• English
Wednesday, May 21, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

စက်တပ်လေထီး စီးနင်းခြင်းဖြင့် ခရီးသွားလုပ်ငန်း တိုးတက်အောင်လုပ်မည်ဟု ဆို

by ဒီလှိုင်းဝင်း
23 January 2019
in Travel
A A
မြန်မာနိုင်ငံလေထီးခုန်အဖွဲ့ချုပ်နှင့် ထိုင်းအခြေစိုက် ASEAN Paramotoring Club ပူးပေါင်း၍ ဇန်နဝါရီ ၂၀ရက်နေ့က ကမ္ဘာကျော် ဂုတ်ထိပ် တံတားပေါ်မှ ဖြတ်၍ စီးနင်းစဉ် / Ko Pho Lone Facebook

မြန်မာနိုင်ငံလေထီးခုန်အဖွဲ့ချုပ်နှင့် ထိုင်းအခြေစိုက် ASEAN Paramotoring Club ပူးပေါင်း၍ ဇန်နဝါရီ ၂၀ရက်နေ့က ကမ္ဘာကျော် ဂုတ်ထိပ် တံတားပေါ်မှ ဖြတ်၍ စီးနင်းစဉ် / Ko Pho Lone Facebook

5.7k
VIEWS
Share on FacebookShare on Twitter

မြန်မာ့ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍  စက်တပ်လေထီး(Paramotor) အဖွဲ့လိုက် စီးနင်း မောင်း နှင်ခြင်းများ လုပ်ဆောင်သွားမည်ဟု မြန်မာနိုင်ငံ လေထီးခုန်အဖွဲ့ချုပ်က ဆိုသည်။

လေထီးခုန်အဖွဲ့ချုပ်မှ အတွင်းရေးမှုး ဦးအောင်နိုင်သူက “အာဆီယံနိုင်ငံတွေက Paramotoring Club တွေအနေနဲ့  မြန်မာနိုင်ငံတွင်းမှာ စီးတာ အဆင်ပြေလာမယ်ဆိုရင် နောက်ပိုင်းမှာ အနည်းဆုံး လူ ၄၀ လောက်ပါမယ့် အဖွဲ့တွေ ဆက် လာဖို့ ရှိပါတယ်၊ သူတို့ လာမယ်ဆိုရင် ခရီးသွားလုပ်ငန်း အတွက် အလိုလို အထောက်အကူ ဖြစ်မှာပါ၊ သူတို့က နိုင်ငံ တွင်း အထင်ကရ နေရာမျိုးတွေကို ကောင်းကင်ယံ ကနေ လှည့်ပြီး ကြည့်ရှုလေ့လာကြဖို့ စိတ်အား ထက်သန်နေသူတွေ အများ ကြီးရှိပါတယ်”ဟု ဆိုသည်။

RelatedPosts

၂၀၁၉ ခုနှစ်က တွေ့ရသည့် ငွေဆောင်ကမ်းခြေအလှ / Marie Starr / The irrawaddy

လုံခြုံရေး စိတ်မချရသော်လည်း သင်္ကြန်တွင်း ကမ်းခြေသွားလိုသူများ

20 March 2025
1.8k
ညောင်ချောင်းသာကမ်းခြေ ပြန်ဖွင့်ရန် စစ်ကောင်စီ စီစဉ်

ညောင်ချောင်းသာကမ်းခြေ ပြန်ဖွင့်ရန် စစ်ကောင်စီ စီစဉ်

28 January 2025
1.4k
ဧရာဝတီတိုင်းနား စစ်ပွဲကပ်လာသော်လည်း ချောင်းသာ ငွေဆောင်လာသူများ

ဧရာဝတီတိုင်းနား စစ်ပွဲကပ်လာသော်လည်း ချောင်းသာ ငွေဆောင်လာသူများ

27 December 2024
2.1k

ပြီးခဲ့သည့် ရက်ပိုင်းက မြန်မာနိုင်ငံ လေထီးခုန်အဖွဲ့ချုပ်နှင့် ထိုင်းနိုင်ငံအခြေစိုက် ASEAN Paramotoring Club (FLY ASEAN)နှင့် ပူးပေါင်း၍ Paramotor(စက်တပ်လေထီး) အဖွဲ့လိုက် ချစ်ကြည်ရေး စုပေါင်းအလှပြ စီးနင်းမောင်းနှင်ခြင်းကို ဇန်နဝါရီလ ၁၈ ရက်နေ့မှ ၂၀ ရက်နေ့အထိ မန္တလေးမြို့တွင် တောင်သမန်အင်း၊ ရှမ်းလေးကျွန်း၊ ဧရာဝတီမြစ်ကြောင်း တလျှောက်၊ ပြင်ဦးလွင်မြို့ အနီးတဝိုက်၊ နောင်ချိုမြို့နယ်ရှိ ဂုတ်ထိပ်၊ ဂုတ်တွင်းနေရာများ၌ ပြုလုပ်ခဲ့သည်။

