ယခုနှစ်အတွက် ထိုင်းခရီးသွားပွဲတော် (TTF 2019) ကို ဘန်ကောက်မြို့ လုမ္ဗိနီ ဥယျာဉ်တွင် ဗုဒ္ဓဟူး နေ့မှ တနင်္ဂနွေနေ့ အထိ ကျင်းပနေရာ ပြည်တွင်းပြည်ပ ခရီးသွား ၆သိန်းထက်မနည်း ဆွဲဆောင်နိုင် ရန် ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင် အဖွဲ့ (TAT) က မျှော်မှန်းကြောင်း Bangkok Post ကဆို သည်။
TAT အုပ်ချုပ်ရေးမှူး ယုသာဆက် ဆူပစမ်က ထိုင်းလူမျိုးများသာမက ပြည်ပမှ လာရောက်နေထိုင်သူ များ၊ ကမ္ဘာလှည့် ခရီးသွားများ ထိုင်းနိုင်ငံတလွှားသို့ လည်ပတ်သည့်အခါ သဘာဝပတ်ဝန်းကျင် သဟ ဇာတဖြစ်မှုနှင့် ရေရှည် ထိန်းသိမ်း နိုင်မှု နည်းလမ်းများဖြင့် လျော်ညီစွာ လည်ပတ်နိုင်စေရန် အစိမ်း ရောင် ခရီးသွားဆောင်ပုဒ်ကို လက်ကိုင်ထား၍ ယခု ပွဲတော်ကို ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ဆိုသည်။
ထိုင်းနိုင်ငံအတွင်း လည်ပတ်နိုင်မည့်လမ်းကြောင်းသစ် ၉၀ ကိုလည်း လှည့်လည်ကြည့်ရှုနိုင်မည်ဖြစ်ပြီး ယင်းလမ်း ကြောင်းသစ်များက ထိုင်းပြည်နယ်များသို့ ခရီးသွားများ ပိုမိုလာရောက်ရန် အထောက် အကူပြုမည်ဖြစ်ကြောင်း ၎င်းက ခန့်မှန်းပြောကြားသည်။
ထိုင်းနိုင်ငံ၏ ဒေသများကို ကိုယ်စားပြု သရုပ်ပြထားသည့် ခရီးသွားလုပ်ငန်းလုပ်ကိုင်နေသော ကျေးရွာ ၅ ရွာကို ယခုပြပွဲ တွင် ထည့်သွင်းပြသထားကြောင်း၊ ကျေးရွာတရွာချင်းစီသည် ကိုယ်ပိုင် ဆောင်ပုဒ် (သို့မဟုတ်) လှုပ်ရှားမှု များနှင့် တင်ဆက်မှုများ ဖန်တီးပေးထားသည်။
ထိုင်းလူမျိုးများအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ခရီးသွားလာမှုပေါင်း ၁၇၉ သန်းရှိမည်ဖြစ်ပြီး ယမန်နှစ်က ၁၆၇ သန်းရှိခဲ့ရာမှ ထပ်မံမြင့်တက်လာနိုင်ကြောင်း ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့က ခန့်မှန်းသည်။
ယခုနှစ်အတွက် နိုင်ငံခြားခရီးသွားဧည့်သည် ၄၀.၅ သန်း လာရောက်ရန် ထိုင်းက ပစ်မှတ်ထား လုပ် ဆောင်နေပြီး ထိုအရေ အတွက်ထဲတွင် ၁၀ သန်းမှာ တရုတ်နိုင်ငံသားဧည့်သည်များ ဖြစ်လိမ့်မည်ဟု ဆိုသည်။
ယမန်နှစ်က မလိုလားအပ်သောဖြစ်စဉ်များ ပေါ်ပေါက်ခဲ့သော်လည်း ထိုင်းနိုင်ငံသည် တရုတ်ခရီးသည် များအတွက် ထိပ်ဆုံးလာရောက်ကြသည့် နေရာဖြစ်နေပြီး အထူးသဖြင့် မကြာမီ တရုတ်နှစ်ကူးကာလ အတွက် ပိုမိုသိသာစွာလာ ရောက်ကြမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ အကြီးဆုံးအွန်လိုင်းခရီးသွား အေဂျင်စီဖြစ်သည့် Ctrip.com International ၏ အဆိုအရ သိရသည်။
လာမည့် ဖေဖော်ဝါရီ ၅ ရက်မှ ၁၀ ရက်အတွင်း နှစ်သစ်ကူး ပိတ်ရက်ကာလအဖြစ် တရုတ်နိုင်ငံသား ၇ သန်း ပြည်ပခရီးထွက်ကြမည်ဖြစ်ကြောင်း Ctrip အေဂျင်စီက ပြောသည်။
အဆိုပါကိန်းဂဏန်းသည် ယမန်နှစ်က ၆.၅ သန်းရှိရာမှ ထပ်မံတိုးတက်လာခြင်းဖြစ်သည်။
တရုတ်မြို့ကြီး ၁၀၀ ကျော်တို့မှ ပြည်သူများသည် ပြည်ပနိုင်ငံနှင့်ဒေသပါင်း ၉၀ ကျော်တို့ရှိ ခရီးသွား ရန် နေရာ ၅၀၀ ကျော် ကြိုတင်စာရင်းပေးထားကြပြီဖြစ်ကြောင်း အဆိုပါသတင်း အစီရင်ခံချက်က ဆိုသည်။
လူကြိုက်အများဆုံး ခရီးသွားဦးတည်နေရာများတွင် ထိုင်း၊ ဂျပန်၊ အင်ဒိုနီးရှားနှင့် စင်ကာပူတို့ဖြစ်ကြ ပြီး အနောက်ဥရောပ စကင်ဒီနေးဗီယားကျွန်းဆွယ်နိုင်ငံများဖြစ်သည့် နော်ဝေ၊ ဆွီဒင်၊ ဒိန်းမတ်၊ ဖင်လန်၊ အိုက်စလန်နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု(UAE) နှင့် စပိန်နိုင်ငံတို့သို့လည်း တရုတ်ခရီးသည်များ သွားရောက်မှုနှုန်း အလျင်အမြတ်တိုးတက် လာနေသည်။