ဇန်နဝါရီ
ဇန်နဝါရီလမှာ ခရီးထွက်သင့်တဲ့နေရာကတော့ Puerto Rico ပါ။ ဒီဒေသဟာ ဖလော်ရီဒါပြည်နယ် ၊ အရှေ့တောင်ဖက် မိုင် ၁၀၀၀ ကျော်ဝေးတဲ့ ကာရစ်ဘီယံ ပင်လယ်ဘက်မှာ ရှိပါတယ်။ အဲဒီနေရာကို သွားသင့်တဲ့အကြောင်းကတော့ နာမည်ကျော် ဂီတဖျော်ဖြေပွဲတွေရှိတဲ့ အတွက်ကြောင့်ပါ။
ဖေဖော်ဝါရီ
ဖေဖော်ဝါရီလအတွက်ကတော့ ကနေဒါနိုင်ငံ အရှေ့ပိုင်းကို ခရီးထွက်တာက အကောင်းဆုံးပါ။ ဖေဖော်ဝါရီလဟာ အေးနေတုန်းပဲဆိုပေမယ့် ကနေဒါနိုင်ငံသားတွေက ပျော်ရွှင်စရာကောင်းတဲ့ ဆောင်းရာသီပွဲတော်ကို ဖေဖော်ဝါရီလမှာ ကျင်းပလေ့ ရှိကြပါတယ်။
မတ်
ဗင်နီဇွဲလားနိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ Trinidad နဲ့ Tobago ကျွန်းစုတွေက မတ်လအတွက် ခရီးသွားလို့ကောင်းတဲ့ ဒေသတွေပါပဲ။ မတ်လရဲ့ ပထမဆုံ းသီတင်းတပတ်လုံးမှာဆိုရင်တာ့ ပါတီပွဲတွေကို အကြီးအကျယ် ကျင်းပလေ့ ရှိပါတယ်။
ဧပြီ
ဧပြီလအတွက် သွားလည်သင့်တဲ့ဒေသကတော့ New Mexico ပါ။ New Mexico ကတော့ အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်းမှာရှိတဲ့ ပြည်နယ်တခုပါ။ သဲကန္တာရလိုဒေသတွေ ရှိနေပမယ့် နွေဦးရောက်လာရင်တောင် နှင်းတွေက ကျနေတတ်ပါသေးတယ်။
မေ
အမေရိကန် အရှေ့မြောက်ဖက်ပိုင်းမှာရှိတဲ့ Maine ကတော့ မေလအတွက် ခရီးသွားလို့ အကောင်းဆုံးပါ။
ဇွန်
ဇွန်လအတွက် ခရီးသွားသင့်တဲ့ဒေသကတော့ ပြင်သစ်နိုင်ငံမှာရှိတဲ့ နော်မန်ဒီကမ်းခြေပါ။ ဇွန်လ ၆ ရက်နေ့ကတော့ နော်မန်ဒီကမ်းခြေတိုက်ပွဲ ၇၅ နှစ်ပြည့်ပါ။ အဲဒီနေ့မှာဆိုရင်တော့ စစ်ပွဲအတွင်းမှာကျဆုံးသွားခဲ့ရတဲ့ စစ်သားတွေကိုအောက်မေ့ဖွယ်အခမ်းအနား ကျင်းပမှာလည်း ဖြစ်ပါတယ်။
ဇူလိုင်
ဇူလိုင်လဆိုရင်တော့ ချီလီနဲ့ အာဂျင်တီးနားကို ခရီးသွားတာက ပိုကောင်းပါလိမ့်မယ်။ ဇူလိုင် ၂ ရက်နေ့မှာဖြစ်ပေါ်မယ့် နေကြတ်တာကို ဒီနိုင်ငံတွေကနေကြည့်မယ်ဆိုရင် အကောင်းဆုံးမြင်ရပါလိမ့်မယ်။
သြဂုတ်
Disneyland မှာဆိုရင်တော့ ပျော်ဖို့ကောင်းမှာ သေချာပါတယ်။ ပူပြင်းလာတဲ့ ကာလီဖိုးနီးယားပြည်နယ်တောင်ပိုင်းအတွက်ဆိုရင်တော့ Disneyland က ဆွဲဆောင်မှုတခုဖြစ်နေတာ အသေအချာပါပဲ။
