ဗီယက်နမ်နိုင်ငံဟာ သဘာဝသယံဇာတ အရင်းအမြစ် ပေါကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံပါ။ အပေါများဆုံးကတော့ ကျောက်မီးသွေး၊ ကြေးနီ ၊ ရေနံနဲ့သဘာဝဓာတ်ငွေ့၊ ကျွန်းသစ် စတာတွေပါ။ အဓိက ပြည်ပကို တင်ပို့တာတွေ ကတော့ ကျောက်မီးသွေးနဲ့ ရေနံပါ။
ဗီယက်နမ်နိုင်ငံမှာ အဓိကထွက်တဲ့ တွင်းထွက်ပစ္စည်းကတော့ ကျောက်မီးသွေးပါပဲ။ တနိုင်ငံလုံးမှာရှိတဲ့ ကျောက်မီးသွေး လုပ်ငန်းတွေကို အစိုးရက ပိုင်ဆိုင်ထားပါတယ်။ ပြည်တွင်းလျှပ်စစ်ဓာတ်အားပေး စက်ရုံတွေအတွက် ဒီကျောက်မီးသွေးတွေကိုအသုံးပြုပြီး အာရှနဲ့ ပစိဖိတ်ဒေသတွေကိုလည်း တင်ပို့ရောင်းချပါတယ်။
အမေရိကန်နိုင်ငံရဲ့ ဘူမိဗေဒဌာနက ခန့်မှန်းထားချက်အရဆိုရင် ၂၀၀၉ ခုနှစ်မှာ ဗီယက်နမ်နိုင်ငံက ကျောက်မီးသွေးတန်ချိန်သန်းပေါင်း ၄၃၇၁၅ သန်း ထုတ်လုပ်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံပြီးရင် ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး ကျောက်မီးသွေးဓာတ်အားပေး စက်ရုံ တည်ရှိပါတယ်။
နောက်ထပ် ဗီယက်နမ်နိုင်ငံကထွက်တဲ့သတ္တုကတော့ ဘောက်ဆိုက်ပါ။ ဒီသတ္တုကနေ အလူမီနီယံ ကိုထုတ်ယူရရှိပြီး ဗီယက်နမ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး ဘောက်ဆိုက် သတ္တုတွင်းကို ပိုင်ဆိုင်ထားပါတယ်။ ဒီသတ္တုရိုင်းကနေလည်း ဗီယက်နမ် အစိုးရက ငွေကြေးအများအပြားရရှိနေပြီး တနှစ်ကို တန်ချိန် ၃ သောင်းလောက်ထုတ်ယူနေပါတယ်။
ဒါကြောင့်လည်း တန်ချိန် ၆ သိန်း လောက်ထုတ်ယူနိုင်ဖို့ အတွက် Dak Nong နဲ့ Lam Dong ပြည်နယ်တွေမှာ ဒေါ်လာဘီလီယံ ၁၅ ဒဿမ ၆ ဘီလီယံကုန်ကျမယ့် စီမံကိန်းကို ဆောင်ရွက်ခဲ့ပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေထဲမှာဆိုရင်တော့ ဗီယက်နမ်နိုင်ငံဟာ ရေနံအများဆုံးထုတ်လုပ်တဲ့ နိုင်ငံ ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။ ၂၀၁၆ ခုနှစ်မှာဆိုရင်တော့ ၂၀၁၅ ခုနှစ်ကထက် ၇ ဒဿမ ၃ ရာခိုင် နှုန်း ပိုထုတ်လုပ်နိုင်ခဲ့ပြီး အစိုးရဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းက ရေနံလုပ်ငန်းကနေရရှိနေပါတယ်။ မကြာခင်နှစ်တွေအတွင်းကပဲ ဗီယက်နမ်နိုင်ငံဟာ နိုင်ငံခြားရေနံကုမ္ပဏီတွေကို လာရောက်ဖွင့်လှစ် ခွင့်ပေးခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာတော့ ဗီယက်နမ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်တွင်း သဘာဝသယံဇာတ ထုတ်ယူနေမှုအပေါ်မှာ အခွန်တိုးမြှင့်ကောက်ခံခဲ့ပါတယ်။ သံလုပ်ငန်းတွေကို ၁၂ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းအထိ ၊ ရွှေကို ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ၊ ကြေးနီကို ၁၃ ရာခိုင်နှုန်းကနေ ၁၈ ရာခိုင်နှုန်းအထိ အခွန်တိုးမြှင့်ကောက်ခံခဲ့ပါတယ်။
ဗီယက်နမ်နိုင်ငံမှာ နောက်ထပ် တွင်းထွက်ပစ္စည်းတွေကတော့ ပတ္တမြားနဲ့ စိန်ပါ။ ဗီယက်နမ်နိုင်ငံမှာ အကြီးမားဆုံးလာရောက်ရင်းနှီးမြှုပ်နှံသူတွေကတော့ တောင်ကိုးရီးယားနိုင်ငံက ဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း ၁ ဒဿမ ၁ ဘီလီယံ ရင်းနှီးမြှုပ်နံှထားကြပါတယ်။
Ref : worldatlas