ခရီးသွားတဲ့အခါမှာ နေရာမှန်ရွေးချယ်တတ်ဖို့က အရေးကြီးပါတယ်။ လစဉ်လတိုင်း ခရီးထွက်နေသူတွေအတွက်က ပိုပြီးအရေးကြီးပါတယ်။ ဒါမှလည်း ရာသီဥတုနဲ့လည်း ကိုက်ညီတဲ့ ခရီးတခုကို သွားနိုင်မှာပါ။ ဖေဖော်ဝါရီလကတော့ အရှေ့တောင်အာရှနိုင်ငံတွေဆီကို ခရီးထွက်တာ အကောင်းဆုံးပါပဲ။ ဒါကြောင့်လည်း ဖေဖော်ဝါရီလမှာ ခရီးသွားလို့ ကောင်းတဲ့ အရှေ့တောင်အာရှက လွမ်ပရာဘွန်မြို့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
လွမ်ပရာဘွမ်မြို့
ရှုပ်ထွေးလွန်းတဲ့ မြို့ ပြ စိတ်ဖိစီးမှုဒဏ်တွေကနေ ခဏတာ လွတ်မြောက်ချင်တယ်ဆိုရင်တော့ လာအိုနိုင်ငံက လွမ်ပရာဘွန်ကို ခရီးထွက်တာက အကောင်းဆုံးပါပဲ။ လွမ်ပရာဘွမ်မှာဆိုရင် တော့ စိတ်ကိုငြိမ်းချမ်းမှုတစုံတရာ ပေးနိုင်ပါလိမ့်မယ်။
လာအိုနိုင်ငံရဲ့ ယဉ်ကျေးမှုတွေဟာ လွမ်ပရာဘွမ်မှာ တည်ရှိနေပါတယ်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ် တာကြောင့်လည်း အေးချမ်းနေတဲ့ ဘုရားကျောင်းကန်အများအပြားကို တွေ့ရမှာပါပဲ။ ကိုလိုနီခေတ် ဗိသုကာလက်ရာတွေကို လေ့လာနိုင်တဲ့ လွမ်ပရာဘွမ်ဟာ မဲခေါင်နဲ့ သူ့ရဲ့ မြစ်လက်တက်တခုဖြစ်တဲ့ Nam Khan မြစ်မှာ တည်ရှိပါတယ်။
လာအိုနိုင်ငံရဲ့ မြောက်ပိုင်းမှာရှိတဲ့ လွမ်ပရာဘွမ်ဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ဖေဖော်ဝါရီလအတွက် မဖြစ်မနေခရီးသွားရမယ့် ဒေသပါပဲ ဖြစ်ပါတယ်။ လာအိုနိုင်ငံမှာတော့ ဖေဖော်ဝါရီလ ဟာ ခြောက်သွေ့တဲ့ ရာသီဥတုကိုရောက်နေပြီဖြစ်ပေမယ့် နေရောင်ကတော့ မပူပြင်းသေးပေမယ့် လေတော့ထန်စပြုလာပြီ ဖြစ်ပါတယ်။
လာအိုနိုင်ငံရဲ့ ထူးခြားတဲ့ရှေးဟောင်းမြို့တော်ဖြစ်တဲ့ လွမ်ပရာဘွမ်မြို့ဟာ အကွေ့အကောက် များတဲ့ တောင်ပေါ်မြို့လေးတမြို့ပါပဲ။ နေရာတိုင်းဟာ အံ့အားသင့်စရာကောင်းတဲ့ ရှုမျှော်ခင်းတွေလို့ ဆိုရမှာ ဖြစ်ပါတယ်။ လူကြိုက်များတဲ့ရေတံခွန်တွေ နဲ့ ပြင်သစ်ခေတ်ကိုလိုနီဗိသုကာလက်ရာတွေကလည်း လွမ်ပရာ ဘွမ်ဟာ ခရီးသွားတွေကို ဆွဲဆောင်တတ်ပါတယ်။
Pak Ou ဂူကတော့ ထောင်ပေါင်းများစွာသော ဗုဒ္ဓရုပ်ပွားတော်တွေ တည်ထားတဲ့နေရာတ နေရာပါ။ Wat Xieng Thong ကတော့ လွမ်ပရာဘွမ်မြို့အတွက် အရေးကြီးတဲ့ဘုရားကျောင်းတော် ကြီးပါပဲ။ Phousi တောင်နဲ့ Kuang Si ရေတံခွန်တွေကလည်း လည်ပတ်လို့ကောင်းတဲ့နေရာတွေပါ။ လွမ်ပရာဘွမ်မြို့ မှာဆိုရင်တော့ အံ့အားသင့်စရာ ကောင်းတဲ့ကော်ဖီဆိုင်တွေနဲ့ အရသာမျိုးစုံရော နှောထားတဲ့ အချိုရည်တွေကလည်း ခရီးသွားတွေကို အကြိုက်တွေ့စေပါတယ်။
လွမ်ပရာဘွမ်ဟာ ခရီးသွားတွေအတွက်တော့ စိတ်ရောကိုယ်ပါနုပျိုလန်းဆန်းစေပြီး ဒေသ ခံတွေကလည်း နွေးထွေးဖော်ရွေကြပါတယ်။ စားသောက်ဆိုင်တွေကလည်း လူတွေစည်ကားနေ တတ်တဲ့အတွက် တခါတလေမှာတော့ စားသောက်ဆိုင်ရဲ့ ဝန်ဆောင်မှုတွေက အနည်းငယ်နှောင့် နှေးကောင်း နှောင့်နှေးနိုင်ပါတယ်။
တကယ်တော့ လွမ်ပရာဘွမ်မြို့ဟာ လာအိုနိုင်ငံရဲ့ ယဉ်ကျေးမှုတွေ ပေါင်းစုံနေတဲ့နေရာ တနေရာဖြစ်သလို ဖေဖော်ဝါရီလအတွက် ခရီးထွက်သင့်တဲ့ အရှေ့တောင်အာရှရဲ့ နေရာလေးတနေ ရာပါပဲ။
Ref; topsvietnam