ကောင်းကင်ပြာပြာတွေ အုပ်မိုးထားလေ့ရှိတဲ့ တိုကျိုမြို့ဟာ အနာဂတ်မြို့တော်ဖြစ်ပြီး ဈေး ဝယ်ထွက်ဖို့ကောင်းသလို အခြားအကြီးစားစက်မှုလုပ်ငန်းတွေနဲ့ ဖွံ့ဖြိုးနေတဲ့မြို့တမြို့ပါပဲ။ ခရီးထွက်ချင်သူတွေကလည်း တိုကျိုမြို့ကို သဘောကျကြပါတယ်။
အခုဖော်ပြပေးချင်တဲ့ တိုကျိုမြို့ရဲ့ပန်းခြံတွေ ကတော့ ပျော်ပွဲစားထွက်ဖို့ကောင်းသလို ဓာတ်ပုံရိုက်ကူးဖို့နဲ့ စိတ်အပန်းပြေစေဖို့ နေရာကောင်း တွေပါပဲ။
(၁) Shinjuku Gyoen National Garden
ဒီပန်းခြံကတော့ Shinjuku ဘူတာကနေ ဆယ်မိနစ်လောက် လမ်းလျှောက်သွားရုံနဲ့ ရောက်နိုင်တဲ့နေရာပါပဲ။ အဲဒီနေရာမှာဆိုရင်တော့ ကြီးမားကျယ်ပြန့်တဲ့ မြက်ခင်းဧရိယာတွေက ၅၈ ဒဿမ ၃ ဟက်တာ ကျယ်ဝန်းပါတယ်။ ကျယ်ပြန့်တဲ့ ရေကန်တွေ သစ်ပင်တွေကို စနစ်တကျစိုက်ပျိုးထား ပါတယ်။
အဲဒီနေရာမှာဆိုရင်တော့ ၁၆၀၃ ခုနှစ်နဲ့ ၁၈၆၈ ခုနှစ်အတွင်းက ဘုရင်ဧကရာဇ်တွေနေ ထိုင်ခဲ့ကြပြီး နောက်ပိုင်းမှာတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အမျိုးသားပန်း ခြံအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။
အဲဒီပန်းခြံကိုတော့ အပိုင်း ၃. ပိုင်းခွဲခြားပေးထားပါတယ်။ ပြင်သစ်အစောပိုင်း လက်ရာပုံစံတွေကိုလည်း တွေ့နိုင်မှာ ဖြစ်သလို အင်္ဂလိပ်ပုံစံရှုခင်းကောင်းကောင်း တွေကိုလည်း မြင်တွေ့နိုင်ပါတယ်။ နောက်ထပ်တပိုင်းကတော့ ဂျပန်ရိုးရာရှုခင်းပုံစံပါ။
ဒီပန်းခြံကိုတော့ အင်္ဂါနေ့ကနေ တနင်္ဂနွေနေ့အထိ သွားရောက်လည်ပတ်နိုင်ပြီး မနက် ၉ နာရီကနေ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပေးထားပါတယ်။
(၂) Yoyogi Park
ဒီပန်းခြံကတော့ အနောက်တိုင်းပုံစံဖြစ်ပြီး Harajuku ဘူတာကနေ ၅ မိနစ်လောက်လမ်း လျှောက်သွားရုံနဲ့ ရောက်နိုင် ပါတယ်။ Yoyogi Park ပန်းခြံကတော့ ဂျပန်နိုင်ငံရဲ့ ကျော်ကြားတဲ့ပန်းခြံတခြံဖြစ်သလို Rock ဝါသနာအိုးတွေ ၊ သီချင်းချစ်သူတွေ ၊ လူရွှင်တော်တွေ ဆုံဆည်းရာနေရာတခုလည်း ဖြစ်ပါ သေးတယ်။
(၃) Imperial Palace East Garden
ဒီပန်းခြံကိုတော့ တိုကျိုဘူတာကနေ ၁၀ မိနစ် ၁၅ မိနစ် လမ်းလျှောက်သွားလိုက်ရင်ရောက် ပါပြီ။ ဒီပန်းခြံမှာဆိုရင်တော့ Edo ရဲတိုက်ကြီးနားလမ်းလျှောက်နိုင်မှာဖြစ်သလို ဂျပန်ဘုရင်တွေရဲ့ နန်းတော်တခုလည်း ဖြစ်ပါတယ်။
အဲဒီပန်းခြံအတွင်းမှာဆိုရင်တော့ ကျောက်တုံးကြီးကြီးမားမားတွေနဲ့ တည်ဆောက်ထားတဲ့ ရဲတိုက်ကို အနီးကပ်မြင်နိုင်သလို ဘုရင်မိသားစုပိုင်ဆိုင်တဲ့ အနုပညာလက်ရာပေါင်း ၉၅၀၀ ကျော် ကိုစုစည်းထားတဲ့ ပြတိုက်တခုလည်း ရှိပါသေးတယ်။
(၄) Ueno Park
နောက်ထပ် လည်ပတ်ချင်စရာကောင်းတဲ့ပန်းခြံကတော့ Ueno ပန်းခြံဖြစ်ပြီး ပြတိုက်ပေါင်း ၆ ခုကျော်ရှိပါတယ်။ တိရိစ္ဆာန်ရုံတရုံရှိတဲ့အပြင် Toshogu ဘုန်းကြီးကျောင်းတကျောင်းနဲ့ Shinobazu ရေကန်ကြီးလည်း ရှိပါတယ်။
ဒီပန်းခြံအတွင်းမှာဆိုရင်တော့ ချယ်ရီပန်းတွေအများအပြားစိုက်ပျိုးထားပြီး နွေဦး အထိမ်း အမှတ်ပွဲတော်ကိုလည်း ကျင်းပလေ့ရှိပါတယ်။ ဒီပန်းခြံကတော့ ၁၈၇၃ ခုနှစ်မှာဆောက်လုပ်ခဲ့တာ ဖြစ်ပြီး Kan’ei-ji ဘုန်းကြီးကျောင်းရဲ့ ဝတ္တကမြေတွေပဲ ဖြစ်ပါတယ်။ အပင်ပေါင်း ၈၈၀၀ ကျော် စိုက် ပျိုးထားတဲ့အတွက်လည်း ဓာတ်ပုံဆရာတွေက ဓာတ်ပုံရိုက်ဖို့ သဘောကျကြပါတယ်။ ဆောင်းခို ငှက်အမျိုးမျိုးကိုလည်း ဒီပန်းခြံမှာ တွေ့နိုင်ပါသေးတယ်။
Ref :theculturetrip