Travel

အာရှရဲ့ အသန့်ရှင်းဆုံးကျေးရွာ

Want create site? Find Free WordPress Themes and plugins.

အိန္ဒိယနိုင်ငံအရှေ့ပိုင်းမှာရှိတဲ့ Mawlynnong ရွာကလေးဟာ ဘုရားသခင်ပိုင်တဲ့ဥယျာဉ်လို့ တင်စားခေါ်ဝေါ်ခံရတဲ့ ရွာကလေးတရွာပါ။ အဲဒီလို တင်စားခေါ်ဝေါ်ခံရတဲ့ အကြောင်းကတော့ အာရှမှာ အသန့်ရှင်းဆုံးရွာကလေး ဖြစ်နေလို့ပါပဲ။

ဒါကြောင့်လည်း ဒီရွာကို ခရီးသွားတွေ အလည်သွားလေ့ရှိကြပါတယ်။ ဒီလိုအာရှမှာ အသန့် ရှင်းဆုံးရွာအဖြစ် ဘာကြောင့် ရပ်တည်နိုင်ခဲ့သလဲဆိုတဲ့အကြောင်း တွေကို ပြောပြပေးချင်ပါတယ်။

သန့်ရှင်းမှုရှိရေးဟာ Mawlynnong ရွာကလေးရဲ့အသက်ပါပဲ။ ဒါကြောင့်လည်း ရွာသူ ရွာသားတွေဟာ ရွာကို သန့်ရှင်းနေအောင် အမြဲဂရုစိုက်လေ့ရှိပါတယ်။

အိန္ဒိယနိုင်ငံမှာ အကြီးမားဆုံးပြဿနာတခုကိုပြောပါဆိုရင် အိမ်သာမရှိတဲ့ပြဿနာပါပဲ။ ဒီပြ ဿနာကိုတော့ ၂၀၀၇ ခုနှစ်လောက်ကတည်းကပဲ Mawlynnong ရွာကဖြေရှင်းခဲ့ပါတယ်။ Mawlynnong ရွာအိမ်တိုင်းမှာ အိမ်သာရှိပါတယ်။ တရွာလုံးအနှံ့မှာလည်း ဝါးနဲ့ပြုလုပ်ပေးထားတဲ့ အမှိုက်ပုံးတွေထားပေးထားပါတယ်။ သစ်ရွက်တရွက်ကြွေတာတွေ့တာနဲ့ တွေ့တဲ့လူက ဝါးအမှိုက်ပုံးတွေဆီ သွားပစ်လေ့ရှိသလို ပလတ်စတစ်အမှိုက်တွေကိုတော့ မီးရှို့ပါတယ်။

နောက်ပြီး ဆေးလိပ်သောက်တာကိုလည်း တင်းတင်းကြပ်ကြပ် တားမြစ်ထားပါတယ်။ ရွာကချမှတ်ထားတဲ့စည်းကမ်းကို မလိုက်နာတဲ့သူကတော့ အကြီးအကျယ် အပြစ်ပေးခံရတာပါပဲ။

ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ရွာမှာအမှိုက်ကျင်းတူးပေးထားပြီး အမှိုက်တွေအားလုံးကို အမှိုက်ကျင်းထဲ သွားပစ်ထည့်ရပါတယ်။ ရွာသားတွေဟာ အိမ်ကိုသန့်ရှင်းသပ်ရပ်အောင် ထားရုံတင်မက လမ်းတွေကို နေ့စဉ်တံမြက်စည်းလှည်းတာနဲ့ သစ်ပင်စိုက်ပျိုးပေါင်းသင်တာက လည်း သူတို့ရဲ့ နေ့စဉ်လူနေထိုင်မှုပုံစံပါ။

အဲဒီရွာမှာနေထိုင်တဲ့ လူမျိုးစုတွေက Khasi မျိုးနွယ်စုတွေပါ။ ဒီမျိုးနွယ်စုတွေကို အဓိက အုပ်ချုပ်တာကတော့ မိခင်တွေပါပဲ။ ဒါကြောင့်လည်း အမျိုးသမီးတွေမှာလုပ်ပိုင်ခွင့်အာဏာအပြည့် အဝရှိပြီး အမျိုးသမီးတွေအားလုံးကလည်း စာတတ်မြောက်တဲ့သူတွေချည်းပဲ ဖြစ်ပါတယ်။

နောက်ထပ် အရေးကြီးတာတခုကတော့ ဖော်ရွေမှုတွေပါ။ အဲဒီရွာသားတွေဟာ သူတို့ရွာကို ရောက်လာတဲ့ဧည့်သည်မှန်သမျှကို ဖော်ဖော်ရွေရွေဆက်ဆံတတ်ကြပါတယ်။ အစားအသောက် ဆိုရင်လည်း အားလုံးကခြံထွက်သီးနှံစစ်စစ်တွေပါပဲ။ ဒီအချက်ကတော့ တကယ်ကိုထူးခြားပါတယ်။ အသားစားချင်တယ်ဆိုရင်တောင်မှ အိမ်မှာ မွေးမြူထားတဲ့တိရိစ္ဆာန်တွေကိုသာ ချက်ပြုတ်စား သောက်လေ့ရှိကြပါတယ်။

အခုဖော်ပြခဲ့တဲ့အချက်တွေကြောင့်လည်း Mawlynnong ရွာကလေးဟာ အာရှတိုက်ရဲ့ အသန့်ရှင်းဆုံးကျေးရွာဆိုပြီး ၂၀၀၃ ခုနှစ်မှာ ဆုချီးမြှင့်ခံခဲ့ရတာပါပဲ။

Ref:traveltriangle

Did you find apk for android? You can find new Free Android Games and apps.
Loading