တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ကို ရောက်ပြီဆိုရင်တော့ မသွားမဖြစ် သွားရောက် လေ့လာသင့်တဲ့ နေရာတွေ ရှိပါတယ်။ ရှန်ဟိုင်းမြို့ဟာ လည်ပတ်စရာနေရာတွေ များတဲ့အတွက် ဘယ်နေရာတွေကို အဓိက သွားလည်သင့်လဲဆိုတာ ဖော်ပြပေးချင်ပါတယ်။
(၁) ရှန်ဟိုင်း အမျိုးသားပြတိုက်
ရှန်ဟိုင်း အမျိုးသားပြတိုက်ကတော့ တရုတ်ပြည်မကြီးရဲ့ အကောင်းဆုံးရတနာတွေကို စုဆောင်းထားနိုင်ခဲ့တဲ့ နေရာတနေရာပါ။ အဲဒီနေရာမှာ တရုတ်ယဉ်ကျေးမှုအကြောင်း ကောင်းကောင်း လေ့လာနိုင်ပါတယ်။ ရှန်ဟိုင်း အမျိုးသားပြတိုက်မှာဆိုရင် စာအုပ်နဲ့ လက်ဆောင်ပစ္စည်း ရောင်းချပေးတဲ့ စတိုးဆိုင်တွေလည်း ရှိပါသေးတယ်။ ရှန်ဟိုင်းပြတိုက်ကိုတော့ အင်္ဂါနေ့ကနေ တနင်္ဂနွေနေ့အထိ ဖွင့်လှစ်ထားပြီး မနက် ၉ နာရီကနေ ညနေ ၅ နာရီအတွင်း သွားရောက်လည်ပတ်နိုင်ပါတယ်။
(၂) M50 Moganshan Road
အဲဒီလမ်းကတော့ ခေတ်ပြိုင် အနုပညာလက်ရာတွေကို တွေ့ရှိနိုင်တဲ့ ရှန်ဟိုင်းရဲ့ တခုတည်းသော လမ်းမကြီးပါ။ အဲဒီနေရာဟာ အရင်တုန်းကတော့ သိုလှောင်ရုံ သက်သက်သာ ဖြစ်ခဲ့ပေမယ့် အခုဆိုရင်တော့ ရှန်ဟိုင်းရဲ့ မော်ဒန် အနုပညာလက်ရာတွေ စုစည်းထားတဲ့ နေရာတနေရာ ဖြစ်လာခဲ့ပါတယ်။
(၃) ရှန်ဟိုင်းပန်းခြံ
နောက်ထပ်လည်ပတ်သင့်တဲ့ နေရာကတော့ ရှန်ဟိုင်းပန်းခြံပါ။ အဲဒီပန်းခြံကတော့ ကလေးတွေ စိတ်တိုင်းကျ ဆော့ကစားနိုင်တဲ့ နေရာတနေရာလည်း ဖြစ်နေပါသေးတယ်။ များသောအားဖြင့်တော့ သက်ကြီးရွယ်အိုတွေ သီချင်းဆိုပြီး ကခုန်ပျော်မြူးနေတာကို တွေ့ရပါလိမ့်မယ်။
(၄) Xintiandi
အဲဒီနေရာမှာဆိုရင် ၁၉၂၀ ခုနှစ်လောက်က တည်ဆောက်ခဲ့တဲ့ အဆောက်အဦတွေကို တွေ့နိုင်ပါတယ်။အဲဒီ ရပ်ကွက်အတွင်းမှာ လူရာပေါင်းများစွာ နေထိုင်ကြပါတယ်။ အများစုကတော့ ဘေကျင်းကနေ ပြောင်းရွှေ့လာကြသူတွေပါ။ Xintiandi ရပ်ကွက်ဟာ ရှန်ဟိုင်းရဲ့ အသစ်ပြန်လည် တည်ဆောက်ထားတဲ့ ရပ်ကွက် တခုဆိုလည်း မမှားပါဘူး။
ဆက်စပ် သတင်းလင့်ခ် – ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကိုက သတ်မှတ်ထားတဲ့ ရှန်ဟိုင်းမြို့မှ ပန်းခြံများ
Ref : Tripsavvy