• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

ဂျပန်နိုင်ငံအတွင်းက လူသိနည်းသေးတဲ့ လည်ပတ်စရာနေရာများ

by Aurora
27 January 2019
in Travel
A A
တော့တိုရီမှာရှိတဲ့ သဲသောင်ပြင်ကြီးဟာ ကန္တာရဒေသလိုဖြစ်နေပြီး ကုလားအုတ်တွေ စီးကြည့်နိုင်ပါတယ်

တော့တိုရီမှာရှိတဲ့ သဲသောင်ပြင်ကြီးဟာ ကန္တာရဒေသလိုဖြစ်နေပြီး ကုလားအုတ်တွေ စီးကြည့်နိုင်ပါတယ်

9.1k
VIEWS
Share on FacebookShare on Twitter

ဂျပန်နိုင်ငံကို ပထမဆုံးအကြိမ်သွားရောက်လည်ပတ်တဲ့သူတိုင်း မဖြစ်မနေသွားကြတဲ့နေရာဆိုရင် တိုကျို၊ ကျိုတို၊ အိုဆာကာနဲ့ ဟီရှိရှီးမားဒေသတွေပါ။

တကယ်လည်း ခရီးသွားအများစုသွားရောက်ကြလို့ ဒီဒေသတွေ က လေ့လာစရာနေရာတွေက အမြဲလာချင်အောင် ဆွဲဆောင်နေပေမယ့် ကမ္ဘာ့ရဲ့တခြားနိုင်ငံတွေလို ဂျပန်မှာ လည်း တိမ်မြှုပ်နေတဲ့ နေရာသစ်လေးတွေ ရှိပါတယ်။

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
506
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
223
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
768

Tottori Sand Dunes

ဂျပန်နိုင်ငံမှာ အံ့သြသင့်စရာနေရာဒေသတွေ အများကြီးရှိတယ်ဆိုပေမယ့် ဒီနေရာလေးကို ရောက်သွားခဲ့ရင် တော့ အကုန်လုံး မှင်သက်သွားကြပါလိမ့်မယ်။ တခါမှမစဉ်းစားမိဖူးတဲ့ ဂျပန်နိုင်ငံမှာရှိတဲ့ ကန္တာရအသေးစား လေးပါ။ အိုဆာကမြို့ကနေ ၃ နာရီ ရထားစီးသွားရင် တော့တိုရီဆိုတဲ့ စီရင်စုနယ်မြေလေးကို ရောက်သွားပါ လိမ့်မယ်။

တော့တိုရီမှာရှိတဲ့ သဲသောင်ပြင်ကြီးဟာ ကန္တာရဒေသလိုဖြစ်နေပြီး ကုလားအုတ်တွေ စီးကြည့်နိုင် သလို တကမ္ဘာလုံးက သဲပန်းပုပညာရှင်တွေရဲ့ လက်ရာတွေကိုပါ သဲပြတိုက်မှာ လေ့လာနိုင်ပါသေးတယ်။ Sanin Kaigan အမျိုးသားဥယျာဉ်ထဲက သဲသောင်ပြင်ကြီးဟာ ကမ်းရိုးတန်းကို ၁၀ မိုင်ပတ်လည်ရှိပြီး ၁ မိုင်ခွဲ လောက် အကျယ်ရှိပါတယ်။ ခရီးသွားတွေကိုယ်တိုင် ခြေကျင်လျှောက်ပြီး ၁၆၄ ပေအမြင့်ကနေ ရှုမျှော်ခင်းအလှအပကို ခံစားနိုင်ပါတယ်။

Nakasendo Way

ဂျပန်နိုင်ငံရဲ့ ယဉ်ကျေးမှုသမိုင်းကြောင်းကို လေ့လာချင်တယ်ဆိုရင် နာကာဆန်ဒိုလမ်းကြောင်းတလျှောက် လမ်း လျှောက်ခရီးစဉ်အဖြစ် လေ့လာနိုင်ပါတယ်။ ကျိုတိုနဲ့ တိုကျိုကို ဆက်သွယ်ထားတဲ့ အေဒိုလို့ လူသိများတဲ့ ဟွန်ရှုလမ်းကြောင်းဟာ ၁၈ ရာစုကတည်းက တည်ရှိခဲ့တာပါ။ စုစုပေါင်းအရှည်မိုင် ၃၁၀ ရှည်လျားပြီး ကျိုတိုမြို့ ရဲ့ ဘီဝကန်ကနေ စတင်တာဖြစ်ပါတယ်။

အဲဒီ့ကတဆင့် စီကီဂါဟာရတောင် (ဒီနေ့ခေတ်မှာတော့ နာဂိုရာ) ကို ဖြတ်ကျော်ပြီး ကန်တိုလွင်ပြင်ကနေ နောက်ဆုံး တိုကျိုမှာ အဆုံးသတ်ပါတယ်။ တကိုယ်တော်သွားတာထက် Tour ခရီးစဉ်နဲ့လိုက်ပါရင်း တိုးဂိုက်ရှင်းပြတာကို နားထောင်သွားရင် ပိုအကျိုးရှိပါတယ်။ ဒီခရီးစဉ်သွားမယ်ဆိုရင် တော့ ဂျပန်ဘာသာစကား တတ်ကျွမ်းမှ အဆင်ပြေပါလိမ့်မယ်။

