Travel

ရန်ကုန်မြို့ က အမျိုးသားပြတိုက်

Want create site? Find Free WordPress Themes and plugins.

နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ သက်ဆိုင်ရာအမျိုးသားပြတိုက်တွေရှိတတ်ကြတာက ဓမ္မတာပါပဲ။ အမျိုးသား ပြတိုက်တွေဟာ သက်ဆိုင်ရာ ယဉ်ကျေးမှု ၊ အနုပညာနဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကို စုဆောင်းထားတဲ့ နေရာတခု ဆိုရင် လည်း မှားမယ်တော့မဟုတ်ပါဘူး။

မြန်မာနိုင်ငံမှာလည်း မြန်မာနိုင်ငံသားတွေနဲ့သက်ဆိုင်တဲ့ အမျိုးသားပြတိုက်ဆိုတာ ရှိပါတယ်။

မြန်မာ့ပထမဆုံးအမျိုးသားပြတိုက်ကိုတော့ ၁၉၅၂ ခုနှစ် ၊ ဇွန်လမှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ရွှေတိဂုံဘုရားလမ်းက ဂျူဗလီဟောအဆောက်အဦမှာ ပါ။

၁၉၇၀ ခုနှစ်မှာတော့ ပန်းဆိုးတန်းလမ်း ၊ ဂရင်းလေးဘဏ်ကို ပြောင်းရွှေ့ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာတော့ အခုလက်ရှိ တည် နေရာဖြစ်တဲ့ ဒဂုံမြို့နယ်ထဲက ပြည်လမ်းကို ပြောင်းရွှေ့ ခဲ့ပြီး ၁၉၉၆ ခုနှစ် ၊ စက်တင်ဘာ ၁၈ ရက်နေ့မှာ အများ ပြည် သူတွေ လေ့လာနိုင်ဖို့ ဖွင့်လှစ် ပေးခဲ့ပါတယ်။

အမျိုးသား ပြတိုက်ကြီးမှာ မြန်မာနိုင်ငံသားတွေနဲ့ သက်ဆိုင်တဲ့ သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာတွေ ကျောက်စာ နဲ့ အနု ပညာ ဆိုင်ရာ ပစ္စည်းတွေအပြင် အဖိုးမဖြတ်နိုင်တဲ့ ရှေး ဟောင်း အမွေအနှစ်တွေကိုပါ ထိန်းသိမ်း စောင့်ရှောက် ထား ပါတယ်။

ပြည်လမ်းမှာရှိတဲ့အမျိုးသားပြတိုက်ဟာ ငါးထပ်မြင့်အဆောက်အဦဖြစ်တဲ့ပြီး အလျား ပေ ၃၈၀ ၊ အနံ ပေ ၂၀၀ ၊ အမြင့် ပေ ၈၀ ရှိပါတယ်။

မြေညီထပ်မှာ ဆိုရင်တော့ မြန်မာအက္ခရာနှင့် လက်ရေးမူပြခန်း ၊ ရတနာပုံခေတ်ပြခန်း နဲ့ သီဟာသနပလ္လင်ပြခန်းဆိုပြီး အခန်း ၃ ခန်း ခွဲခြားထားပါတယ်။ မြန်မာအက္ခရာနှင့် လက်ရေးမူပြခန်းမှာဆိုရင်တော့ ဘီစီ ၃ ရာစုကနေ အေဒီ ၂၀ ရာစု အထိ အဆင့်ဆင့်တိုးတက် ပြောင်းလဲလာခဲ့တဲ့ မြန်မာအက္ခရာစဉ်တွေကို လေ့လာနိုင်ပါတယ်။

ပျူခေတ်မှာ ရေးခဲ့ကြတဲ့ ပျူခေတ် ဗျည်းပုံစံ အရေးအသားနဲ့ ပုဂံခေတ်မှာ ရေးသားခဲ့ကြတဲ့ ပုဂံခေတ်ဗျည်း အရေး အသားတွေကို လည်း လေ့လာနိုင်ပါသေးတယ်။

မြန်မာအက္ခရာနှင့် လက်ရေးမူ ပြခန်းမှာဆိုရင်တော့ ဇော်ဂျီ ၊ မင်းသုဝဏ်၊ ရန်အောင်၊ သိပ္ပံ မောင်ဝ အစရှိတဲ့ ၂၀ ရာစု မြန်မာ စာရေးဆရာကြီး တွေရဲ့ လက်ရေးမူ တွေကိုပါ ပြသထားပါသေးတယ်။

