၂၀၁၈ ခုနှစ်အတွင်း စင်ကာပူနိုင်ငံရဲ့ ကမ္ဘာ့လှည့် ခရီးသွားဝင်ရောက်မှုနှုန်းဟာ ၁၈.၅ သန်းကျော်ရှိခဲ့လို့ ယခင်နှစ် ကထက် ၆ ဒဿမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ စင်ကာပူခရီးသွားအဖွဲ့က ဖေဖော်ဝါရီ ၁၃ မှာ ကြေညာခဲ့ ပါတယ်။
စင်ကာပူနိုင်ငံကို ခရီးသွားဝင်ရောက်မှု ၂၀၁၇ ခုနှစ်ကထက် ၁ ရာခိုင်နှုန်းမြင့်တက်လာအောင် ရည်ရွယ်ချက်နဲ့ အဆင်မြင့်တင်မွမ်းမံခဲ့ကြပြီး စင်ကာပူဒေါ်လာ ၂၇.၁ ဘီလီယံသုံးစွဲခဲ့တယ်လို့ STB ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အများဆုံးဝင်ရောက်လာတဲ့ ကဏ္ဍတခုကတော့ BTMICE ခေါင်းစဉ်အောက်ကနေ စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ အခမ်းအနား၊ ညီလာခံ၊ အစည်းအဝေး စသည်ကနေ အဖွဲ့အစည်း အများအပြားလာရောက်လည်ပတ်ခဲ့ မှုကနေလည်း စံချိန်တင်မြင့်တက်ခဲ့ပါတယ်။
မနှစ်က ဇန်နဝါရီလကနေ စက်တင်ဘာလထိ BTMICE ကြောင့် လာရောက်ခဲ့သူပေါင်းဟာ ၂၀၁၇ ခုနှစ်ကထက် ၁၀ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဝင်ငွေ စင်ကာပူဒေါ်လာ ၃.၄၄ ဘီလီယံရှိခဲ့ပါတယ်။ ဒါဟာ နှစ်စဉ်နှစ်တိုင်း ခရီးသွားဝင်ရောက်မှု ၁၄ ရာခိုင်နှုန်းတိုးတက်လာပြီး ဝင်ငွေ ၂ သန်းကျော် တိုးမြင့်နေတဲ့လက္ခဏာပါ။
၂၀၁၈ ခုနှစ်အတွင်း ခရီးသွားဧည့်သည်တိုးမြင့်ခဲ့တဲ့ အခွင့်အလမ်းတွေက တကမ္ဘာလုံးကစောင့်ကြည့်ခဲ့ကြတဲ့ Trump-Kim ထိပ်သီးအစည်းအဝေးနဲ့ စင်ကာပူနိုင်ငံမှာ ဇာတ်အိမ်တည်ရိုက်ကူးခဲ့တဲ့ Crazy Rich Asians ရုပ်ရှင်တွေကြောင့်လို့ ဆိုပါတယ်။
နောက်ထပ်လည်း စင်ကာပူနိုင်ငံဟာ ၂၀၁၈ ခုနှစ် အရှေ့တောင်အာရှဥက္ကဌ တာဝန်ယူခဲ့ရာတာမို့ အာဆီယံနဲ့ ပတ်သက်တဲ့ အစည်းအဝေးအခမ်းအနားတွေ တာဝန်ယူကျင်းပခဲ့တာဟာ ဧည့်သည်ဝင်ရောက်မှု ပိုများစေတဲ့ အကြောင်းရင်းတွေပါ။
စင်ကာပူနိုင်ငံရဲ့ စီးပွားရေးဟာ ခရီးသွားလုပ်ငန်းအပေါ် ၄ ရာခိုင်နှုန်းလောက် တည်မှီနေပါတယ်။ လာရောက် လည်ပတ်ကြ တဲ့ ခရီးသွားတွေရဲ့ သုံးစွဲမှုအများဆုံးကတော့ နာမည်ကြီးတံဆိပ်ပေါင်းစုံရာ စင်ကာပူနိုင်ငံမှာ ဈေး ဝယ်ထွက်ရင်း ဖြုန်းခဲ့ကြ တာပါ။ နောက်ထပ် အများဆုံးအကုန်အကျခံကြတာကတော့ တည်းခိုစရိတ်နဲ့ အစားအသောက်အတွက်ပါ။
ဒီ့ပြင် ဖျော်ဖြေရေး၊ မြို့တွင်းလှည့်လည်ကြည့်ရှုခြင်း စတဲ့ကဏ္ဍတွေမှာလည်း အရင်နှစ်ကထက် ၆ ရာခိုင်နှုန်း လောက် မြင့်တက်လာတယ်လို့ ဖော်ပြထားပါတယ်။ စင်ကာပူနိုင်ငံကို အများဆုံးလာရောက်ကြတဲ့ ဧည့်သည် တွေကတော့ တရုတ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ UK ၊ US ၊ ဗီယက်နမ်နဲ့ ဂျာမနီနိုင်ငံက အများဆုံးဖြစ်တယ်လို့ STB ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အိန္ဒိယနိုင်ငံမှ အပျော်စီးသင်္ဘောနဲ့ အများဆုံးလာရောက်ခဲ့ကြပြီး စင်ကာပူနိုင်ငံရဲ့ အဓိကဧည့်သည် တရုတ်နိုင်ငံ ကလည်း ၂၀၁၈ အတွင်း လာရောက်လည်ပတ်မှု ၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်အတွက် STB ရဲ့ မျှော်မှန်းလျာထားချက်ကတော့ ခရီးသွားဝင်ငွေရရှိမှုဟာ စင်ကာပူဒေါ်လာ ၂၇.၃ ဘီလီယံကနေ ၂၇.၉ ဘီလီယံထိရှိလိမ့်မယ်လို့ ခန့်မှန်းထားပြီး ခရီးသွားဝင်ရောက်မှု ၁၈.၇ သန်းကျော်ကနေ ၁၉.၂ သန်းကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။
Ref: CNA