Travel

အမျိုးသမီးတွေရဲ့ ဘဝမှာ ဖခင်က အရေးပါတဲ့ အကြောင်းရင်း

အဖေတွေနဲ့ သမီးတွေရဲ့ ဆက်ဆံရေးဟာ ပြိုင်ဘက် ကင်းလွန်းပါတယ်။ ယခင်ကတော့ အဖေတွေဟာ သားကို ပိုပြီး လိုချင်ကြပေမယ့် သမီးတွေ ရရှိလာတဲ့အခါမှာလည်း အရာရာထက်ပိုပြီး ချစ်ကြတာကို တွေ့ရပါတယ်။ မိန်းကလေးဘဝကနေ အမျိုးသမီးဘဝကို ရောက်လာပြီး အိမ်ထောင်ဖက်တွေ ရွေးချယ်တဲ့ အခါ သူတို့ရဲ့ အဖေလို လူမျိုးကိုပဲ ရွေးချယ်ကြတဲ့ အထိ အဖေတွေရဲ့ လွှမ်းမိုမှုက ကြီးလွန်းပါတယ်။

ဒါကြောင့် ဒီတခါမှာ သမီးတွေအတွက် အဖေတွေဟာ အရာရာထက် ဘာကြောင့် အရေးပါရလဲဆိုတဲ့ အကြောင်းအရင်းတွေ ဖော်ပြပေးချင်ပါတယ်။

(၁) ငယ်ဘဝ

ယနေ့ခေတ်မှာ အဖေတွေဟာလည်း ကလေးတွေကို ထိန်းကျောင်းတာတွေ လုပ်လာကြပါပြီ။ မွေးပြီဆိုတဲ့ နေ့ကတည်းက အဖေတွေနဲ့ နီးနီးကပ်ကပ်နေရတာကြောင့် အဖေနဲ့ ရင်းနှီးမှုတွေ ပိုပြီးရှိလာပါတယ်။ အနှီးလဲပေးခြင်း၊ ချော့သိပ်ခြင်း၊ အစာကျွေးခြင်း စတာတွေကို အဖေတွေကလည်း ပြုလုပ်လာတာကြောင့် သမီးတွေရဲ့ မသိစိတ်ထဲမှာကအစ အဖေတွေက နေရာယူထားတာ ဖြစ်ပါတယ်။

(၂) သားအဖ ဆက်ဆံရေး

သားအဖ ဆက်ဆံရေး အဆင်ပြေတဲ့ အမျိုးသမီးတွေဟာ စိတ်ကျရောဂါ ဖြစ်ပွားမှုနည်းတယ်လို့ သိရပါတယ်။ သူမရဲ့ စိတ်ဖိစီးမှုတွေကို အဖေတွေက နားထောင်ပေးနိုင်ပြီး ကောင်းမွန်တဲ့ အကြံတွေ ပေးလေ့ရှိတာကြောင့် ဖြစ်ပါတယ်။ စိတ်ထဲရှိတာတွေ အားလုံးကို အမှန်အတိုင်းပြောခွင့်ရတဲ့ သားအဖဆက်ဆံရေးတွေကြောင့် အမျိုးသမီးတွေဟာ အဖေတွေကို ပိုမိုတွယ်ကပ်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

(၃) အချစ်ရေး

ဖခင်တွေဟာ သမီးတွေရဲ့ အချစ်ရေးမှာလည်း လွှမ်းမိုးမှုကြီးပါတယ်။ မိန်းကလေးတွေ ငယ်ငယ်လေးကတည်းက အနီးဆုံးနေခဲ့ရတဲ့ အမျိုးသားဟာ အဖေဖြစ်လို့ ချစ်သူရည်းစား ထားတော့မယ့် အချိန်မှာ သူမရဲ့ ဖခင်လိုဖြစ်မယ့် အမျိုးသားကို ရှာဖွေလေ့ရှိပါတယ်။ ဖခင်ဖြစ်သူက အမျိုးသမီးတွေ အပေါ် ဆက်ဆံပုံကို ကြည့်ပြီး သမီးဖြစ်သူက ယောက်ျားတွေအပေါ် ဆုံးဖြတ်လေ့ရှိလို့ ဖခင်တွေ အနေနဲ့ ဆင်ခြင်နေဖို့ လိုအပ်ပါသေးတယ်။

ဖခင်က အရေးကြီးပြီး သမီးမိန်းကလေးတွေဟာ ဖခင်ကို ပိုမိုတွယ်ကပ်ကြတယ်ဆိုပေမယ့် မိခင်တွေကလည်း အရေးပါတဲ့ နေရာမှာရှိပါတယ်။ မိခင်ဖြစ်သူဟာ အချစ်ရေးနဲ့ အခြားကိစ္စတွေ အားလုံးမှာ ဖခင်ကို ဘယ်လို ဆက်ဆံတယ်ဆိုတာ ကိုလည်း သားသမီးတွေက အတုယူတတ်ပါသေးတယ်။

Ref : lifehack

Loading