပြပေးထားတာကိုလည်း တွေ့ရပါတယ်။
ဖော်ပြပေးထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံကတော့ ပါဝင်နေခြင်း မရှိတာ တွေ့ရပါတယ်။ တကယ်လို့ သင်ဟာ ကမ္ဘာပတ်ပြီး ခရီးထွက်ချင်တယ်။ မြန်မာနိုင်ငံက ခရီးသွားလုပ်ငန်းတွေကို မသုံးဘဲ ကိုယ့်ဘာသာကိုယ် ရှာဖွေပြီး သွားရတာကို ကြိုက်သူဆိုရင်တော့ Airbnb ကို အသုံးပြုဖို့ တိုက်တွန်းရင်း ၂၀၁၉ ခုနှစ်အတွက် ထုတ်ပြန်ထားတဲ့ မြို့တွေကို ဖော်ပြပေးလိုက်ပါတယ်။
(၄) Normandy, France
(၅) Great Smoky Mountains, United States
(၆) Buenos Aires, Argentina
(၇) Accra, Ghana
(၈) Mozambique
(၉) Outer Hebrides, Scotland
(၁၀) Wakayama Prefecture, Japan
(၁၁) Catskill Mountains and the Hudson Valley, United States
(၁၂) Santa Catarina State, Brazil
(၁၃) Batumi, Georgia
(၁၄) Winnipeg, Canada
(၁၅) Pondicherry, India
(၁၆) Uzbekistan
(၁၇) Calabria, Italy
(၁၈) Andalusia, Spain
(၁၉) Taiwan
Ref; Airbnb