Shikoku Island

ရှီကိုကုကျွန်းလေးဟာ ဂျပန်နိုင်ငံရဲ့ အသေးဆုံးကျွန်းဆိုပေမယ့်လည်း စိတ်လှုပ်ရှားဖွယ်အလှအပတွေနဲ့ သဘာ ဝအတိုင်းတည်ရှိနေတဲ့ နေရာလေးပါ။ ဟွန်ရှုနဲ့ ရှီကိုကုကျွန်းလေးကို တံတား ၃ စင်းတည်ဆောက်မပြီးခင်မှာ တော့ သီးသန့်တည်ရှိနေတဲ့ နေရာလည်းဖြစ်ပါတယ်။

သဘာဝရှုမျှော်ခင်းတွေကို နှစ်သက်တဲ့ ခရီးသွားတွေအတွက်တော့ ဒီနေရာလေးဟာ တကယ့်ကို တိမ်မြှုပ်နေတဲ့အဖိုးတန်ဒေသပါ။ ရှီကိုကုကျွန်းပေါ်မှာ တခြားမြို့တွေလို ကျည်ဆံရထားမရှိပေမယ့် မြို့တွင်းပြေးဆွဲနေတဲ့ ရထား၊ ဘတ်စ်ကားအပြင် ခြေကျင် ကျွန်းတဝိုက်လှည့်လည် လည်ပတ်နိုင်ပါတယ်။

Koshu

ဂျပန်နိုင်ငံရဲ့ ဝိုင်စိုက်ပျိုးရာဒေသဖြစ်လို့ ကိုရှုကို ဝိုင်ချစ်သူတွေ သဘောကျနှစ်သက်စေမှာပါ။ တိုကျိုမြို့ကနေ ၂ နာရီလောက်သွားရတဲ့ တောင်ပေါ်မြို့လေး ကိုရှုမှာ အရှေ့အာရှရဲ့ စပျစ်သီး ၈၀ ရာခိုင်နှုန်းကျော်ကို စိုက်ပျိုးနေ တာပါ။ ဒီထဲကအများစုကိုတော့ ဝိုင်ဖောက်ဖို့အတွက် စိုက်ပျိုးကြပါတယ်။

ခြေချလိုက်တာနဲ့ စပျစ်ခြံတွေ၊ အသီး စိုက်ခင်းတွေနဲ့ ပြည့်နေတဲ့ ကိုရှုကို အာရှရဲ့ Tuscany လို့ တင်စားကြပါသေးတယ်။ စပျစ်ခြံတွေမှာ ဝိုင်ချက်ပုံအ ဆင့်ဆင့်ကို ကိုယ်တိုင်ကိုယ်ကျ လေ့လာနိုင်ပါတယ်။

Miyazaki

ကျူရှုအရှေ့တောင်ပိုင်းကမ်းရိုးမှာတည်ရှိတဲ့ မီယာဇာကီစီရင်စုဒေသဟာ ဂျပန်နိုင်ငံရဲ့ ရာသီဥတုနွေးထွေးမျှတ တဲ့ နေရာတခုပါ။ အများအားဖြင့် မီယာဇာကီမှာ ကမ်းခြေတွေ၊ အပန်းဖြေစရာနေရာတွေနဲ့ ကမ်းခြေအားကစား တွေအတွက် လာရောက်လည်ပတ်ကြတာဖြစ်သလို ကြင်စဦးမောင်နှံတွေ ပျားရည်စမ်းခရီး အများဆုံးလာ ရောက်ရာနေရာလည်းဖြစ်ပါတယ်။

သဘာဝတရားကြီးကို လေ့လာချင်သူတွေအတွက်တော့ မီယာဇာကီဟာ အကောင်းဆုံးသဘာဝ အလှတရား တွေနဲ့ ပြည့်နှက်နေတဲ့ ဒေသလည်းဖြစ်ပါတယ်။

Ref: Japan Insides

Your Thoughts …
Tags: ဂျပန်နိုင်ငံ
Aurora

Aurora

Contributor

Similar Picks:

ချယ်ရီပန်းတွေဟာ ဂျပန်ကို လာရောက်လည်ပတ်ကြတဲ့ ဧည့်သည်တွေကို အဓိကဆွဲဆောင်ရာ တခုလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ ချယ်ရီပန်းကြည့်ဖို့ အကောင်းဆုံး နေရာများ

by Aurora
6 January 2020
6.9k

ချယ်ရီပွင့်ချိန်မှာ ဂျပန်နိုင်ငံကို သွားရောက် လည်ပတ်မယ်ဆိုရင်တော့ မြို့တော် တိုကျိုမှာပဲ အကောင်းဆုံးနေရာတွေ ရှိပါတယ်။