ရာဇကုမာရ် ကျောက်စာအပြင် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) က ၂၀၁၅ခုနှစ်မှာ ကမ္ဘာ့ မှတ်တမ်း အမွေအနှစ် အဖြစ် အသိအမှတ် ပြုခဲ့တဲ့ မြစေတီ ကျောက်စာနဲ့ ၂၀၁၅ ခုနှစ်မှာပဲ ကမ္ဘာ့ မှတ်တမ်း အမွေ အနှစ် စာရင်းဝင် အလောင်းမင်းတရားရဲ့ရွှေပေလွှာကို လည်း လေ့လာနိုင်ပါတယ်။

ဒီရွှေပေလွှာဟာ အလောင်းမင်းတရားက အင်္ဂလန်နိုင်ငံ ဒုတိယမြောက် ဂျော့ဘုရင်ကိုပေးပို့ခဲ့တဲ့ ပတ္တမြားကျောက်စီ ရွှေပေလွှာပါပဲ။

ရတနာပုံခေတ် ပြခန်းမှာ ဆိုရင်တော့ သီပေါဘုရင် ထိုင်ခဲ့တဲ့ ဆင်စွယ်ကုလားထိုင် ၊ ဒုရင်တော် ၊ မန္တလေး မြနန်းစံ ကျော် ရွှေနန်းတော်ရဲ့ ပုံစံငယ်တွေ ၊ ဓာတ်ပုံနဲ့ ပန်းချီကားတွေ ၊ နန်းတွင်းသုံးပရိ ဘောဂပစ္စည်းတွေနဲ့ တော်ဝင်မျိုး နွယ် တို့ရဲ့ အခမ်းအနား သုံး ဝတ်စုံတွေကို ပြသထားပါတယ်။

နောက်ပြခန်းကတော့ သီဟာသနပလ္လင်ပြခန်းပါပဲ။ ဒီပြခန်းကတော့ အမျိုးသား ပြတိုက်ရဲ့ အဓိကပြသပစ္စည်းဖြစ် ပါတယ်။

သီဟသနပလ္လင်

ယမနေသားနဲ့ ထုလုပ်ထားတဲ့ သီဟာသန ပလ္လင်ဟာ နှစ်ပေါင်း ၁၅၀ သက်တမ်းရှိပြီဖြစ်ပြီး ရွှေချထားပါတယ်။

သီဟာသန ပလ္လင်ဟာ ၁၉၀၂ ခုနှစ်မှာ ဗြိတိသျှတွေက အိန္ဒိယကိုယူဆောင်သွားခဲ့ပြီး ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ် လပ်ရေးရပြီးမှ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ သီဟာသန ပလ္လင်ကိုတော့ ဘုရင် တရားစီရင်ဆုံးဖြတ် ရာမှာ အသုံးပြုပါတယ်။

မြေညီထပ် တထပ်မှာ တင်ပဲ လေ့လာစရာတွေကအများကြီးပါ။ ပထမထပ်မှာ ဆိုရင်တော့ မင်းခမ်းတော် ပစ္စည်းများ ပြခန်း ၊ မြန်မာ့မြို့ပြ ယဉ်ကျေးမှုပြခန်း ၊ သဘာဝသမိုင်းနှင့် မြန်မာ့သမိုင်း မတင်မီ ခေတ် ပြခန်းဆိုပြီး ၃ ခန်းခွဲထား ပါ တယ်။

မင်းခမ်းတော် ပစ္စည်းများ ပြခန်းမှာ ဆိုရင် ရွှေသားစစ်စစ်နဲ့ လုပ်ထားတဲ့ နန်းတွင်းသုံး ပစ္စည်းတွေကို ပြသထားပါတယ်။

ရှေးတုန်းက နန်းတွင်းသုံးပစ္စည်းတွေဟာ ရွှေအစစ်ကိုသာအသုံး ပြုလေ့ရှိပြီး ကျောက်မျက်ရတနာတွေပါ စီခြယ်ထား ပါတယ်။

မြို့ပြ ယဉ်ကျေးမှု ပြခန်းမှာ ဆိုရင် မြေမီးဖုတ် အုတ်ခွက် ဘုရားတွေ ၊ ပုဂံမှာ ရှိတဲ့ စေတီတော်တွေရဲ့ ဓာတ်ပုံနဲ့ ပန်းချီ ကားတွေ ၊ အေဒီ ၁၀ ရာစုကနေ ၁၃ ရာစုအတွင်းက ကျောက်စာတွေကို ကူးရေးထားတဲ့ မင်ကူးတွေအပြင် ပင်းယ ခေတ်ကနေ ကုန်းဘောင်ခေတ်အထိထွန်းကားခဲ့ တဲ့ လက်ရာပစ္စည်းတွေကို လေ့လာနိုင်ပါတယ်။

