ခရီးသွားခြင်းကြောင့်ရတဲ့ အကျိုးကျေးဇူးများ
မတူညီတဲ့အရပ်ဒေသတွေကို ခရီးသွားခြင်းက လူကို ကျေးဇူးအများကြီးပြုပါတယ်။ အဲဒီအချက် တွေထဲမှာ ဒေသန္တရ ဗဟုသုတတွေအပြင် မိတ်ဆွေအသစ်ရနိုင်သလို ဇာတ်လမ်းအသစ်တွေလည်း အများကြီးရနိုင်ပါတယ်။
နေရာတနေရာကို ခရီးသွားတော့မယ်ဆိုရင် အဲဒီအရပ်ဒေသရဲ့လူတွေအကြောင်း ၊ ယဉ်ကျေးမှု ၊ သမိုင်းနောက်ခံ အခြေအနေတွေကို သိရှိဖို့လိုအပ်ပါတယ်။
နောက်ထပ်အရေးကြီးတဲ့ အချက်က တော့ ကျန်းမာရေးပါ။ ခရီးထွက်တဲ့အခါမှာတော့ ကိုယ့်ကျန်းမာရေး အခြေအနေကို အမြဲဆန်းစစ် နေဖို့လိုအပ်ပါတယ်။ ဒါကြောင့်လည်း တနှစ်ကိုတကြိမ်လောက်ပဲဖြစ်ဖြစ် အလုပ်ဖိစီးမှုတွေကနေ အနားယူပြီး ခရီးထွက်ဖို့လိုအပ်ပါတယ်။ အခုဖော်ပြပေးပါတွေကတော့ ခရီးသွားရင်ရလာမယ့် အကျိုးကျေးဇူးတွေပါပဲ။
(၁) လူမှုဆက်ဆံရေးကို တိုးတက်ကောင်းမွန်လာစေခြင်း
အထူးသဖြင့်ကတော့ ကိုယ့်မိခင်ဘာသာစကားကို အသုံးမပြုတဲ့အရပ်တွေကို ခရီးထွက်တဲ့အခါ ဘာသာစကား မတူညီတဲ့လူတွေကို ဘယ်လိုဆက်ဆံရမလဲဆိုတာ နားလည်လာပါလိမ့်မယ်။ ဒီအချက်ကအရေးကြီးသလို မတူတဲ့လူတွေကို ဘယ်လိုပြုမူဆက်ဆံရမလဲဆိုတာ ပိုပိုပြီး သဘော ပေါက်လာပါလိမ့်မယ်။
(၂) စိတ်ငြိမ်းချမ်းမှုရရှိခြင်း
ခရီးသွားတာက သင့်ရဲ့ စိတ်ဖိစီးမှုတွေအားလုံးကို လျှော့ချပေးနိုင်ပါလိမ့်မယ်။ သာမန်လူတွေလို့ ကိုယ်သိထားတဲ့ လူတွေက ကိုယ့်ဘဝအတွက် တစိတ်တပိုင်းအနေနဲ့ အရေးကြီးနေခဲ့ပါလားဆိုတဲ့ အချက်ကိုလည်း ပိုပိုသဘောပေါက် လာပါလိမ့်မယ်။
(၃) စိတ်ကူးဆန်းသစ်လာခြင်း
ခရီးသွားခြင်းက စိတ်ကူးသစ် ၊ အတွေးသစ်တွေကို ရရှိဖို့ ကောင်းကောင်းအထောက်အကူပြုပါလိမ့် မယ်။ ဒါဟာ သင့် အာရုံကြောတွေရဲ့ အလုပ်လုပ်နိုင်စွမ်းကို ကောင်းကောင်း သိနိုင်ခွင့်ရတဲ့အချိန်ပါ ပဲ။
(၄) မဆုံးနိုင်တဲ့ အတွေ့အကြုံတွေကိုရရှိခြင်း
ခရီးသွားခြင်းဟာ မတူတဲ့လူတွေ မတူတဲ့ယဉ်ကျေးမှုတွေကို ထိတွေ့ခံစားနေရတဲ့ အခိုက်အတန့် တွေပါ။ ဒီအခါ ဆိုရင်တော့ နေ့စဉ်ဘဝရဲ့စိန်ခေါ်မှုတွေကို မတူတဲ့ရှုထောင့်ကနေ ပြန်မြင်ရမယ့် အချိန် တွေပါပဲ။
(၅) သည်းခံလာနိုင်ခြင်း
ခရီးထွက်တဲ့အခါမှာတော့ ကိုယ်စီစဉ်ထားသလိုက အမြဲဖြစ်ချင်မှဖြစ်ရတာပဲ။ မသေချာတဲ့အခြေ အနေတွေကိုသာ အမြဲရင်ဆိုင်နေရတဲ့အတွက် ဘဝရဲ့မရေရာမှုတွေကိုပါ သည်းခံနိုင်စွမ်းရှိလာပါ လိမ့်မယ်။
(၆) ကိုယ့်ကိုယ်ကို ယုံကြည်မှုမြင့်မားလာခြင်း
ခရီးသွားတဲ့အခါ ကိုယ်မသိတဲ့ကိစ္စတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာနဲ့ပတ်သက်ပြီး ကိုယ့်ကိုယ် ကို ယုံကြည်မှု တိုးလာပါစေတယ်။ ဘဝရဲ့အတားအဆီးတွေနဲ့ ကြုံတွေ့လာရတဲ့အခါ ရင်ဆိုင်ဖြေရှင်း နိုင်စွမ်းအားတွေ တိုးလာပါစေလိမ့်မယ်။
အခုဖော်ပြပေးခဲ့တာကတွေကတော့ ခရီးထွက်ရင်းရလာမယ့် အကျိုးကျေးဇူးတွေပါပဲ။ ဒီအချက်တွေ အပြင်နောက်ထပ်အချက်တွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့ ဘဝရဲ့ တကယ့်ပညာရေးအစစ်ကို သင်ယူရရှိနိုင်တာပါ။ ဒါကြောင့်လည်း ခရီးသွားခြင်းက အကောင်းဆုံး ပညာရေးပါ။
Ref:dumblittleman