မဲခေါင်မြစ်အနောက်ဖက်ကမ်းနဲ့ Paske တောင်ဖက်ပိုင်းမှာ ပျက်စီးနေပြီဖြစ်တဲ့ ရှေးဟောင်း ခမာဘုရားကျောင်းကြီး တွေရှိပြီး လာအိုလို Wat Phou လို့ခေါ်ပါတယ်။
အင်္ဂလိပ်လိုဆိုရင်တော့ Mountain Temple ပါ။ အဲဒီ ရှေးဟောင်းကျောင်းတော်ကြီးတွေဟာ ကမ္ဘာ့အမွေအနှစ်စာရင်း ထဲ ပါဝင်ပါတယ်။ ဒီ Wat Phou ကျောင်းတော်တွေဟာ လာအိုနိုင်ငံတောင်ပိုင်းမှာ တည်ရှိပြီး ခမာဟိန္ဒူ ဘုရားရှိခိုးကျောင်းတွေပါပဲ။
ဒီကျောင်းတော်ကြီးတွေ တည်ဆောက်ခဲ့ရာကာလကိုတော့ အေဒီ ၁၀ရာစုနဲ့ ၁၁ရာစုကြား လို့ ခန့်မှန်းကြပါတယ်။ ဒီကျောင်းတော်ကြီးတွေဟာ ကမ္ဘောဒီးယားနိုင်ငံမှာရှိတဲ့ Angkor Wat ကျောင်းတော်ရာတွေထက် ပိုပြီးရှေးကျ ပါသေးတယ်။ Angkor Wat ကျောင်းတော်ရာတွေကိုတော့ အေဒီ ၁၂ ရာစု ပထမပိုင်းနှစ်ကာလတွေလောက်က တည်ဆောက်ခဲ့တာပါ။
လာအိုနိုင်ငံမှာရှိတဲ့ Wat Phou ကျောင်းတော်ရာတွေဟာ ဟိန္ဒူနတ်ဘုရားတဆူဖြစ်တဲ့ Shiva ( သီဝ ) နတ်ဘုရားကို ရည်ရွယ်ဆောက်လုပ်ခဲ့တာပါ။ ၁၃ရာစုလောက်မှာတော့ ဗုဒ္ဓကျောင်း တော်အဖြစ် အသွင်ပြောင်းလဲလာခဲ့ပါတယ်။ အဲဒီအချိန်ကနေစပြီး Wat Phou ကျောင်းတော်ရာ တွေဟာ လာအိုနိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ၊ ဝတ်ပြုကိုးကွယ်ရာ နေရာတခု ဖြစ်လာခဲ့ပါတယ်။
ဒီအဆောက်အဦတွေဟာ အရှေ့တိုင်းရဲ့ ရှေးအကျဆုံးအဆောက်အဦတွေဖြစ်ပြီး ခမာအင်ပါယာရဲ့ မြင့်မြတ်တဲ့ ဘာသာရေးအဆောက်အဦတွေ ဖြစ်ခဲ့ပါတယ်။ Wat Phou ကျောင်းတော်ရာတွေဟာ လာအိုနိုင်ငံရဲ့ Phu Kao တောင်ခြေမှာ ရှိပါတယ်။
Pho Kao တောင်ပေါ်က လှမ်းကြည့်မယ်ဆို ရင်တော့ လွင်ပြင်စိမ်းစိမ်းတွေနဲ့ မဲခေါင်မြစ်အလှကိုမြင်နိုင်ပါလိမ့်မယ်။
နှစ်စဉ်နှစ်တိုင်းမှာလည်း Wat Phou ဘုရားကျောင်းတော်တွေမှာ သက်ဆိုင်ရာဘာသာရေး အလိုက်ပွဲတော်တွေရှိပြီး Boun Wat Phou Champasak လို့ ခေါ်ပါတယ်။ ပွဲတော်ကျင်းပရာ ၃ရက် တာကာလအတွင်းမှာတော့ လာအိုနိုင်ငံက ထောင်ပေါင်းများစွာသော ဗုဒ္ဓဘာသာဝင်တွေဟာ ဘုရားကျောင်းကို ရှိခိုးဖို့လာရောက်ကြပြီး ကံကောင်းခြင်းနဲ့ စည်းစိမ်ချမ်းသာတွေပေးဖို့ ဆုတောင်း လေ့ရှိကြပါတယ်။
ပွဲတော်ကျင်းပရာကာလမှာတော့ မြေပြင်တခုလုံးဟာ စားသောက်စရာတွေ အပြည့်ဖြစ်နေပါတယ်။ ဒါ့အပြင် လာအိုရိုးရာ ဂီတ အကနဲ့ အခြားဖျော်ဖြေပွဲတွေလည်း ပါဝင်တတ်ပါသေးတယ်။
Wat Phou ကျောင်းတော်ဟာ မဲခေါင်မြစ်အနောက်ဖက်ကမ်းမှာရှိပြီး Pakse တောင်ပိုင်း ကနေ ၄၅ကီလိုမီတာ ဝေးပါတယ်။ နေ့စဉ် မနက် ၈နာရီကနေ ညနေ ၄နာရီခွဲအထိ လာရောက်လည်ပတ်နိုင်ဖို့ ဖွင့်လှစ်ပေးထားပါတယ်။ တဦးကို လာအိုပိုက်ဆံ ၃၀၀၀၀ Kip နဲ့ သွားရောက်လည်ပတ် နိုင်မှာဖြစ်ပါတယ်။
Ref : renown-travel