အဲဒီပြခန်းမှာ ဆိုရင်တော့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်တဲ့ သရေခေတ္တရာက ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းတွေ ကိုလည်း ပြသထားပါတယ်။

သရေခေတ္တရာ ပျူမြို့ဟောင်းမှ တူးဖော်ရရှိသည့် ရှေးဟောင်းပစ္စည်းများ / ညီညီသူ

သဘာဝသမိုင်းနှင့် မြန်မာ့သမိုင်း မတင်မီခေတ် ပြခန်းမှာဆိုရင်တော့ မြန်မာနိုင်ငံမှာ တွေ့ခဲ့ရတဲ့ လွန်ခဲ့တဲ့ နှစ်သန်း ပေါင်း ၄၀ ကျော်က ပရိုင်းမိတ်တွေ ၊ ကုန်းနေ ၊ ရေနေ ကျောရိုးရှိ ကျောရိုးမဲ့ သတ္တဝါတွေရဲ့ ကျောက်ဖြစ် ရုပ်ကြွင်း တွေကို ပြသထားပါတယ်။

အဲဒီပြခန်းမှာ ဆိုရင်တော့ လွန်ခဲ့တဲ့ နှစ် ၁သောင်းလောက်က ပြဒါးလင်းဂူယဉ်ကျေးမှုအထောက်အထားတွေ နဲ့ ကြေးခေတ် ယဉ်ကျေးမှု အထောက်အထားတွေကိုလည်း တွေ့ရှိနိုင်ပါသေးတယ်။

ညောင်ကန်ကြေးခေတ်ယဉ်ကျေးမှု

ဒုတိယထပ်မှာ ဆိုရင်တော့ မြန်မာ့လက်မှု အနုပညာပြခန်းနဲ့ မြန်မာ့ သုခုမ အနုပညာပြခန်း ဆို ပြီး ၂ ခန်းခွဲထား ပါတယ်။

မြန်မာ့လက်မှု အနုပညာ ပြခန်းမှာ ဆိုရင်တော့ ယုံကြည် ကိုးကွယ်မှုနဲ့ ဆိုင်တဲ့ ပစ္စည်းတွေ ၊ မြန်မာတွေ အသုံးပြုခဲ့တဲ့ ခရီးသွားလာမှု ဆိုင်ရာ ပစ္စည်းတွေ၊ ရက်ကန်း ပစ္စည်းတွေ၊ မြန်မာ့ရိုးရာပန်း ၁၀ မျိုး အနုပညာ လက်ရာတွေအပြင် မြန်မာ့ရိုးရာကလေးကစားစရာ ပစ္စည်းတွေကိုပါ ပြသထားပါတယ်။

မြန်မာ့ သုခုမ အနုပညာ ပြခန်းမှာ ဆိုရင်တော့ မြန်မာ့ဆိုင်းဝိုင်း ၊ စောင်းတူရိယာ အမျိုးမျိုးနဲ့ တိုင်းရင်းသားတွေရဲ့ တူရိယာပစ္စည်းများအပြင် မြန်မာ့ရုပ်သေးတွေကိုပါ ပြသထားပါတယ်။

မြန်မာ့ရိုးရာ ဆိုင်းဝိုင်း / ညီညီသူ
မြန်မာစောင်း
မြန်မာ့ရုပ်သေး

တတိယထပ်မှာဆိုရင်တော့ မြန်မာပန်းချီခန်းမဆောင်နဲ့ မြန်မာ့ရှေးဟောင်း အဆင်တန်ဆာ ရတနာပြခန်းဆိုပြီး ခွဲခြားထားပါတယ်။

ဆရာမြို့ရေးဆွဲထားတဲ့ ရှေးမြန်မာ မိသားစု ပန်းချီကားတွေဟာ ကုန်းဘောင် ခေတ်နှောင်းပိုင်း မြန်မာမိသားစုတွေကို ရေးဆွဲထားပါတယ်။ သွပ်ပြားပေါ်မှာ ရေဆေး၊ ဆီဆေး အထူနဲ့ ရေးဆွဲထားတဲ့ ဆရာ ဦးခင်မောင်ရဲ့ ဇာတ်ကြီး ၁၀ ဘွဲ့ ပန်းချီကားတွေကလည်း တမူထူးခြားနေပါတယ်။