“Paramotor(စက်တပ်လေထီး) က လေထီးခုန်တာထက်စာရင် ကန့်သတ်ချက် နည်းတယ်၊ လေယာဉ် ကွင်း မလိုသလို အမြင့်ပေ ကလည်း အများကြီး မလိုဘူး၊ နောက်ပြီး ကွင်းပြင်ကျယ်နဲ့ လေတိုက်နှုန်း အသင့်အတင့် ရှိရင် စီးလို့ရတယ်၊ အဲဒီလို အချက်တွေကြောင့် ကျနော်တို့အနေနဲ့ Paramotor အားကစားနည်းကို အသုံးပြုပြီး နိုင်ငံရဲ့ခရီးသွားလုပ်ငန်း တိုးတက်လာအောင် လုပ်ဆောင်ဖို့ ရည်ရွယ်တာပါ”ဟု ဦးအောင် နိုင်သူက ပြောသည်။

ပြီးခဲ့သည့် Paramotor (စက်တပ်လေထီး) အဖွဲ့လိုက် စီးနင်းမောင်းနှင်မှုကို ထိုင်းနိုင်ငံ  Asean Paramotoring Club က ၄ ဦး၊ ပြင်သစ်နိုင်ငံသူ ၁ဦး၊  မြန်မာနိုင်ငံမှ ၄ ဦးတို့ စုပေါင်း၍ မြန်မာ နိုင်ငံတွင် ပထမဆုံးအကြိမ် မောင်းနှင်ခြင်းအဖြစ် ဦးပိန် တံတားအနီးမှ ဧရာဝတီမြစ်ဘေးမှာရှိ  ရှမ်းလေးကျွန်း၊ ပြင်ဦးလွင်မြို့ပေါ်မှ စေတလုံးရွာ ၊ နောင်ချိုမြို့ အားကစားကွင်း မှ နောင်ပိန်ရွာသို့ လည်းကောင်း မောင်းနှင်ပျံသန်းခြင်းများပြုလုပ်ခဲ့သည်။

ဤကဲ့သို့ Paramotor (စက်တပ်လေထီး) အဖွဲ့လိုက် စီးနင်းမောင်းနှင်ခြင်းကို အာဆီယံဒေသတွင်းရှိ နိုင်ငံအချင်းချင်း ချစ်ကြည်ရေး၊ အားကစားသမားများ အချင်းချင်း အပြန်အလှန် ချစ်ခင်ရင်းနှီးမှု ရရှိခိုင်မြဲစေရေး၊ နည်းပညာနှင့် အတတ် ပညာများ နှီးနှောဖလှယ်နိုင်ရေးနှင့် Paramotor (စက်တပ် လေထီး) အဖွဲ့လိုက် စီးနင်းမောင်းနှင်ခြင်းဖြင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အား တဖက်တလမ်းမှ အထောက်အကူဖြစ်လာစေးရေးဆိုသည့် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်ခြင်းဟု သိရသည်။

“ကျနော်တို့လုပ်ဆောင်နေတာက မြန်မာ့ခရီးသွားလုပ်ငန်းမြှင့်တင်ရေးလုပ်ငန်းအတွက်လည်း အများ ကြီး ကောင်းမွန် လာနိုင်ပါတယ်၊ ကျနော်တို့ အနေနဲ့ Paramotor၊ Paragliderနဲ့ ခရီးသွား လုပ်ငန်း ကို ဖွံ့ဖြိုးတိုးတက်လာအောင် ပူးပေါင်း လုပ် ဆောင်ပေးဖို့ ရည်ရွယ်တယ်၊ အဲဒီလိုသာ လုပ်ဆောင် ပေးနိုင်မယ်ဆိုရင် သွယ်ဝိုက်ပြီးတော့ ကျနော်တို့ရဲ့ အားကစား နည်းတွေကို ကျယ်ပြန့်လာပြီး လူငယ်တွေပိုပြီး စိတ်ဝင်စားလာမယ်လို့ မျှော်လင့်ပါတယ်”ဟု ဦးအောင်နိုင်သူက ဆက်လက် ပြောသည်။

 

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနကမူ လက်ရှိအချိန်အထိ မည်သည့် ကမ်းလှမ်းပြောဆိုမှုမျိုး မြန်မာနိုင်ငံ လေထီးခုန်အဖွဲ့ ချုပ်ထံမှ မရသေးကြောင်း၊  ကမ်းလှမ်းလာပါကလည်း ကြိုဆိုကြောင်း ဆိုသည်။

