မန္တလေးမြို့ရဲ့ ပျမ်းမျှအပူချိန်ကတော့ ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ စိုထိုင်းဆကိုစဉ်းစား မယ်ဆိုရင်လည်း တချို့ နှစ်တွေဆိုရင် မိုးရေချိန်လက်မ နည်းပါးတဲ့အတွက်ကြောင့် ပူပြင်းမှုကို အလွန်အမင်းခံစားရပါတယ်။
မန္တလေးမြို့ကို အလည်အပတ် သွားရောက်ချင်တယ်ဆိုရင်တော့ တအားပူတဲ့အချိန်တွေကို ရှောင်သင့်ပါတယ်။ မန္တလေးမြို့ရဲ့ အပူဆုံးအချိန်တွေကတော့ ဧပြီ၊ မေ နဲ့ ဇွန်လတွေပဲ ဖြစ်ပါတယ်။
ဇန်နဝါရီလမှာဆိုရင်တော့ မန္တလေးမြို့ရဲ့ ပျမ်းမျှအပူချိန်က ၂၃ ဒီဂရီစင်တီဂရိတ်ပတ်ဝန်းကျင် မှာရှိပါတယ်။ အမြင့်ဆုံးအပူချိန်ကတော့ ၃၁ ဒီဂရီစင်တီဂရီတ်ဖြစ်ပြီး အနိမ့်ဆုံးအပူချိန်ကတော့ ၁၁ ဒီဂရီစင်တီဂရိတ်မှာ ရှိပါတယ်။
ဇန်နဝါရီလမှာဆိုရင်တော့ ရာသီဥတုက နေ့ခင်းဖက်မှာ အတော်အသင့်ပူပြင်းနေသည့်တိုင် ညခင်းဖက်မှာဆိုရင်တော့ အေးစိမ့်စိမ့်အနေအထားမှာ ရှိနေပါလိမ့်မယ်။ ဒါကြောင့်လည်း နှစ်တနှစ် ရဲ့ အကောင်းဆုံးရာသီဥတုလို့ ပြောရမှာပါပဲ။
ခရစ်စမတ်နဲ့ နှစ်သစ်ကူးပွဲတော်ကလည်း ပြီးသွားခဲ့ပြီဖြစ်တဲ့အတွက် နိုင်ငံခြားသားခရီးသွား တွေ အများအပြား လာရောက်ကြတဲ့ လတလပါ။ ဒါကြောင့်လည်း ဇန်နဝါရီလမှာ မန္တလေးမြို့ကို သွားလည်ချင်တယ်ဆိုရင်တော့ ၃ လ လောက်စောပြီး ဟိုတယ်တွေကို Booking လုပ်ထားသင့်ပါတယ်။
ဇန်နဝါရီလဟာ ပူစပြုလာပြီဖြစ်တဲ့အတွက် ရေဓာတ်မဆုံးရှုံးရအောင် ရေများများသောက်ဖို့ လည်း လိုအပ်ပါတယ်။ တအားမပူပြင်းသေးဘူးလို့ ဆိုကောင်းဆိုနိုင်မှာဖြစ်ပေမယ့် နေရောင်ခြည်ကတော့ တောက်တောက်ပပ ဖြစ်နေပါပြီ။
ဒါကြောင့်လည်း နေရောင်ခြည်ဒဏ်ကကာကွယ်နိုင်ဖို့ အတွက် နေကာမျက်မှန်တွေ ၊ ဦးထုပ် တွေဝတ်ဆင်သင့်သလို အင်္ကျီလက်ရှည်မျိုးတွေကိုလည်း ဝတ်ဆင်ထားသင့်ပါတယ်။ ဒါ့အပြင် နေရောင်ခြည်ဒဏ်က ကာကွယ်ပေးနိုင်တဲ့ တခြားကိစ္စမျိုးတွေ မှာလည်း အထူးဂရုစိုက် သင့်ပါ တယ်။
