သဘာဝအလှအပတွေကြောင့် နာမည်ကြီးတဲ့ အရှေ့တောင်အာရှဟာ ယနေ့ခေတ်မှာတော့ ဈေးဝယ်ထွက်လို့ ကောင်းတဲ့အတွက် ကမ္ဘာလှည့်ခရီးသွားတွေက ပိုသဘောကျလာပါတယ်။ အခုဖော်ပြပေးမှကြတော့ အရှေ့တောင်အာရှမှာ ဈေးဝယ်ထွက်လို့ ကောင်းတဲ့ နေရာတွေပါ။
(၁) Chatuchak Market (ထိုင်းနိုင်ငံ)
ဘန်ကောက်ရဲ့ အကြီးဆုံးဈေးတဈေးဖြစ်တဲ့ Chatuchak ဈေးဟာ ခရီးသွား ဧည့်သည်တွေအတွက်သာမက ဒေသခံတွေအတွက်ပါ ဈေးဝယ်ထွက်လို့ ကောင်းတဲ့ နေရာပါ။ ဒီဈေးကြီးမှာဆိုရင် ဈေးသည် စုစုပေါင်း ၁၅၀၀၀ နီးပါး ရှိပါတယ်။ ဒီဈေးကတော့ လက်မှုပစ္စည်းတွေကို အဓိက ဝယ်ယူနိုင်တဲ့အပြင် ဒီဈေးမှာ ရောင်းတဲ့ မြင်းခွာရွက် ဖျော်ရည်ကလည်း နာမည်ကြီးပါတယ်။
(၂) Long Bein Market (ဗီယက်နမ်နိုင်ငံ)
ဗီယက်နမ် နိုင်ငံဟာ သူတို့နိုင်ငံသားတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကြောင့် ကမ္ဘာမှာ ထင်ရှားတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဗီယက်နမ်မှာဆိုရင်တော့ Hanoi မြို့လည်က Long Bein အသီးအရွက်ဈေးက အရှေ့တောင်အာရှမှာ နာမည်ကြီးပါတယ်။ မနက်အစောပိုင်းလောက်မှာပဲ ဈေးသူ ဈေးသားတွေ ၊ ဖောက်သည်တွေ၊ သယ်ယူပို့ဆောင်ရေးတွေကြောင့် ဈေးပရိဝုဏ်တခုလုံးက ပျားပန်းခတ် စည်ကားနေတတ်ပါတယ်။ တန်နဲ့ချီပြီး ရောက်လာကြတဲ့ အသီးအရွက်တွေကလည်း ဈေးတဈေးလုံး နီးပါးပါပဲ။
(၃) Luang Prabang Night Market (လာအိုနိုင်ငံ)
လာအိုနိုင်ငံကတော့ တိတ်ဆိတ်ငြိမ်သက်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး အပန်းဖြေခရီးထွက်ဖို့ အလွန်သင့်တာ်တဲ့ နိုင်ငံပါ။ နောက်ပြီး လာအိုနိုင်ငံဟာ အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ထက် လည်း လူဦးရေ ပိုနည်းပါတယ်။ ဒါပေမဲ့ ညနေ ၅ နာရီထိုးလာပြီးဆိုလာရင် Luang Prabang ညဈေးက သက်ဝင် လှုပ်ရှားစပြုလာပြီး ညသန်းခေါင် ကျော်တဲ့အထိ လူမပြတ်တော့ပါဘူး။ ဒီညဈေးကတော့ အခြား ညဈေးတွေလို မဟုတ်ဘဲ လက်မှုပစ္စည်း၊ ရိုးရာအဝတ်အစားနဲ့ အနုပညာတွေကြောင့် နာမည်ကြီးပါတယ်။
(၄) Tomohon Market (အင်ဒိုနီးရှား)
အင်ဒိုနီးရှားနိုင်ငံ၊ Sulawesi ကမ်းခြေမှာရှိတဲ့ Tomohon ဈေးကလည်း အရှေ့တောင်အာရှရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဈေးတဈေးပါ။ ဒီဈေးကတော့ သားငါးဈေးဖြစ်ပြီး ကြွက်၊ မျောက် ၊ခွေး ၊မြွေနဲ့ လင်းနို့လို အကောင်တွေကအစ ဝယ်လို့ရပါတယ်။ ဒီဈေးမှာ ဈေးဝယ်ထွက်မယ်ဆိုရင်တော့ အနည်းငယ် တုန်လှုပ်နိုင်ပါတယ်။
(၅) Kreta Ayer Wet Market (စင်ကာပူ)
ဒီဈေးကတော့ ကမ္ဘာ့ အလတ်ဆတ်ဆုံး ဈေးတခုပါ။ စားချင်တဲ့အစားအသောက်တွေ အားလုံး ရှိပါတယ်။ စင်ကာပူနိုင်ငံ အစားအသောက်တွေသာမက ကမ္ဘာအနှံ့က အစားအသောက်တွေ အားလုံးကိုပါ ရနိုင်တဲ့အပြင် အရှေ့တောင်အာရှရဲ့ အသန့်ရှင်းဆုံး ဈေးတဈေးပါပဲ။
Ref : gobackpacking