စက်တင်ဘာ
နေထိုင်သူ လူဦးရေများလာပေမယ့် ပေါ်တူဂီဟာ ဥရောပရဲ့ လှပတဲ့နိုင်ငံတနိုင်ငံဖြစ်နေပါသေးတယ်။ အဆောက်အဦတွေက အရောင်အသွေးစုံလင်တဲ့အပြင် သမိုင်းဝင်မြို့ ၊ ရွာတွေလည်း ရှိနေတဲ့အတွက် ပေါ်တူဂီဟာ စက်တင်ဘာလအတွက် ခရီးသွားလို့ကောင်းတဲ့ နိုင်ငံတနိုင်ငံပါ။
ပေါ်တူဂီရဲ့ စက်တင်ဘာ ရာသီဥတုကလည်း သာသာယာယာပါပဲ။ လစ္စဘွန်းကနေ ခရီးစဉ်ကို စတင်နိုင်ပြီး ဝိုင်ကောင်းကောင်းရနိုင်တဲ့ ပေါ်တိုနဲ့ Algarve ကမ်းခြေတွေကတော့ ခရီးပိုသွားလို့ကောင်းတဲ့ဒေသတွေပါ။
အောက်တိုဘာ
သရဲခြောက်တဲ့ ရဲတိုက်ပုံစံတွေ ၊သွေးစုပ်ဖုတ်ကောင် အပြင်အဆင်တွေနဲ့ ဟော်လိုဝင်းကို စိတ်လှုပ်ရှားစရာလေးတွေနဲ့ ကျော်ဖြတ်ချင်တယ်ဆိုရင်တော့ ရိုမေးနီးယားကိုသာ သွားပါ။ ရိုမေးနီးယားကတော့ စက်တင်ဘာလမှာ ခရီးထွက်သင့်တဲ့ နိုင်ငံပါ။ ရိုမေးနီးယားနိုင်ငံထဲမှာမှ ဟော်လိုဝင်းပွဲတော်ကို ကြီးကြီးကျယ်ကျယ် ကျင်းပတဲ့မြို့ကတော့ Transylvania ပါပဲ။
နိုဝင်ဘာ
နိုဝင်ဘာလအတွက်ကတော့ ဂျာမနီနိုင်ငံ ဘာလင်မြို့ကို သွားတာပဲ ကောင်းပါလိမ့်မယ်။ နိုဝင်ဘာ ၉ ရက်နေ့ကတော့ ဘာလင်တံတိုင်း ပြိုကျခဲ့တာနှစ် ၃၀ ပြည့်တဲ့နေ့ပါပဲ။ အဲဒီနေ့မှာဆိုရင်တော့ ဖျော်ဖြေပွဲအမျိုးမျိုးတွေကိုလည်း ကျင်းပကြပါလိမ့်မယ်။ ဒါကြောင့် သမိုင်းမှာအရေးပါတဲ့ အဖြစ်အပျက်တွေဖြစ်ပျက်ခဲ့တဲ့အတွက် နိုဝင်ဘာလ ဆိုရင်တော့ ဘာလင်မြို့ကို ခရီးထွက်တာက အကောင်းဆုံးပါ။
ဒီဇင်ဘာ
ဂရိတ်ဗြိတိန်ဟာ ဒီဇင်ဘာလအတွက် ခရီးထွက်ဖို့အကောင်းဆုံးပါ။ ဒါကြောင့်မို့ ဒီဇင်ဘာ အားလပ်ရက်ပျော်ပွဲရွှင်ပွဲတွေကို ပါဝင်ဆင်နွှဲနိုင်ဖို့ဆို အင်္ဂလန် ၊ စကော့တလန်နဲ့ ဝေလင်နိုင်ငံတွေကို ခရီးထွက်တာက အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
လန်ဒန်ကတော့ ခရစ်စမတ်ပွဲတော်ကို အခမ်းနားဆုံးကျင်းပသလို စေကော့တလန်နိုင်ငံရဲ့ Edinburgh မှာဆိုရင်လည်း ဆောင်းရာသီပွဲတော်နဲ့ ဈေးပွဲတော်တွေ ကျင်းပတတ်ကြပါတယ်။ဝေလင်ငံရဲ့ဆောင်းရာသီရှုခင်းကလည်း ခရီးသွားတွေရဲ့စိတ်ကို အထူးဆွဲဆောင်နိုင်တုန်းပါပဲ။
Ref : smartertravel