ဂျပန်နိုင်ငံက ဖူဂျီတောင်

ဖူဂျီတောင်ရဲ့လူသိနည်းသေးတဲ့ အကြောင်းအရာများ

by Aurora
31 October 2018
13.5k

ဒုတိယကမ္ဘာစစ်တုန်းက CIA အဖွဲ့ဟာ ဖူဂျီတောင်ကို အနီရောင်အဖြစ် ပြောင်းလဲဖို့ စိတ်ကူးခဲ့ဖူးတယ်လို့ ကောလာဟလတွေ ထွက်ခဲ့ပါတယ်။

ဂျပန်နိုင်ငံတိုးတက်လာတာဟာ နိုင်ငံသားတွေရဲ့  နည်းစနစ်ကျမှုနဲ့ စည်းကမ်းရှိမှုတွေကြောင့်ဖြစ်ပါတယ်

စံပြုသင့်တဲ့ ဂျပန်နိုင်ငံသားများအကြောင်း

by ရေဗန်
27 August 2018
18.9k

မြန်မာနိုင်ငံမှာ သင်္ကြန်မတိုင် ခင်ပွင့်တဲ့ ပိတောက်ပန်းတွေကိုသူ့ထက်ငါ ဦးအောင် ခူးပြီးပန်တတ်ကြပေမယ့် ဂျပန်တွေကတော့ သူတို့ဆီမှာ ပွင့်တဲ့ပန်းတွေကို မခူးဘဲ အပင်ပေါ်မှာ လှပစွာပွင့်နေတာကို ဂုဏ်ယူစရာတခုအဖြစ် သတ်မှတ်ထားကြပါတယ်။

Tsunshima Ohashi တံတား

ခရီးသွားများ လည်ပတ်သင့်တဲ့ ဂျပန်နိုင်ငံရဲ့ ယာမာဂူချီ

by ညီညီသူ
13 March 2019
10.4k

ယာမာဂူချီစီရင်စုဟာ ဂျပန်နိုင်ငံရဲ့ အဓိကကျွန်းတကျွန်းဖြစ်တဲ့ ဟွန်းရှူးကျွန်းပေါ်မှာရှိပြီး Chugoku နယ်မြေ အတွင်းမှာရှိပါတယ်။ ယာမာဂူချီစီရင်စုဟာ ဂျပန်နိုင်ငံတောင်ပိုင်းမှာတော့ လှပတဲ့နေရာ တနေရာပါပဲ။

ဂျပန်နိုင်ငံဟာ လှပပြီး ဆွဲဆောင်မှုရှိတဲ့ နိုင်ငံတနိုင်ငံပါ

ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ် လူသိနည်းသော အကြောင်းအရာများ

by ဟယ်လ်သင်
8 August 2018
21.9k

ဂျပန်နိုင်ငံဟာ ငလျင်ဒဏ်အခံရဆုံး နိုင်ငံတနိုင်ငံဖြစ်ပြီး တနှစ်မှာ အကြိမ်ရေပေါင်း ၁၅၀၀ ခန့် ငလျင်လှုပ်မှုတွေ ဖြစ်ပွားတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။

အမှိုက်စွန့်ပစ်ရမှု နည်းလာတဲ့ ဂျပန်နိုင်ငံက Kamikatsu မြို့လေး

အမှိုက်စွန့်ပစ်ရမှု မရှိသလောက် ဖြစ်လာတဲ့ ဂျပန်က မြို့

by ချစ်ဖေ (တောင်တွင်းမြေ)
11 February 2018
10k

အမှိုက်သိမ်းဌာနမှာ အဝတ်အထည်နဲ့ ပရိဘောဂလို အမှိုက်တွေထားဖို့ အပိုင်းလည်း ရှိပါသေးတယ်။ မိမိ မလိုချင်တော့တဲ့ အဝတ်နဲ့ ပရိဘောဂတွေကို အဆိုပါအပိုင်းမှာ လာပစ်လို့ရပါတယ်။ တခြားသူတွေ စွန့်ပစ်ထားတဲ့အရာကိုလည်း လိုချင်ရင် အခမဲ့ လဲလှယ်ယူလို့ ရသေးတယ်လို့ ဆိုပါတယ်။

Next Post
အဆိုတော် ငွေစိုး  / Ngwe Soe's Facebook

“The Voice Myanmar” အဆိုပြိုင်ပွဲ ဝင်မယ့်သူတွေကို အကြံပေးစကားပြောတဲ့ ငွေစိုး

အဆိုတော် နီနီခင်ဇော်  / Nini Khin Zaw's Facebook

တကိုယ်တော်အခွေနဲ့ အလှကုန်ပစ္စည်းသစ်ထပ်ထုတ်ဖို့ ရှိနေတဲ့ အဆိုတော် နီနီခင်ဇော်

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.4k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate