ထိုင်းနိုင်ငံကိုလာရောက်ကြတဲ့ ခရီးသွားအရေအတွက်ဟာ ၂၀၁၈ ခုနှစ်မှာ ၃၈ ဒဿမ ၂၇ သန်းရှိခဲ့ပါတယ်။ ဒီကိန်းဂဏန်းပမာဏမှာ ၂၀၁၇ ခုနှစ်ကထက် ၇ ဒဿမ ၅ ရာခိုင်နှုန်း တိုးလာတဲ့ ပမာဏပါပဲလို့ ထိုင်းနိုင်ငံခရီးသွားလာရေးဝန်ကြီးဌာနက ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ် ၊ ဒီဇင်ဘာလအထိ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ ခရီးသွားဧည့်သည် အရေအတွက်က ၃ ဒဿမ ၈၅ သန်းရှိခဲ့ပြီးပြီလို့လည်း ထိုင်းနိုင်ငံခရီးသွားလာရေးဝန်ကြီးဌာန က ထုတ်ပြန်ကြေညာပေးခဲ့ပါတယ်။
ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့ တရုတ်ခရီးသွားတွေရဲ့ လှေတိမ်းမှောက်ပြီးတဲ့ နောက်မှာတော့ တရုတ်ခရီးသွားတွေက ထိုင်းနိုင်ငံကနေ ပြန်သွားခဲ့ကြပေမယ့် အခုနောက်ပိုင်းမှာ ပြန်ပြီးတိုးလာခဲ့ပါတယ်။
ဒီဇင်ဘာလအတွင်းမှာကိုပဲ ထိုင်းနိုင်ငံကိုလာရောက်အပန်းဖြေ အနားယူကြတဲ့ တရုတ် ခရီးသွား အရေအတွက်က ၂၀၁၈ခုနှစ် အစောပိုင်းလတွေကထက် ၂ ဒဿမ ၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ၈၃၈၆၃၄ ယောက်အထိ ပြန်လည်တိုးလာခဲ့ပါတယ်။
တရုတ်ခရီးသွားတွေဟာ နိုင်ငံခြားဝင်ငွေရရှိဖို့အတွက် အကောင်းဆုံးအရင်းအမြစ်တခုပါပဲ။ ထိုင်းနိုင်ငံဟာ နိုင်ငံခြားခရီးသွားလုပ်ငန်းတွေကနေ ဝင်ငွေအမြောက်အမြားရရှိနေပြီး စုစုပေါင်း ပြည်တွင်းထုတ်ကုန်ရဲ့ ၁၂ ရာခိုင်နှုန်းရရှိနေပါတယ်။
ခရီးသွားလုပ်ငန်းဟာ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ဖို့အတွက် အဓိကကျတဲ့ သော့ချက်တခုဆိုရင်လည်း မမှားပါဘူး။ ဒါပေမဲ့ အစုလိုက် အပြုံလိုက်ဝင်ရောက်လာတဲ့အခါမှာတော့ နိုင်ငံတကာ လေဆိပ်လို နေရာမျိုးတွေကအစ ကြီးမားတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်လာရမှာက အမှန်ပဲ ဖြစ်ပါတယ်။
ဒါကြောင့်လည်း ၂၀၁၉ ခုနှစ်အတွင်းလာရောကြမယ့် နိုင်ငံခြားခရီးသွားဧည့်သည် ၄၁ ဒဿမ ၁ သန်းအတွက် ကုန်ကျစရိတ်အဖြစ် ၂ ဒဿမ ၂၁ ထရီလီယံအထိအသုံးပြုသွားဖို့ ထိုင်း ခရီးသွားလာရေးဝန်ကြီးဌာနက မျှော်လင့်ထားပါတယ်။
Bangkok Post တွင် ရေးသားထားသော Record 38.27m tourists in 2018; 41m expected in 2019 သတင်းအား ဆီလျော်အောင် ဘာသာပြန်ဆိုထားသည်။