အာဖရိကတိုက်ဟာ လှပတဲ့ သဘာဝရှုခင်း၊ သမိုင်း၊ ယဉ်ကျေးမှုတွေမှာ ကိုယ်ပိုင်လက္ခ ဏာ အသီးသီး ရှိနေတဲ့ တိုက်တတိုက် ဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၉ ခုနှစ်မှာ အာဖရိကကို ခရီးထွက်မယ်ဆိုရင် ဘယ်နိုင်ငံတွေကို သွားလည်သင့်သလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။
(၁) Morocco
ပထမဆုံး သွားရောက်လည်ပတ်သင့်တဲ့ နိုင်ငံကတော့ Morocco နိုင်ငံပါ။ Morocco နိုင်ငံ ဟာ အတ္တလန္တိတ်သမုဒ္ဒရာ၊ မြေထဲပင်လယ်တို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။ Marocco နိုင်ငံဟာ တမူထူးခြားတဲ့ ပင်လယ်ဆိပ်ကမ်းမြို့တွေနဲ့ ဆီးနှင်းတွေ ကျနေတတ်တဲ့ တောင်တန်းမြို့တော်တွေနဲ့ နိုင်ငံတနိုင်ငံပါ။ ဒီနိုင်ငံကိုတော့ ဆုတောင်းခြင်းနဲ့ ဆိုင်တဲ့ကိစ္စတွေကို ဆောင်ရွက်ကြဖို့ လူတွေ လာရောက်ကြပါတယ်။
Morocco နိုင်ငံမှာဆိုရင်တော့ ဘယ်နေရာကိုပဲသွားသွား ဥရောပ ယဉ်ကျေးမှုနဲ့ အာရပ်ယဉ်ကျေးမှုတွေအတူ ပေါင်းစုံ စီးဆင်းနေတာကို မြင်ရမှာပါ။ ဒါဟာ ခေတ်ဟောင်းနဲ့ ခေတ်သစ်ကို ပေါင်းစပ်ထားတဲ့ လက္ခဏာတရပ်ပါပဲ။ ပညာရှင်တွေ ပြောဆိုနေကြတဲ့ ယဉ်ကျေးမှုပျော်ဝင်အိုးပါ။ Morocca နိုင်ငံကိုရောက်ပြီဆိုရင်တော့ Marrakesh မြို့ကို သွားရောက်လည်ပတ်ဖို့ မမေ့လိုက်ပါနဲ့။
(၂) Ethiopia
Ethiopia နိုင်ငံကတော့ ရှေးရိုးစွဲ နိုင်ငံတနိုင်ငံပါ။ ရှေးဟောင်းသုတေသန တူးဖော်မှုတွေ အရ နှစ်သန်းပေါင်း ၃ သန်းကျော်လောက်က ဗိသုကာလက်ရာတွေကို မြင်တွေ့ရမှာဖြစ်တဲ့အပြင် Lalibela မြို့ မှာဆိုရင်တော့ ၁၂ ရာစုလောက်က တည်ဆောက်ခဲ့တဲ့ Churches တွေကိုလည်း မြင်နိုင်ပါသေးတယ်။
Aksum မြို့တော်ကတော့ ရှေးဟောင်းမြို့တော်ပါ။ ဒါက သမိုင်းကို စိတ်ဝင်စားသူတွေ အတွက်ပါ။ တကယ်လို့ သဘာဝရှုမျှော်ခင်းတွေကို လေ့လာချင်တယ်ဆိုရင် Simien Mountains National Park နဲ့ Nechisar National Park လို နေရာမျိုးကို လည်ပတ်သင့်ပါတယ်။
(၃) Seychelles
Seychelles ရဲ့ ဂုဏ်သတင်းကတော့ ကျေးလက်တောရွာတွေပါ။ ကမ္ဘာမှာ စိတ်ချမ်းသာ စရာ အကောင်းဆုံး ကျေးလက်တွေဟာ Seychelles မှာပဲ ရှိပါတယ်။ အဲဒီကျေးလက်တွေမှာဆိုရင်တော့ စိတ်အပန်းပြေစရာ ကမ်းခြေကောင်းကောင်းတွေနဲ့ စူးစမ်းလေ့လာချင်စရာ သဘာဝတွေကလည်း ပေါများလွန်းပါတယ်။
သေးငယ်လှပတဲ့ ကျွန်းပေါင်းများစွာဟာ သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းထား နိုင်တုန်းပါ။ အဲဒီကျွန်းငယ်ကလေးတွေဟာ တိတ်ဆိတ်သလို ရှေးကျတဲ့ ယဉ်ကျေးမှုတွေကို ထိန်းသိမ်းထားနိုင်တာ တွေ့နိုင်ပါတယ်။ မဖြစ်မနေ သွားရောက် လည်ပတ်သင့်တာကတော့ မယုံနိုင်စရာကောင်းလောက်အောင် လှပတဲ့ Curieuse ကျွန်းနဲ့ Sainte Anne National Park တို့ပါပဲ။
(၄) Namibia
Namibia နိုင်ငံကတော့ Botswana နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံ တနိုင်ငံဖြစ်ပြီး တောရိုင်း တိရစ္ဆာန်ပေါကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ စွန့်စားခန်းခရီး ထွက်ရင်းနဲ့ အာဖရိကရဲ့ရှုခင်းတွေကို လေ့လာနိုင်ပါလိမ့်မယ်။ Etosha အမျိုးသားဥယျာဉ်မှာဆိုရင် ကိုယ်ပိုင်ခြံကလေးတွေထဲ နေထိုင်ကြတဲ့ နို့တိုက် သတ္တဝါပေါင်း ၁၁၄ မျိုးလောက်ကို တွေ့နိုင်မှာဖြစ်သလို ငှက်မျိုးစိတ်ပေါင်း ၃၀၀ ကျော်လောက်ကိုလည်း တွေ့နိုင်ပါသေးတယ်။
မမေ့ထားသင့်တာတခုကတော့ Namib သဲကန္တာရထဲ ဆိုင်ကယ်ဖြတ်မောင်းခဲ့ဖို့ပဲ ဖြစ်ပါတယ်။ နောက်ထပ် နေရာကတော့ ဝိဉာဉ်မြို့တော်လို့ နာမည်ကြီးတဲ့ Kolmanskop နဲ့ တောလိုက်ကျားသစ်တွေ ထိန်းသိမ်း စောင့်ရှောက်ရေးအတွက် ရန်ပုံငွေ ရှာဖွေနေတဲ့ Cheetah Conservation Fund ပါ။
Ref : handluggageonly.co.uk