တရုတ်နှစ်ကူးကာလ ဘန်ကောက်မြို့သည် တရုတ်ခရီးသည်များအဖို့ နိုင်ငံတကာ လည်ပတ်စရာ နေရာများထဲတွင် ထိုင်ဝမ်ပြီးပါက ဒုတိယ ရေပန်းအစားဆုံး ဖြစ်နေကြောင်း Airbnb ထံမှ အချက် အလက်များအရ သိရသည်။
ထိုင်း Airbnb လုပ်ငန်းသည် ယခုနှစ်တရုတ်နှစ်ကူးချိန်တွင် ခရီးသည် ၄၄၀၀၀ ထံမှ ဝင်ငွေ ဘတ် ၁၈၆ သန်းရရှိခဲ့သဖြင့် ယမန်နှစ်အလားတူကာလထက် ၅၀ ရာခိုင်နှုန်း ခုန်တက်သွားခဲ့သည်။
တရုတ်နှစ်သစ်ကူးခရီးသွားရာသီ ၈ ရက်တာအတွင်း ပုံမှန် ဧည့်သည် ဝန်ဆောင်မှု(host)တခုလျှင် Airbnb လုပ်ငန်း အတွက် ဘတ် ၄၃၀၀၀ ဝင်ငွေရရှိခဲ့သည်။
တကမ္ဘာလုံး အတိုင်းအတာဖြင့် တရုတ်နှစ်ကူးချိန်ကာလ၌ တရုတ်နိုင်ငံမှ ခရီးသွားဧည့်သည်ရောက် ရှိမှု ၁၀၀ ရာခိုင်နှုန်း တိုးတက်လာကြောင်း Airbnb က ရှုမြင်သုံးသပ်သည်။
တရုတ်ပြည်မကြီးများမှ ခရီးသည်များ ပိတ်ရက်ရှည်ရ၍ အလုံးအရင်းဖြင့် ပြည်ပထွက်ကာ လည်ပတ် ကြသဖြင့် ယခုနှစ် အားလပ်ရက်ကို ကမ္ဘာ့အကြီးဆုံး နှစ်စဉ် လူဝင်မှုအဖြစ် ဖော်ပြသည်။
. Airbnb အွန်လိုင်းဝန်ဆောင်မှုဖြင့် ကြိုတင်စာရင်း ပေးမှာ ကြားကြသည့် တရုတ်ခရီးသည်အများစုမှာ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်တွင် မွေးဖွားကြသည့် လူငယ်များဖြစ်ကြပြီး ၁၉၈၀ ပြည့်လွန်နှင့် ၁၉၉၀ ပြည့်လွန်နှစ်များတွင် မွေးဖွားကြသူများမှာ ၈၀ ရာခိုင်နှုန်းရှိသည်။ အချို့သောကြိုတင်မှာယူမှု ၆၀ ရာခိုင်နှုန်းမှာ ၃ ယောက်၁ဖွဲ့ (သို့မဟုတ်) ထို့ထက်ပိုသည့် အရေ အတွက်ဖြင့် ခရီးသည်များ ဖြစ်ကြသည်။
“ထိုင်းတွေရဲ့စိတ်အားထက်ထက်သန်သန်နဲ့ ပျူငှာတဲ့ကြိုဆိုမှုက ခရီးသွားလုပ်ငန်း ရဲ့အရေးကြီးတဲ့ အမျိုးအစားတရပ် အနေနဲ့ ရှေ့တန်းရောက်ပါတယ်။ ဒါဟာ ဒေသခံလူထုက မောင်းနှင်ပေးတာပါ။ စစ်မှန်ပြီး ရေရှည်တည်တံ့ပါတယ်” ဟု Airbnb ၏ အရှေ့တောင်အာရ ှပြည်သူ့ မူဝါဒခေါင်းဆောင် မိုက်ဂို့က ပြောသည်။
“ဒေသခံ အိမ်ရှင် ထိုင်းအသိုင်းအဝိုင်းရဲ့ စွမ်းရည်နဲ့ အိမ်နီးချင်း နိုင်ငံတွေဆီ ခရီးသွား လုပ်ငန်း ပိုအား ကောင်းလာစေဖို့ Airbnb က အာရုံစိုက်လုပ်ဆောင်နေပါတယ်။ အိမ်နီးချင်းနိုင်ငံတွေဆီကို ကျနော်တို့ လုပ်ငန်းရဲ့ host တွေ ဖိတ်ခေါ်နိုင်တဲ့ စီးပွားရေး လုပ်ဆောင်ချက်တွေ မောင်းနှင်ဖို့ အထောက်အကူ ဖြစ်စေပါတယ်”
ဟိုတယ်လိုင်စင်မရှိဘဲ ပုဂ္ဂလိကနေအိမ်များကို ရက်ပိုင်း ငှားရမ်းမှုကို ထိုင်းနိုင်ငံတွင် တရားမဝင် သတ် မှတ်ထား သော် လည်း Airbnd အွန်လိုင်း ခရီးသွား ဝန်ဆောင်မှု သုံးစွဲသူ အမြောက်အမြားမှာ ထိုင်း၌ ရှိနေဆဲဖြစ်ပြီး အချို့ Airbnb ဝန်ဆောင်မှုဖြင့် နေရာငှားစားသူများမှာ လိုင်စင်မပါဘဲ လုပ်ကိုင်မိကြ သဖြင့် ဒဏ်ငွေကြီးလေးစွာပေးဆောင်နေရသည်။