မိုးပေါ်က ကြယ်တွေကိုကြည့်ရင်း အိပ်ပျော်ချင်သူတွေအတွက် ပူဖောင်းရွက်ဖျင်တဲတွေ ရှိတဲ့ ဟိုတယ်တွေအကြောင်း ဖော်ပြပေးချင်ပါတယ်။
(၁) Bubbletent Australia
Capertree ချိုင့်ဝှမ်းမှာရှိတဲ့ Bubbletent ကတော့ Australia ရဲ့ နောက်ထပ် အပန်းဖြေစရာ နေရာလေးတနေရာပါ။ ဒီနေရာမှာဆိုရင် မြွေဘေး ကင်းဘေး မရှိဘဲ သက်သောင့်သက်သာ အနားယူအပန်းဖြေနိုင်မှာပဲ ဖြစ်ပါတယ်။ ဒီချိုင့်ဝှမ်းကနေ လှမ်းကြည့်ရင်တော့ သာယာတဲ့ သဘာဝသစ်တောကို မြင်တွေ့နိုင်မှာဖြစ်သလို လုံခြုံမှုလည်း ရှိပါတယ်။
(၂) Finn Lough Resort
အိုင်ယာလန်နိုင်ငံမှာရှိတဲ့ Finn Lough အပန်းဖြေစခန်းကတော့ အိုင်းရစ်သစ်တောတွေထဲမှာ ရှိပါတယ်။ အဲဒီနေရာဟာ ဗတ္တိဇံခံတဲ့နေရာဖြစ်သလို ကြယ်ရောင်တွေကိုငေးကြည့်ရင်း အိပ်ပျော်နိုင်မှာပဲ ဖြစ်ပါတယ်။ အမိုးခုံးပုံစံအမျိုးမျိုးကို ဆောက်လုပ်ထားတဲ့ ဒီနေရာမှာ တည်းခိုမယ်ဆိုရင်တော့ နံနက်စာကိုပါ တွဲဖက်ထား ရှိပေးထားပါတယ်။
(၃) The 5 Million Star Hotel
ဒီဟိုတယ်ကတော့ နာမည်နဲ့ အလွန်လိုက်ဖက်တဲ့ ဟိုတယ်ဖြစ်ပြီး အိုက်စလန်နိုင်ငံမှာ ရှိပါတယ်။ ဒီရွက်ဖျင်တဲတွေရဲ့ အားသာချက်ကတော့ ကြယ်ရောင်ကိုသာမကဘဲ ဆောင်းကာလမှာ ဆိုရင် Northern Lights ကိုပါ တွေ့မြင်ခွင့် ရနိုင်ပါတယ်။ နွေရာသီမှာဆိုရင်တော့ သဘာဝ သားရိုင်းတိရစ္ဆာန်တွေနဲ့ ညသန်းခေါင်အထိ ထွက်နေတဲ့ နေလုံးကြီးကို မြင်ရမှာ ဖြစ်ပါတယ်။
(၄) Nuit Nature
ပြင်သစ်နိုင်ငံမှာရှိပြီး ဥရောပရဲ့ အမြင့်ဆုံးတောင်ထွတ်ဖြစ်တဲ့ Mont Blanc ရဲ့ နေဝင်ချိန်အလှကို ငေးကြည့်နိုင်မှာပဲ ဖြစ်ပါတယ်။ နေ့ခင်းဘက်မှာဆိုရင် အနီးအနားမှာ လှည့်ပတ်ကျက်စားနေကြတဲ့ မြည်းတွေကို မြင်နိုင်မှာဖြစ်ပြီး ညဘက်မှာတော့ ကြယ်တွေစုံတဲ့ ကောင်းကင်အောက်မှာ အိပ်စက်နိုင်ပါလိမ့်မယ်။
(၅) Camp Katur
ဒီနေရာကတော့ အင်္ဂလန်မြောက်ပိုင်းက Yorkshire မှာရှိပြီး ကွဲပြားခြားနားတဲ့ ပူဖောင်းရွက်ဖျင်တဲအများအပြားကို မြင်နိုင်ပါလိမ့်မယ်။ လူ ၄ ယောက်အထိ အိပ်စက်နိုင်တဲ့ ရွက်ဖျင်တဲတွေဖြစ်ပြီး ကိုယ်ပိုင်ရေချိုးခန်းတွေလည်း ရှိပါတယ်။
(၆) Campera Hotel Burbuja
မက္ကဆီကိုနိုင်ငံမှာရှိပြီး de Guadalupe ချိုင့်ဝှမ်းမှာ ရှိပါတယ်။ တောင်ကုန်းတွေ ၊ စပျစ်ဥယျာဉ်နဲ့ သံလွင်ပင်တွေက ဝန်းရံထားပါတယ်။ ဇိမ်ခံချင်သူတွေအတွက်တော့ အလွန်သင့်တော်တဲ့ နေရာပါပဲ။
(၇) Hotek Aire de Bardenas
စပိန်နိုင်ငံမှာရှိပြီး ညမှာတော့ ကြယ်ရောင်နဲ့ အိပ်၊ မနက်မှာတော့ နေရောင်နဲ့အတူ ထရုံပါပဲ။ ဒီ ရွေလျားရွက်ဖျင်တဲတွေမှာ ဆိုရင် ဘားအသေးစားလေးတွေ ရေချိုးခန်းနဲ့ ညအိပ်မျ က်နှာဖုံးတွေလည်း ထားပေးထားပါတယ်။
Ref : standard.co.uk