Travel

အီတလီနိုင်ငံရဲ့ ထင်ရှားတဲ့ မြို့များအကြောင်း

Want create site? Find Free WordPress Themes and plugins.

အီတလီနိုင်ငံဟာ ဥရောပမှာတင်မက ကမ္ဘာမှာပါ ကျော်ကြားတဲ့ နိုင်ငံတနိုင်ငံပါ။ ကက်သလစ်ဘာသာရဲ့ နာမည်ကျော် ဗာတီကန်နန်းတော်ကြီးကလည်း အီတလီနိုင်ငံအတွင်းမှာ တည်ရှိပါတယ်။ ဗာတီကန် နန်းတော်ကြီးအပြင် အခြားကျော်ကြားတဲ့ အီတလီနိုင်ငံရဲ့ မြို့တော်တွေကိုလည်း ဖော်ပြပေးချင်ပါသေးတယ်။

(၁) Naples

အီတလီနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ Naples မြို့ကတော့ ကမ္ဘာ့စီးပွားရေးမြို့တော်ပါ။ Napoli လို့လည်းသိကြတဲ့ Naples ဟာ Roma နဲ့ Milan ပြီးရင် အီတလီရဲ့ တတိယအကြီးဆုံးမြို့တော်ပါ။ ၂၀၁၇ ခုနှစ်ကတော့ လူဦးရေ ၉၆၇,၀၆၉ ဦး နေထိုင်ကြပါတယ်။

Naples မြို့ဟာ အနုပညာဆိုင်ရာ လှုပ်ရှားမှုတွေမှာ ထိပ်တန်းမြို့တမြို့ဖြစ်သလို စားသောက်ဆိုင်တွေ ၊ ညဈေးတန်းတွေကြောင့်လည်း ထင်ရှားပါတယ်။ အီတလီရိုးရာ အစားအသောက်တွေ အပြင် Naples မြို့ကလုပ်တဲ့ Pizza, Spaghetti နဲ့ Parmigiana တွေကတော့ နာမည်ကျော်ပါပဲ။ အစားအသောက်ဆိုင်ရာ ဟင်းလျာတွေမှာလည်း Naples မြို့က သန့်ရှင်းလတ်ဆတ်မှုကို အထူး အလေးထားပါတယ်။

(၂) Milan

Milan မြို့အနီးတဝိုက်တွေဟာ ဒုတိယကမ္ဘာစစ်တုန်းက စစ်ဘေးစစ်ဒဏ်ကို ခံခဲ့ရပေမယ့် အခုခါမှာတော့ Milanရဲ့ ချမ်းသာကြွယ်ဝမှုတွေကြောင့် ဥရောပရဲ့ အကြွယ်ဝဆုံး မြို့တမြို့ ဖြစ်လို့နေပါပြီ။ ခရီးသွားတွေကို အဓိကဆွဲဆောင်နေတဲ့ အချက်ကတော့ လီယိုနာဒိုဒါဗင်ချီရဲ့ ကျော်ကြားတဲ့ ပန်းချီကားတွေကြောင့်ပါ။ နောက်ထပ်က ဆွဲဆောင်ထားတာတွေကတာ့ ၁၇၇၈ ခုနှစ်က ဆောက်ခဲ့တဲ့ La Scala Opera ရုံနဲ့ ၁၅ ရာစုက တည်ဆောက်ခဲ့တဲ့ Castello Sforzesco ဘုရားရှိခိုးကျောင်းတွေကြောင့်ပါပဲ။

