ခရီးသွား ဝါသနာပါသူတွေအတွက် အရှေ့တောင်အာရှမှာ လည်ပတ်စရာ ထူးထူးဆန်းဆန်း နေရာတွေ အများကြီးရှိပါတယ်။ အဲဒီနေရာတွေထဲကမှ လူသိသိပ်များတဲ့ နေရာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) Bokor Hill
ကမ္ဘောဒီးယားနိုင်ငံ ၊ Kampot အရပ်က Bokor တောင်ပေါ်မှာ စွန့်ပစ်ထားတဲ့ အဆောက်အဦတလုံး ရှိပါတယ်။ ဒါဟာ အရှေ့တောင်အာရှနိုင်ငံသားတွေအနေနဲ့ လုပ်လေ့လုပ်ထ မရှိတဲ့ အရာတခုပါပဲ။ ဒီစွန့်ပစ်ထားတဲ့ ဒီအဆောက်ဦဟာ ကြက်သီးထဖွယ်ရာ ကောင်းနေပေမယ့် တချိန်တုန်းကတော့ အလွန်ခံ့ညားခဲ့ပုံပါ။
ဒီအဆောက်အဦကိုတော့ ပြင်သစ် ကိုလိုနီတွေက နွေရာသီမှာ အပူရှောင်ဖို့ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဆောက်အဦကို တည်ဆောက်နေတုန်းက ထူးခြားတာတွေဖြစ်ခဲ့ပါတယ်။ အဲဒါကတော့ ဒီအပန်းဖြေ အဆောက်အဦကို တည်ဆောက်နေတဲ့ ၉ လတာကာလအတွင်း အလုပ်သမားပေါင်း ၉ ရာကျော်ပျောက်ဆုံးခဲ့ရတဲ့ အကြောင်းပါ။
(၂) Phranang Cave Beach
အရှေ့တောင်အာရှရဲ့ထူးထူးဆန်းဆန်း နေရာအကြောင်းပြောရင် ထိုင်းနိုင်ငံ၊ Phranang ကမ်းခြေက လိုဏ်ဂူတခုက မပါမဖြစ်ပါ။ ဒီလိုဏ်ဂူကတော့ သားဆုပန်ရာနေရာနဲ့ အခြားကံကောင်းခြင်းတွေကို ယူဆောင်ပေးရာနေရာလို့ ထိုင်းလူမျိုးတွေ ယုံကြည်ခဲ့တဲ့ နေရာတနေရာပါ။ ဒါပေမဲ့လည်း ဒီနေရာဟာ အခုဆိုရင်တော့ အမျိုးသားလိင် အင်္ဂါတွေနဲ့ ပြည့်နေတဲ့ ဂူလေးတဂူ ဖြစ်သွားခဲ့ပါပြီ။ ကြောက်လန့်စရာအသွင်ကိုသာ ဆောင်နေခဲ့ပါပြီ။
(၃) Buddha Park
နောက်ထပ် တနေရာကတော့ ဗုဒ္ဓရုပ်ပွားတော်တွေကို ထုလုပ်ထားတဲ့ နေရာတနေရာပါ။ ဒီနေရာကတော့ လာအိုနိုင်ငံထဲမှာ ရှိပါတယ်။ ဒီပန်းခြံထဲမှာဆိုရင်တော့ ဗုဒ္ဓရုပ်ပွားတော်တွေတင် မဟုတ်ဘဲ ဟိန္ဒူဘာသာဝင်တွေရဲ့ နတ်ဘုရားပေါင်းမြောက်မြားစွာ ထုလုပ်ထားပါတယ်။ ဒီနေရာကို အလည်သွားမယ်ဆိုရင်တော့ အချိန်အတော်ပေးပြီး လည်ပတ်နိုင်ပါမှ အဆင်ပြေပါတယ်။ ဒီနေရာဟာ ရုပ်ပွားတော်တွေများစွာ ရှိတဲ့အတွက် မမေ့လျော့သင့်တဲ့ နေရာ တနေရာပါ။
(၄) Plain of Jar
နောက်ထပ် နေရာတနေရာကလည်း အိုးလွင်ပြင်လို့တောင် ခေါ်နိုင်တဲ့ နေရာတနေရာပါ။ အဲဒီနေရာကတော့ လာအိုနိုင်ငံ Phonsavan မှာ ရှိပါတယ်။ ဒီနေရာကကလည်း အရှေ့တောင်အာရှရဲ့ နေရာဆန်းဆန်းလေးတခုပါ။ ဒီလောက်များပြားတဲ့ ကျောက်အိုးတွေကို ကမ္ဘာရဲ့ ဘယ်နေရာမှာမှ တွေ့နိုင်မှာ မဟုတ်ပါဘူး။
ဒီလောက်များပြားတဲ့ ကျောက်အိုးတွေကို ဘယ်သူတွေက ဒီတောင်စောင်းပေါ်မှာ ဘယ်သူတွေက လာထားသွားကြတာလဲဆိုတဲ့ ပဟေဠိကိုလည်း အခုထိ ဘယ်သူမှ မသိကြပါဘူး။ ဒီနေ့ခေတ်မှာတော့ ဒီနေရာဟာ သင်္ချီုင်းအဖြစ် အသုံးပြုခဲ့တာ ဖြစ်နိုင်တယ်ဆိုတာမျိုး ပြောဆိုနေကြပေမယ့် မေးခွန်းပေါင်း သောင်းခြောက်ထောင်နဲ့ အဖြေပေါင်းကလည်း သောင်းခြောက်ထောင်ပါပဲ။
Ref : whereintheworldisnina3