မော်တော်ကားဟာ ဒီနေ့မျက်မှောက်ကမ္ဘာကြီးအတွက် မရှိမဖြစ်တဲ့စက်တပ်ယာဉ်ပါ။ ဒါပေမယ့် တချို့နေရာ တွေမှတော့ မော်တော်ကားစီးတာကို တားမြစ်ထားပါတယ်။ အဲဒီနေရာတွေအကြောင်း ဖော်ပြပေးချင်ပါတယ်။
(၁) Venice (Italy)
အီတလီနိုင်ငံ ၊ Venice မြို့ရဲ့ တချို့နေရာ စက်ဘီးစီးခွင့်ပြုထားပေမယ့် ကားကိုတော့ စီးခွင့်မပြုပါဘူး။ တနေရာနဲ့ တနေရာသွားတဲ့အခါမှာတော့ ရေလမ်း ဒါမှမဟုတ် လမ်းလျှောက်သွားလေ့ရှိကြပါတယ်။ Venice မြို့ရဲ့ အလှတရား ကို ခံစားနိုင်ဖို့အတွက်ဆိုရင်တော့လည်း လမ်းလျှောက်လည်ပတ်ရတာကပဲ ပိုပြီးကောင်းပါလိမ့်မယ်။ Venice မြို့ဟာ ဥရောပတိုက်ရဲ့ ကားကင်းမဲ့ဇုံတခုပါပဲ။
(၂) Mackinac Island (Michigan)
၁၉ ရာစုနှောင်းပိုင်လောက်ကတည်းက Mackinac ကျွန်းဟာ ခရီးသွားတွေကို ဆွဲဆောင်လာနိုင်ခဲ့ တဲ့ နေရာတနေရာ ပါ။ ၁၈၉၈ ခုနှစ်မှာတော့ စက်တပ်ယာဉ်တွေသွားလာခွင့်ကို တားမြစ်ခဲ့ပါတယ်။ Mackinac ကျွန်းကိုရောက်ရှိနိုင်ဖို့ ဆိုရင်တော့ လှေ ဒါမှမဟုတ် ကူးတို့ကိုသာ အသုံးပြုပါတယ်။ ကျွန်းပေါ်မှာ လည်ပတ်သွားလာချင်တယ်ဆိုရင်လည်း မြင်းလှည်း နဲ့ စက်ဘီးအသုံးပြုလေ့ရှိကြသ လို တချို့တွေကလည်း လမ်းလျှောက်လည်ပတ်လေ့ရှိကြပါတယ်။
(၃) Giethoorn (Netherlands)
အငယ်စား Venice လို့တင်စားခေါ်ဝေါ်လေ့ရှိတဲ့ Giethoorn ရွာဟာ နယ်သာလန်နိုင်ငံရဲ့ ချစ်စရာ ကောင်းတဲ့ ကျေးရွာပါ။ ဒီကျေးရွာကလေး ဖွံ့ဖြိုးတိုးတက်နေတဲ့အချိန်မှာ လူတွေက ကားကိုတောင် မတီထွင်ရသေးပါဘူး။ ယနေ့တိုင်အောင်လည်း Giethoorn ရွာဟာ သွားလာရေးအတွက် လှေကို သာအသုံးပြုလေ့ရှိကြပါတယ်။
Ref:worldatlas