(၃) Pompeii

နောက်ထပ် ကျော်ကြားတဲ့မြို့တမြို့ကတော့ Pompeii ပါ။ ဒီမြို့ကိုတော့ ခရီးသွားတွေအနေနဲ့ မဖြစ်မနေ သွားရောက် လည်ပတ်လေ့ ရှိတတ်ပါတယ်။ Pompeii မြို့ဟာ ရောမရဲ့ ထင်ရှားတဲ့မြို့တမြို့ဖြစ်ပြီး မီးတောင်ပေါက်ကွဲမှု အပြီးမှာတော့ အရိုးပြာအိုးတွေကို တွေ့ရှိခဲ့ပါတယ်။ အဲဒီအရိုးပြာအိုးတွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇၀၀ ကျော်လောက်ကလို့ ခန့်မှန်းထားကြပြီး ၁၇၄၈ ခုနှစ်တုန်းက တွေ့ခဲ့တာပဲ ဖြစ်ပါတယ်။

Pompeii မြို့ဟာ ရှေးဟောင်း ရောမကမ္ဘာရဲ့ အမှတ်အသားတခုဖြစ်ပြီး ခရီးသွားတွေကတော့ ရှေးဟောင်းလမ်းမပေါ် လမ်းလျှောက်ရင်း အတိတ် တခေတ်ဆီက အကြွင်းအကျန်တွေဖြစ်တဲ့ ပေါင်မုန့်ဖိုတွေ၊ ပြည့်တန်ဆာအိမ်တွေနဲ့ ရေချိုးခန်းတွေကို လေ့လာလေ့ ရှိကြပါတယ်။

(၄) Venice

Adriatic ပင်လယ်ကမ်းခြေက ဝန်းရံပေးထားတဲ့ Venice မြို့ကတော့ ကျော်ကြားတဲ့မြို့ ဖြစ်တဲ့အပြင် အီတလီရဲ့ ပြိုင်ဘက်ကင်းတဲ့ မြို့ကလေးတမြို့ပါ။ အီတလီ အရှေ့မြောက်ပိုင်းမှာရှိပြီး သာယာလှပတဲ့ တံတားရာပေါင်းများစွာက ကျွန်းပေါင်း ၁၁၈ ကျွန်းနဲ့ ချိတ်ဆက်ထားပါတယ်။ ရေလမ်းခရီးသွားနိုင်ဖို့ဖောက်လုပ်ပေးထားတဲ့ တူးမြောင်းကြီးကလည်း Venice မြို့ကို နှစ်ပိုင်းခွဲပေးထားသလို ဖြစ်နေပါသေးတယ်။

ခရီးသွားတွေ အဓိကလည်ပတ်ကြတဲ့နေရာကတော့ Saint Mark ရင်ပြင်၊ ရှေးဟောင်းရောမ အဆောက်အဦဖြစ်တဲ့ Basilica ၊ Doge နန်းတော်နဲ့ Rialto တံတားတို့ ဖြစ်ပါတယ်။။

(၅) Rome

ရှေးဟောင်း ရောမအင်ပါယာရဲ့ မြို့တော်ဖြစ်ခဲ့ဖူးတဲ့ Rome မြို့ဟာ ခုခေတ်မှာလည်း အီတလီ အစိုးရရုံးစိုက်ရာမြို့ ဖြစ်နေတုန်းပါပဲ။ အီတလီနိုင်ငံ အလယ်ပိုင်းမှာရှိတဲ့ Rome ဟာ ခေတ်ဟောင်း အဆောက်အဦတွေ၊ ခေတ်သစ် အဆောက်အဦတွေ အားပြိုင်နေတဲ့မြို့တမြို့ ဖြစ်နေပါတယ်။ အကျော်ကြားဆုံးကတော့ ခေတ်ဟောင်းရောမလက်ရာနဲ့ တည်ဆောက်ထားခဲ့တဲ့ ဗာတီကန်နန်းတော်ကြီးပါ။ ဒီနေရာတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ ကျော် ၊ အလယ်ခေတ်ဆီက ယဉ်ကျေးမှု၊ နိုင်ငံရေးနဲ့ ဘာသာတရားတို့ရဲ့ ပင်မအချက်အချာတွေပါပဲ။

Ref : touropia

Did you find apk for android? You can find new Free Android Games and apps.
Loading