Travel

မဟာဂန္ဓာရုံကျောင်းသို့ လာသော ကမ္ဘာလှည့်ခရီးသွားများ အတွက် စည်းကမ်းချက်ထုတ်ပြန်

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်း အမရပူရ တောင်သမန်အင်းစောင်းရှိ မဟာဂန္ဓာရုံကျောင်း၌ တရုတ်ခရီးသွားအဖွဲ့မှ အမျိုးသားနှစ်ဦး ဆရာတော်များအား ဓာတ်ပုံရိုက်ရန် နေရာလုရာမှ ရန်ဖြစ်ပြီးနောက် ကျောင်းတိုက် အတွင်း နိုင်ငံခြားသားခရီးသွားများ စနစ်တကျ လေ့လာလည်ပတ်နိုင်ရန် တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနက စည်းကမ်းချက်များ ထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၈ရက်နေ့က ထိုတရုတ်အမျိုးသား နှစ်ဦး ရန်ဖြစ်ခြင်းနှင့် ပတ်သက်၍ မဟာ ဂန္ဓာရုံ ကျောင်းတိုက် သို့ လာရောက်သည့် ခရီးသွားဧည့်သည်များကိစ္စ တာဝန်ယူထားသည့် ဆရာတော်တပါးမှ ၎င်း၏ ဖေ့စ်ဘွခ် စာမျက် နှာတွင် “တရုတ်ခရီးသွား အဖွဲ့တွေ ဓာတ်ပုံရိုက်ဖို့ တန်းစီရင်း ရန်ဖြစ်ကြတယ်၊ အခြေအနေက ပိတ်ပစ်ချင်စရာ အလွန် ကောင်းနေပါပြီ၊ အရည်အသွေးနဲ့ အလုပ်လုပ်နေကြတဲ့ ကျောင်းတိုက်ကြီးကို အရည်အသွေးမဲ့ တိုးရစ်တွေ လာလည် တယ်၊ ဂါရ၀ တရားကင်းမဲ့တယ်” ဟု ရေးသားထားသည်။

ထို့အတွက် နိုင်ငံခြားသားဧည့်သည်များ သာသနာ နယ်မြေတွင် ဂါရဝတရားနှင့် အညီ ပြုမူကြရန် စည်းကမ်းချက်များ သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

မန္တလေးတိုင်း ဟိုတယ်/ခရီး လက်ထောက် ညွှန်ကြားရေးမှုး ဦးစန်းယုက “သာသနာနယ်မြေဖြစ်တော့ ဘာသာ၊ သာသနာ ညှိုးနွမ်းတာမျိုး မလုပ်ဖို့ နာယက ဆရာတော်ကြီးတွေရဲ့ သြဝါဒနဲ့ အညီ စည်းကမ်းချက်တွေကို သတ်မှတ် လိုက်တာဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ယင်းစည်းကမ်းချက်များမှာ မဟာဂန္ဓာရုံကျောင်းတိုက်အတွင်း လာရောက် သည့် နိုင်ငံခြားသား ဧည့်သည်များ တား မြစ်နေရာများတွင် ဝင်ရောက် သွားလာခြင်းမပြုရန်၊ သာသနာညှိုးနွမ်းစေမည့် အပြုအမူများ မပြုလုပ်ရန်၊ အရက် သေစာ သောက်စားခြင်း မပြုရန်၊ ဆူညံခြင်းနှင့် ခိုက်ရန် ဖြစ်ပွား ခြင်းမပြုရန် စသည့်အချက်များဖြစ်သည်။

အဆိုပါစည်းကမ်းချက်များကို အင်္ဂလိပ်၊ တရုတ်နှစ်ဘာသာဖြင့် ဖော်ပြထားမည်ဖြစ်ပြီး ယခုတပတ်မှ စတင်၍ ကျောင်း တိုက်ဧရိယာအတွင်း ကပ်သွားမည်ဟု သိရသည်။

သာသနာပိုင်နယ်မြေများနှင့် ပတ်သက်ပြီး နိုင်ငံခြားသား ခရီးသွားများ လိုက်နာရမည့် စည်းကမ်း ချက်အား လောလော ဆယ် မဟာဂန္ဓာရုံကျောင်းတိုက် အတွက်သာ ထုတ်ပြန်ဦးမည် ဖြစ်၍ နေ့စဉ် ကျောင်းတိုက်သို့ တရုတ်ခရီးသွား အပါ အဝင် နိုင်ငံခြားသာ းခရီးသွား ရာဂဏန်းခန့် လာရောက် လေ့လာကြကြောင်း တိုင်းဟိုတယ် နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာမှ စတင်၍ တရုတ်၊ ဂျပန်၊ ကီုးရီးယား၊ မကာအို၊ ဟောင်ကောင် တို့ကို ဗီဇာကင်းလွတ်ခွင့် ပြုခဲ့ပြီးနောက် အရှေ့ခြမ်း နိုင်ငံများမှ ခရီးသွားများ ဝင်ရောက်မှုမြင့်လာခဲ့ရာ တရုတ်ခရီး သွားဝင်ရောက်မှုမှာ အများဆုံးဖြစ်ကြောင်း တိုင်းဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

“ကျနော်တို့က ခရီးသွား မလာတော့ မျှော်ရတယ်၊ လာတော့ကျတော့လဲ အခုလိုပြသနာလေးတွေ အနည်းနဲ့ အများရှိ တော့ အားလုံး စည်းကမ်းတကျနဲ့ လုပ်သာကိုင်သာ ရှိဖို့ အတွက် ရည်ရွယ်ပြီး လုပ်တာ ဖြစ်ပါတယ်။ Mass Tourism ဖြစ်တော့ အားနည်းချက် အားသာချက်တော့ ရှိနိုင်ပါတယ်” ဟု ဦးစန်းယုက ရှင်းပြသည်။

မန္တလေးမြို့ခံ ဧည့်လမ်းညွှန်ကိုစည်သူက “ဘယ်နိုင်ငံသွားသွားပါ သူ့နိုင်ငံ၊ သူ့ယဉ်ကျေးမှုကိုတော့ လေးစားလိုက်နာ ကြရမှာပါ၊ အခုက တရုတ်တိုးရစ်တွေရဲ့ မယဉ်ကျေးတဲ့ အပြုအမူတွေနဲ့ ပတ်သက်ပြီး ထိုင်း၊ ကမ္ဘောဒီးယားတို့က လုံးဝလက်မခံကြပါဘူး” ဟု ဧရာဝတီကို ပြောသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံသည် တရုတ်ခရီးသွား ဦးရေ အများဆုံး လာရောက် လည်ပတ်လေ့ရှိပြီး၊ တရုတ်ခရီးသွားများ စတင်၍ လာရောက်လည်ပတ်သည့် လွန်ခဲ့သော နှစ်များက ဘုရားကျောင်းကန် များနှင့် လူမြင်ကွင်းများတွင် မအပ်စပ် သည့် အပြုအမူများ ပြုလုပ်သည့်အတွက် ထိုင်းလူမျိုးများ၏ မနှစ်မြို့ခြင်းကို ခံရသော်လည်း နောက်ပိုင်းတွင် စည်းကမ်းနှင့် အညီ ထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သဖြင့် ပြဿနာဖြစ်ပွားမှု နည်းပါးလာခဲ့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading