ကမ္ဘာအနှံ့က လူတွေဟာ ကိုယ်နေထိုင်တဲ့မြို့ ဖွံ့ ဖြိုးတိုးတက်လာဖို့ နည်းလမ်းအမျိုးမျိုးနဲ့ ကြံဆကြပါ တယ်။ အခုဖော်ပြပေးမယ့်မြို့တွေကတော့ ကမ္ဘာပေါ်မှာ နည်းပညာဆန်းသစ်မှု ၊ ဗိသုကာပညာ ဆန်းသစ်တီထွင်မှုတွေမှာ ထိပ်ဆုံးက ရှိနေတဲ့ မြို့တွေပါ။
(၁) Tokyo(Japan)
ခေတ်ပြိုင် ဗိသုကာပညာတွေ ၊ နောက်ဆုံးပေါ် နည်းပညာတွေကြောင့် ဂျပန်နိုင်ငံ တိုကျိုမြို့ လမ်းမတွေဟာ စည်ကားနေတတ်သလို မိုးမျှော်တိုက်တွေကလည်း အများအပြားပါပဲ။ မြို့ ပြရဲ့ အမှတ် လက္ခဏာတခုဖြစ်တဲ့ နီယွန်မီးရောင်တွေကလည်း တိုကျို မြို့ပြညတွေကို ဖမ်းစားနေပါတယ်။ စမတ် ဖုန်းနည်းပညာတွေ၊ စက်ရုပ်နဲ့ မော်တော်ကား တီထွင်ဖန်တီးမှုတွေမှာဆိုရင်လည်း တိုကျိုမြို့ဟာ ကမ္ဘာ့ထိပ်တန်း မြို့တမြို့ပါ။ နောက်ထပ်မြင်ရမှာကတော့ ခေတ်သစ်ရေစီးကြောင်းမှာ အချက်အချာကျတဲ့ ပညာရေးရင်းနှီးမြှုပ်နှံမှုပါ။
(၂) Singapore
စင်ကာပူကတော့ ခေတ်သစ်အာရှ ထိပ်တန်းမြို့တမြို့ပါ။ အရင်တချိန်ကတော့ ဂျပန်၊ ဗြိတိသျှနဲ့ မလေးရှားနိုင်ငံတို့ရဲ့ ကိုလိုနီနယ်မြေတခု ဖြစ်ခဲ့ပေမယ့် ၁၉၆၅ ခုနှစ်မှာတော့ လွတ်လပ်ရေး ရခဲ့ပါတယ်။ စင်ကာပူရဲ့ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်တဲ့ လီကွမ်းယူက နှစ်ပေါင်း ၃၀ လောက်ကြာအောင် တိုင်းပြည်ကို ဦးဆောင်ပြီးတဲ့ နောက်မှာတော့ စင်ကာပူဟာ ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင်လာခဲ့ပါတယ်။ ရာဇဝတ်မှုတွေကိုလည်း တင်းကြပ်တဲ့ ဥပဒေတွေနဲ့ ထိန်းချုပ်ထားသလို ပညာရေးစနစ် ကောင်းမွန်ပြီး စီးပွားရေး အခွင့်အလမ်း ပေါများတဲ့ နေရာ တနေရာပါ။
(၃) Tallinn(Estonia)
အက်စ်တိုးနီးယားနိုင်ငံဟာ ၁၉၉၁ ခုနှစ်မှာ ရုရှားနိုင်ငံဆီက လွတ်လပ်ရေးရခဲ့ပါတယ်။ ဒါပေမယ့် လည်း နည်းပညာ တော်လှန်ရေးကြောင့် အက်စ်တိုးနီးယားနိုင်ငံဟာ လျင်လျင်မြန်မြန်ပဲ တိုးတက် လာခဲ့ပါတယ်။ အက်စ်တိုးနီးယား နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့Tallinn မြို့ကလည်း ကယ်လီဖိုးနီးယားရဲ့ ဆီလီကွန်ချိုင့်ဝှမ်းနဲ့ ခပ်ဆင်ဆင်ပါပဲ။
၂၀၀၂ ခုနှစ်တော့ အက်စ်တိုးနီးယားအစိုးရဟာ လူစည်ကားရာ နေရာ အများအပြားမှာ Free Wi-Fi ရအောင် စွမ်းဆောင်နိုင်ခဲ့သလို ၂၀၀၇ ခုနှစ်မှာတော့ အွန်လိုင်းကနေ မဲပေးတဲ့စနစ်ကို စတင်ခဲ့ပါတယ်။ မြန်နှုန်းမြင့် အင်တာနက်လိုင်းဆွဲအားတွေကို လည်း ၂၀၁၂ ကတည်းကစတင်နိုင်ခဲ့ပါတယ်။ အဲဒီအချိန်ဟာ အမေရိကန် နဲ့ ဗြိတိန်နိုင်ငံတွေမှာ အင်တာနက်လိုင်းဆွဲအားတွေက အက်စ်တိုးနီးယားနိုင်ငံလောက်တောင် မကောင်းမွန်ခဲ့ပါဘူး။
(၄) Helsinki(Finland)
Helsinki မြို့ကလည်း သူတိုရဲ့နည်းပညာတိုးတက်မှုနဲ့အတူ ခေတ်မီမြို့ ပြစနစ်ကို တည်ထောင်နိုင်ခဲ့ ပါတယ်။ ဖင်လန်နိုင်ငံမှာဆိုရင်တော့ Helsinki မြို့ဟာ အဖွံ့ ဖြိုးဆုံးဖြစ်ပြီး မြို့တခုလုံးအနှံ့ကလည်း Free Wi-Fi ရတဲ့ နေရာတွေချည်းပါပဲ။ အခုလို တမြို့လုံးအနှံ့ Free Wi-Fi ပေးထားပေမယ့် အင်တာနက်ပြဿနာဟာ Helsinki မြို့မှာ ဘယ်တုန်းကမှမရှိခဲ့ပါဘူး။ ဒီမြို့မှာ နောက်ထပ်အရေးပါ တာတခုကတော့ ပညာရေးပါ။ Helsinki မြို့မှာဆိုရင်တော့ တက္ကသိုလ်ပေါင်း ၈ ခုရှိသလို ခေတ်မီ အဆောက်အဦတွေကလည်း အများအပြားပါပဲ။
(၅) Bangalore(India)
Bangalore မြို့ကတော့ အိုင်တီကဏ္ဍမှာ အကြီးမားဆုံး အစိတ်အပိုင်းတခုပါ။ အရည်အသွေးမြင့်ပြီး ဈေးနှုန်းချိုသာတဲ့ ကျွမ်းကျင် အလုပ်သမားဦးရေ ပေါများတဲ့အတွက်ကြောင့်လည်း အနောက်တိုင်းက Dell နဲ့ Linkedln လို ကုမ္ပဏီတွေက အိန္ဒိယရဲ့သန်းပေါင်းများစွာသော အင်ဂျင်နီယာတွေကို အလုပ်အကိုင် အခွင့်အလန် းဖန်တီးပေးခဲ့ပါတယ်။ ဒီနေ့မှာဆိုရင် Bangalore မြို့ဟာ ရုံးတွေ သုတေသနဌာနတွေနဲ့ ရှုပ်ထွေးလို့နေသလို အိန္ဒိယနိုင်ငံရဲ့ ဇီဝနည်းပညာဆိုင်ရာ ပညာရှင် တဝက်လောက်ကလည်း Bangalore ကပါ။
Ref : theculturetrip