နေရောင်ခြည်ပူပြင်းတဲ့ အချိန်မျိုးတွေမှာဆိုရင်တော့ အပြင်ကိုထွက်ပြီး လည်ပတ်တာမျိုး ထက် မိုးလုံးလေလုံနေရာမျိုး တွေမှာသာ လည်ပတ်သင့်ပါတယ်။
မန္တလေးမြို့ကို လည်ပတ်တော့မယ်ဆိုရင် ပထမဆုံးလည်ပတ်သင့်တဲ့နေရာကတော့ မန္တလေးတောင်ပဲ ဖြစ်ပါတယ်။ မန္တလေးတောင်ဟာ မန္တလေးမြို့ရဲ့ အရှေ့မြောက်ဖက်မှာရှိပါတယ်။ ၂၄၀ မီတာ မြင့်ပြီးတော့ လှေကားထစ်ပေါင်း ၁၇၂၉ ထစ်ရှိပါတယ်။ ဒီတောင်ကို အကြောင်းပြုပြီးတော့ပဲ မန္တလေးမြို့လို့ နာမည်တွင်လာခဲ့တာ ဖြစ်တယ်လို့ ဆိုကြပါတယ်။
မန္တလေးတောင်ပေါ်မှာဆိုရင်တော့ စေတီပုထိုးပေါင်းများစွာနဲ့ ဘုန်းတော်ကြီးပေါင်းများစွာရှိ နေတဲ့အတွက် မန္တလေးရဲ့ သယံဇာတနေရာတနေရာဆိုရင်လည်း မှားမှာတော့ မဟုတ်ပါဘူး။ မန္တလေးတောင်ပေါ် ရောက်ပြီးဆိုရင်တော့ မန္တလေးမြို့ရဲ့ ရှုခင်းတွေကိုမြင်နိုင်မှာဖြစ်သလို ဧရာဝတီ မြစ်အလှကိုလည်း ငေးမောနိုင်ပါလိမ့်မယ်။
တကယ်လို့များ မန္တလေးတောင်ပေါ်ကို လမ်းလျှောက်တက်ချင်တဲ့ ဆန္ဒမရှိဘူးဆိုရင်တော့ မော်တော်ဆိုင်ကယ် ဒါမှမဟုတ်လည်း ကားငှားပြီးတက်နိုင်ပါသေးတယ်။ အဲဒီသူတွေက ဘုရားဖူး ဧည့်သည့်တွေကို စေတီအပေါင်း စုဝေးနေကြတဲ့နေရာဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ခေါ်သွားပေးမှာ အမှန်ပါပဲ။
ဒါပေမယ့် ရာသီဥတုကလည်း သာယာရှိနေမယ်ဆိုရင်တော့ လေညှင်းကလေး ရှူရှိုက်ရင်း စကားတပြောပြော နဲ့တက်တာက ပိုကောင်းပါလိမ့်မယ်။ မနက်စောစောတက်မယ်ဆိုရင်တော့ မြူတွေဆိုင်းနေတဲ့မြို့အလှကို ငေးမောနိုင်မှာဖြစ်ပြီး ထွက်ပြူလာခါစနေရောင်ခြည်နဲ့ ပလဲနံပ သင့်နေတဲ့ စေတီပုထိုးတော်တွေကို ဖူးတွေ့ရပါ လိမ့်မယ်။
ညနေခင်းမှာဆိုရင်တော့ နေဝင်ချိန်အလှကိုငေးမောရင်း သံဃာတော်တွေ ညီညီညာညာ ဘုရားဝတ်တက် နေကြတဲ့ အသံကိုလည်း ကြည်ညိုဖွယ်ရာ ကြားနိုင်ပါသေးတယ်။
မန္တလေးတောင်ဟာ ဘာသာရေးအရလည်း အထွတ်အမြတ်ထားတဲ့ နေရာတခု ဖြစ်တာကြောင့် ဖိနပ်နဲ့ ခြေအိတ် တွေကိုတော့ ကိုယ့်အိတ်ထဲကိုယ် ထည့်လာခဲ့သင့်ပါတယ်။
Ref : asiahighlights