နိုင်ငံတိုင်းမှာ အလှကိုယ်စီရှိပြီး ထူးခြားတဲ့ စားစရာနဲ့ ရိုးရာဓလေ့တွေ ရှိကြပါတယ်။ ခမ်းနားတဲ့ သမိုင်းအစဉ်အလာတွေ နေရာဒေသတွေ ရှိပြီး ကမ္ဘာပေါ်မှာ နေထိုင်တဲ့ သူတွေအားလုံးက အဲဒီအရာတွေကို အလေးထားသင့်ပါတယ်။ အခုဖော်ပြပေးမယ့် နိုင်ငံတွေကတော့ ကမ္ဘာမှာ အလှဆုံးဆိုတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။
(၁) ကနေဒါ
ကနေဒါနိုင်ငံဟာ ကမ္ဘာပေါ်မှာ အလှပဆုံးနိုင်ငံစာရင်းရဲ့ နံပါတ် (၁) နေရာမှာ ရှိနေပါတယ်။ တောရိုင်းတိရစ္ဆာန်တွေ၊ လှပတဲ့ မြို့ပြတွေနဲ့ ကဗျာဆန်ဆန် လည်ပတ်စရာတွေ များပြားလွန်းတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။ တကမ္ဘာလုံးမှာ ရှိတဲ့ ရေကန်တွေရဲ့ ၆၀ရာခိုင်နှုန်းဟာ ကနေဒါနိုင်ငံမှာ တည်ရှိတာဖြစ်ပြီး အဓိက မြို့ကြီးတွေဖြစ်တဲ့ Ottawa, Montreal, Vancouver နဲ့ Toronto တို့မှာ အရမ်းလှပတဲ့ ဗိသုကာလက်ရာတွေ ရှိတယ်လို့ သိရပါတယ်။
(၂) အမေရိကန်နိုင်ငံ
အမေရိကန်နိုင်ငံဟာ ဖွံဖြိုးတိုးတက်မှု အမြင့်ဆုံးနိုင်ငံဖြစ်ပြီး လှပတဲ့ ရေမြေတောတောင်တွေ ရှိတဲ့ နို်င်ငံတခုလည်းဖြစ်ပါတယ်။ ကမ္ဘာလှည့်ခရီးသွားလာရောက်မှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး မြို့တိုင်းမှာ မတူညီတဲ့ အလှအပ တမျိုးစီရှိတဲ့ နိုင်ငံဖြစ်ပါတယ်။ အမေရိကန်နိုင်ငံသားတွေရဲ့ နေထိုင်မှုပုံစံတွေကို သိရဖို့အတွက် လော့စ်အိန်ဂျလစ်မြို့၊ နယူးယောက်မြို့နဲ့ ချီကာဂိုမြို့တွေကို လည်ပတ်နိုင်ပါတယ်။
(၃) အိန္ဒိယ
အလှပဆုံးနိုင်ငံစာရင်းရဲ့ တတိယနေရာမှာ ရှိနေတာကတော့ အိန္ဒိယနိုင်ငံပဲ ဖြစ်ပါတယ်။ လူဦးရေထူထပ်ပြီး ဆင်းရဲချမ်းသာ မညီမျှတဲ့ အိန္ဒိယနိုင်ငံမှာ လည်ပတ်စရာတွေကတော့ အသက်ရှု ရပ်သွားနိုင်လောက်အောင် လှပတဲ့ ဟိမဝန္တာတောင်တန်းတွေကနေ အိန္ဒိယ သမုဒ္ဒရာအထိ နေရာအစုံပဲ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ရှားပါးမျိုးစိတ်တွေဖြစ်တဲ့ ကျား၊ ခြင်္သေ့နဲ့ ဆင်တွေကို တွေ့ရှိနိုင်ပြီး လူမျိးစုပေါင်းများစွာ အကြောင်းကိုလည်း လေ့လာနိုင်ပါတယ်။
(၄) အိုင်ယာလန်
အိုင်ယာလန်နိုင်ငံဟာ ခရီးသွားတွေ အရမ်း သွားလေ့သွားထရှိတဲ့ နိုင်ငံတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အိုင်ယာလန်နိုင်ငံရဲ့ ကျေးလက်အလှအပတွေဟာ အရမ်းစွဲမက်စရာ ကောင်းလွန်းပါတယ်။ ကမ်းခြေတွေမှာ လည်ပတ်လို့ ရပြီး သမိုင်းဝင်နေရာ အမြောက်အမြားလည်း ရှိပါတယ်။ အိုင်ယာလန်နိုင်ငံက ထွက်တဲ့ ဘီယာဟာလည်း သွားရောက်လည်ပတ်သူတွေရဲ့ အကြိုက်တွေထဲက တခုဖြစ်ပါတယ်။
(၅) အီတလီ
နံပါတ် (၅) နေရာမှာ တည်ရှိနေတာကတော့ အီတလီနိုင်ငံပဲ ဖြစ်ပါတယ်။ လှပတဲ့ တောင်တန်းတွေမှာ တည်ရှိနေတဲ့ ဝိုင်ခြံတွေကြောင့် လည်ပတ်သူတွေများပြီး ဗင်းနစ်၊ ဖလောရင့်နဲ့ ရောမမြို့တွေဟာ သမိုင်းတွင်တဲ့ မြို့ကြီးတွေဖြစ်တာကြောင့် လည်ပတ်စရာတွေနဲ့ ဆွတ်ပျံ့လွမ်းမောစရာအတိတ်တွေကို သယ်ဆောင်ထားတဲ့ မြို့တွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အီတလီရိုးရာ စားစရာတွေကလည်း အရသာရှိ လွန်းတာကြောင့် အီတလီနိုင်ငံကို လည်ပတ်သူတွေ နှစ်သက်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။
Ref ; destinations