“လက်ရှိအချိန်ထိ ကျနော်တို့ကို ကမ်းလှမ်းထားတာ မရှိသေးပါဘူး၊ မရှိသေးဘူး ဆိုပေမယ့် သူတို့ လုပ်မှာက ခရီးသွား လုပ်ငန်းကို အထောက်အကူပြုတဲ့ လုပ်ငန်းဖြစ်တဲ့အတွက် ငြင်းစရာ အကြောင်း တော့ မရှိပါဘူး၊ ဒီဟာက အပန်းဖြေ နည်းတမျိုးပဲလေ၊ အခြားနိုင်ငံတွေမှာတော့ Paramotor စီးခြင်း ကို တွင်တွင် ကျယ်ကျယ် သုံးစွဲနေကြပါပြီ၊ ကျနော်တို့ နိုင်ငံမှာတော့ အခုမှ စမ်းသပ်တဲ့ အဆင့်ပဲရှိ သေးတော့ တကယ်လို့ သူတို့ ပူးပေါင်းပြီး ဆောင်ရွက်မယ် ဆိုရင် ကျနော်တို့ ဘက်က လက်တွဲဆောင် ရွက်ဖို့ အဆင်သင့်ပါပဲ”ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်က ဆိုသည်။

အဆိုပါကဲ့သို့ Paramotoring (စက်တပ်လေထီး)၊ Paraglider (စက်မဲ့လေထီး) စသည့်လုပ်ငန်း များကို ခရီးသွားလုပ်ငန်း အတွက် ရည်ရွယ်လုပ်ဆောင်မည်ဆိုလျှင် သင့်တင့်သောနှုန်းထား၊ နေရာ၊ လုံခြုံရေးကဏ္ဍများကို ဦးစားပေး အလေးထား ဆောင်ရွက်ရန်လိုအပ်သည်ဟု ၎င်းရှင်းပြသည်။

“Paramotor တို့ မီးပုံးပျံတို့ဆိုတာ လူတိုင်းသုံးစွဲနိုင်တဲ့ ကိစ္စ မဟုတ်ဘူး၊ သူတို့ရဲ့ Target နဲ့ သူတို့ တောင်းဆိုမယ့် အခကြေးငွေ၊ လုပ်မယ့်နေရာတွေ၊ လုံခြုံစိတ်ချမှု အနေအထားကို လူတွေက ပြန်ကြည့် ရပါလိမ့်မယ်၊ ဒီတော့ စီးတဲ့ သူတွေက အန္တရာယ်ရှိနိုင်လား၊ မရှိနိုင်ဘူးလား၊ ဒီလိုစီးတဲ့အတွက် ဘာတွေရမလဲဆိုတဲ့ အပေါ် မူတည်တယ်၊ လက်ရှိ ကျနော်တို့ဆီမှာ လာလုပ်တာမရှိသေးလို့ ခရီးသွား လုပ်ငန်းကို ဘယ်လောက် အထိ အထောက် အကူပြုတယ်၊ မပြုဘူး ဆိုတာကို ပြောဖို့ အရမ်းစော နေပါသေးတယ်” ဟု ဦးအောင်အေးဟန်က ဆက် ပြောသည်။

အဆိုပါလုပ်ငန်းများအား သက်ဆိုင်ရာကဏ္ဍအသီးသီးအလိုက် စိစစ်၍ ခွင့်ပြုပေးမည်ဆိုလျှင် ခရီးသွား လုပ်ငန်းအတွက် များစွာ အထောက်အကူဖြစ်လာနိုင်သည့်အပြင် သဘာဝရှုခင်းများကို ကောင်းကင်မှ နေ၍ ကြည့်ရှုရခြင်းကြောင့် ပိုမို ထူးခြား ဆန်းသစ်သည့် လုပ်ငန်းတခုဖြစ်လာနိုင်ခြေများစွာ ရှိနေ ကြောင်း သိရသည်။