တေမိမင်းသားကို စကားပြော လာအောင် ရင်သားလှစ်ပြထားတဲ့ အမျိုးသမီးတွေက ဆွဲဆောင်နေနဲ့ တေမိ ဇာတ်တော် ပန်းချီကား ကလည်း တမျိုးဆန်းသစ်နေပါတယ်။ ဒီပန်းချီကားတွေကိုတော့ ဆရာဦးခင်မောင်က ၁၉၂၆ ခုနှစ်မှာရေး ဆွဲခဲ့ပါတယ်။

ဆရာဘဉာဏ် ရေးဆွဲထားတဲ့ ပန်းချီကား အများအပြားကိုလည်း တွေ့နိုင်ပါသေးတယ်။

မြန်မာ့ ရှေးဟောင်း အဆင်တန်ဆာ ရတနာပြခန်းမှာ ဆိုရင်တော့ ပျူခေတ်ကနေ ရတနာပုံ ခေတ်အထိ ဝတ်ဆင်လာ ခဲ့ကြတဲ့ ရှေးဟောင်းလက်ဝတ်ရတနာပစ္စည်းတွေကို ပြသထားပါတယ်။

စတုတ္ထထပ်မှာဆိုရင်တော့ ဗုဒ္ဓ အနုပညာပြခန်း ၊ တိုင်းရင်းသာ းယဉ်ကျေးမှု ပြခန်းနဲ့ အာဆီယ ံပြခန်ဆိုပြီး ၃ ခန်း ခွဲထားပါတယ်။

ဗုဒ္ဓ အနုပညာ ပြခန်းမှာ ဆိုရင် ပျူခေတ်ကနေ ရတနာပုံခေတ် အဆက်ဆက် ဗုဒ္ဓ ရုပ်ပွားတော်တွေနဲ့ အုတ်ခွက်ဘုရား တွေအပြင် မျက်မှောက်ခေတ် ဗုဒ္ဓဆင်းတုတော် အမျိုးမျိုးကို ပြသထားပါ တယ်။

တိုင်းရင်းသား ယဉ်ကျေးမှု ပြခန်းမှာ ဆိုရင်တော့ ပြည်ထောင်စုဖွား တိုင်းရင်းသား မျိုးနွယ်စု အသီးသီးရဲ့ ဝတ်စား ဆင် ယင် ထုံးဖွဲ့ပုံ တွေကို သရုပ်ဖော် ရုပ်လုံးတွေနဲ့ ပြသထားတဲ့ အပြင် တိုင်းရင်းသား တွေအသုံးပြုတဲ့ တူရိယာတွေနဲ့ ရိုးရာဓလေ့ ဆိုင်ရာပစ္စည်းတွေကို ဖော်ပြထားပါတယ်။

တိုင်းရင်းသား ဝတ်စုံများ / ညီညီသူ

နောက်ထပ် ပြခန်းကတော့ အာဆီယံပြခန်းပါ။ ဒီပြခန်းမှာဆိုရင်တော့ အာဆီယံ ၁၀ နိုင်ငံရဲ့ ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းတွေကို ပြသထားပါတယ်။

ရန်ကုန် ၊ အမျိုးသားပြတိုက်ကို သွားရောက်လည်ပတ်ချင်တယ်ဆိုရင်တော့ အချိန်လုံလုံ လောက်လောက်ပေးဖို့ လိုအပ်ပါတယ်။

အချိန် လုံလောက်မှလည်း သေချာစေ့ငုစွာ လေ့လာနိုင်ပါ လိမ့်မယ်။ ရန်ကုန်အမျိုးသားပြတိုက်ဟာ ဧရိယာအားဖြင့် ၃ဒဿမ ၈၀၄ ဧကကျယ်ဧန်းပါတယ်။ ဝင်ကြေးအနေနဲ့ကတော့ လူတယောက်ကို ၅၀၀ ကျပ်ဖြစ်ပြီး နံနက် ၉ နာရီခွဲ ကနေ ညနေ ၄ နာရီ ခွဲအထိ ဖွင့်လှစ်ထားပါတယ်။ ပိတ်ရက်ကတော့ တနလာၤနေ့နဲ့ အစိုးရရုံးပိတ်ရက်တွေပါပဲ။

Ref:myanmartravelinformation & en.wikipedia

Did you find apk for android? You can find new Free Android Games and apps.
Loading