ဇန်နဝါရီလမှာဆိုရင်တော့ အာရှမှာ ထင်ရှားတဲ့ ပွဲတော်ကြီး ၂ခုရှိပါတယ်။ အဲဒါကတော့ အိန္ဒိယနိုင်ငံမှာကျင်းပမယ့် ရေချိုးပွဲနဲ့ ဂျပန်နိုင်ငံမှာကျင်းပမယ့် Toka Ebisu ပွဲတော်ပါပဲ။
ဒီပွဲတော်ကြီး တွေဟာ ဘာသာရေးပွဲတော်တွေဖြစ်တာနဲ့အညီ မတူကွဲပြားတဲ့ လူတွေရဲ့ ရိုးရာယုံကြည်မှုတွေကို ဖော်ပြနေတဲ့ပွဲတော်တွေလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာအနှံ့ကလူတွေဟာ ဒီပွဲတော် ကိုဆင်နွှဲဖို့ သွားရောက်လေ့ရှိကြပါတယ်။
(၁) Kumbh Mela , India
ဇန်နဝါရီလထဲမှာ အသွားသင့်ဆုံးနေရာကတော့ အိန္ဒိယနိုင်ငံက Kumbh Meala ပါပဲ။ ဒီနေရာကို ဘာလို့သွားသင့်လဲ ဆိုတော့ ကမ္ဘာ့အကြီးမားဆုံး ဘာသာရေးပွဲတော်ကြီးကျင်းပနေတာကို ကြုံတွေ့ ခွင့်ရမှာ ဖြစ်တဲ့အတွက်ကြောင့်ပါပဲ။ ဒီဘာသာရေးပွဲတော်ကိုတော့ ၂၀၁၉ ဇန်နဝါရီ ၁၅ ရက်နေ့ကနေ မတ်လ ၄ရက်နေ့အထိကျင်းပမှာ ဖြစ်ပါတယ်။
သန်းပေါင်းများစွာသော ဟိန္ဒူဘာသာကိုးကွယ်သူတွေဟာ မသန့်ရှင်းတဲ့စိတ်ပိုင်းဆိုင်ရာ အညစ်အကြေးတွေနဲ့ မကောင်းမှုအကုသိုလ်တွေကိုဆေးကြောဖို့ Allahabad မြစ်ကမ်းပါး ကို စု ဝေးရောက်ရှိ လာကြပြီး မြင့်မြတ်တဲ့ ရေချိုးပွဲတော်ကို ဆင်နွှဲကြပါတယ်။
ဒီပွဲတော်ကိုတော့ ၆နှစ်၁ကြိမ်သာ ကျင်းပကြတာဖြစ်ပြီး လူတွေရဲ့ ရိုးရာယုံကြည်မှုနက်ရှိုင်း ပုံကို ဖော်ပြတဲ့ပွဲလည်း ဖြစ်ပါတယ်။
ဒီပွဲတော်မှာဆိုရင်တော့ အဝတ်မဝတ်တဲ့ ဆာဒူးတွေ ၊ နောင်တရနေတဲ့ဒုစရိုက်သမားတွေ ၊ ဘုရားဖူးခရီးသည်တွေဟာ ရေချိုးပွဲတော်ကြီးကို ဆင်နွှဲကြပါတယ်။
ဒီပွဲတော်မှာဆိုရင်တော့ ထောင် ချီတဲ့ ရိုးရာယုံကြည်မှုတွေကို တွေ့ရမှာအမှန်ပါပဲ။ ဒီပွဲတော်ဟာဆိုရင်တော့ လူသားတွေရဲ့ ငြိမ်းချမ်း ရေးမြင့်တင်မှု ၊ စိတ်နှလုံးခြင်းပူးပေါင်းနိုင်မှုကိုဖော်ပြနေတဲ့ ပွဲတော်တခုပါပဲ။
(၂) Toka Ebisu Festival , Japan
ဇန်နဝါရီလအတွက် နောက်ထပ်ပွဲတော်တခုကတော့ ဂျပန်နိုင်ငံက Toka Ebisu ပွဲတော်ပါ ပဲ။ ဒီပွဲတော်ကိုတော့ ဇန်နဝါရီ ၉ ရက်နေ ၁၁ နေ့အထိ ကျင်းပမှာဖြစ်ပြီး တနှစ်ပတ်လုံးအတွက် ကံကောင်းခြင်းတွေကို ယူဆောင်လာပေးတယ်လို့ ဂျပန်နိုင်ငံသားတွေက ယုံကြည်ကြပါတယ်။
ဒီပွဲတော်ဟာ ရှင်တိုဘာသာရေးပွဲတော်ဖြစ်ပြီး Osaka,Kyoto,Fukuoka မြို့တွေမှာ ကျင်းပကြမှာပါ။ ထောင်ပေါင်းများစွာသောဂျပန်နိုင်ငံသားတွေဟာ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေစေနိုင်ဖို့ ဆုတောင်းကြပါတယ်။
များသောအားဖြင့်ကတော့ ကံကောင်းခြင်းနဲ့စီးပွားဥစ္စာ ကိုပေးတယ်လို့ယုံကြည်ထားကြတဲ့ Fuku-Zasa လို့ခေါ်တဲ့ဝါးရွက်တွေကို ဝယ်ယူကြတာပါပဲ။
ဒီပွဲတော်ဘာသာရေးပွဲတော်တခုဖြစ်တာနဲ့အညီ Ebisu နတ်ဘုရားအတွက် ရည်ရွယ်ကျင်းပ ကြတာပါပဲ။ ဂျပန်တွေမှာ ရိုးရာနတ်ဘုရား ၇ပါးရှိတဲ့အထဲ Ebisu လည်း ပါဝင်ပါတယ်။ Ebisu ဟာ ချစ်ခင်ခြင်းနတ်ဘုရားတပါးဖြစ်ပြီး ကံကောင်းခြင်းတွေကိုပဲပေးတယ်လို့ယုံကြည်ထားကြပါတယ်။
Ref: kiwi