မြန်မာနိုင်ငံလေထီးခုန်အ ဖွဲ့ချုပ်မှ အတွင်းရေးမှုး ဦးအောင်နိုင်သူကမူ “ခရီးသွားလုပ်ငန်း အထောက် အကူ ပြုအောင်အတွက် လက်ရှိမှာတော့ အစပျိုး ကြိုးစားလုပ်ဆောင်ဆဲပေါ့လေ၊ ဘယ်လောက်အထိ တိုးတက်လာရမယ်လို့တော့ ပုံသေကားချ ပြောလို့မရသေးဘူး၊ နောက်ပိုင်းမှာတော့ တဖြည်းဖြည်းနဲ့ ဖွံ့ဖြိုး တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်၊ အဲဒီလိုဖြစ်အောင် လည်း လုပ်ဆောင်နေပါတယ်”ဟု ပြောသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်အားကောင်း လာစေရန်အတွက် ဘက် ပေါင်းစုံမှ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ဆောင်ရွက်နေသလို ရှေရှည် တည့်တံ့ဖွံ့ဖြိုးသော ခရီးသွားလုပ်ငန်းဖြစ်လာစေ ရန်လည်း ဟန်ချက်ညီညီဖြင့်ဆောင်ရွက်လျက်ရှိရာ ၂၀၁၈ခုနှစ်အတွင်း၌ ကမ္ဘာလှည့်နိုင်ငံခြားသား ခရီးသွား ၃ ဒသမ ၅၅ သန်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။

Your Thoughts …
Tags: Paramotorခရီးသွားလုပ်ငန်းစက်တပ်လေထီး
ဒီလှိုင်းဝင်း

ဒီလှိုင်းဝင်း

Reporter

Similar Picks:

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.2k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

by ဧရာဝတီ
3 October 2023
10.5k

အနောက်တိုင်းခရီးသည် မရှိသလောက်ပင်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ် ကိုယ်စားလှယ်များက ပြောသည်။

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

by Jonathan Head
14 February 2025
8.6k

ယာထိုင်ကုမ္ပဏီသည် BBC သတင်းဌာနကို ဖိတ်ခေါ်သည်။

အရှုံးပေါ် ဟိုတယ်များ ထုတ်ရောင်းလာကြ

အရှုံးပေါ် ဟိုတယ်များ ထုတ်ရောင်းလာကြ

by ဧရာဝတီ
21 October 2023
6.7k

ဆီဒိုးနားဟိုတယ်ကို ပိုင်ဆိုင်သည့် စင်ကာပူအခြေစိုက် Keppel Corporation က အခြား စင်ကာပူလုပ်ငန်းစု တခုဖြစ်သော Spring Blossom Venture ထံသို့ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းဖြင့် အပြီးသတ် ရောင်းချ

ဒရုန်းစစ်ရေးတိုးချဲ့ရန် စစ်ကောင်စီတပ်က FLIR စနစ်များ သုံးနေ

ဒရုန်းစစ်ရေးတိုးချဲ့ရန် စစ်ကောင်စီတပ်က FLIR စနစ်များ သုံးနေ

by ဧရာဝတီ
28 February 2025
5k

၂၀၂၄ ခုနှစ်တွင် ရုရှားသည် အဆင့်မြှင့်တင်ထားသည့် Orlan-10E နှင့် ပိုမိုကြီးမားသည့် Orion-2 မောင်းသူမဲ့ ထောက်လှမ်းရေး လေယာဉ်များကို မြန်မာသို့ ရောင်းချသည်။

မြန်မာ ခရီးသွားလုပ်ငန်း ဘေးကင်းလုံခြုံသတဲ့လား

မြန်မာ ခရီးသွားလုပ်ငန်း ဘေးကင်းလုံခြုံသတဲ့လား

by မောင်ကဝိ
13 January 2025
4.7k

တကယ်တော့ စစ်ကောင်စီအောက်မှာ မြန်မာက မြို့ကြီး မြို့ငယ်တွေဟာ နိုင်ငံတကာခရီးသွားတွေ အတွက်သာမက ဒေသခံတွေအတွက်ပါ မလုံမခြုံ ဖြစ်နေပါတယ်။

Next Post
၁ မင်းတုန်းမြို့နယ်တွင် ဖမ်းမိထားသူများ  / မြန်မာနိုင်ငံရဲတပ်ဖွဲ့

ဖမ်းမိထားသည့် ဘင်္ဂါလီများအား လ.ဝ.က ဥပဒေဖြင့်တရားစွဲတင်

မင်းသား လီဂျွန်ဂျယ်

၁၀ နှစ်အကြာမှာ ဇာတ်လမ်းတွဲ ပြန်လည်ရိုက်ကူးနိုင်ချေရှိနေတဲ့ မင်းသား လီဂျွန်ဂျယ်

No Result
View All Result

Recommended

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

1 day ago
3.4k
ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

3 days ago
2.4k

Most Read

  • ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၅ တပ်ဖွဲ့ဝင်များကို ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၈ ခုနှစ်က တွေ့ရစဉ် / ဧရာဝတီ

    စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • မြန်မာ၊ ဗီယက်နမ် ရွှေ့ပြောင်းများ ဆူဒန်သို့ အမေရိကန် ပို့

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0
  • ကချင်စစ်မျက်နှာမှာ ပစ်ချခံရသည့် ရဟတ်ယာဉ် ၄ စီးအထိ ရှိလာ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate