Travel

ကမ္ဘာမှာ ကျွန်းစု အများဆုံးရှိတဲ့ နိုင်ငံများ

ကျွန်းတွေဟာ လူတွေရဲ့စိတ်ကို ကြည်လင်စေတဲ့ နေရာတွေပါ။ ကမ္ဘာကြီးပေါ်မှာ ဘယ်နိုင်ငံတွေဟာ ကျွန်းအများဆုံးလဲဆိုတဲ့ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

(၁) ဆွီဒင်နိုင်ငံ

ဆွီဒင်နိုင်ငံဟာ ခန့်မှန်းခြေ လူမနေတဲ့ကျွန်းစုပေါင်း ၂၂၁၈၀၀ နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတနိုင်ငံပါ။ ဒီပမာဏဟာ ကမ္ဘာကြီးပေါ်မှ ာအများဆုံးပါပဲ။ ဆွီဒင်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ စတော့ဟုမ်းမြို့တော်ကတော့ ကျွန်းပေါင်း ၁၄ ကျွန်းနဲ့ ဆက်သွယ်ထားတဲ့ တံတားပေါင်း ၅၀ ကျော်ရှိပါတယ်။ Oland ကျွန်းဟာ ဆိုရင်လည်း UNESCO အသိအမှတ်ပြု ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ကျွန်းတကျွန်းဖြစ်ပြီး နှစ်ပေါင်း ၅၀၀၀ ကျော် အကြာက အဆောက်အဦတွေ ရှိပါတယ်။ တခြားကျွန်းတွေကလည်း ရေကူးဖို့ ငါးဖမ်းဖို့ကောင်းတဲ့ နေရာတွေ ပါပဲ။

(၂) ဖင်လန်နိုင်ငံ

ဖင်လန်နိုင်ငံကတော့ ကျွန်းပေါင်း ၁၇၉၅၈၄ ကျွန်းနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတနိုင်ငံပါ။ ၄၅၅ ကျွန်းကတော့အမြဲတမ်း အခြေချနေထိုင်သူတွေ ရှိပြီး ဆက်သွယ်ရေးအတွက်ကလည်း ရေလမ်းကိုသာ အသုံးပြုကြပါတယ်။ ကျွန်းပေါင်း ၇၀၀ ကလည်း တကယ်ကို ကြီးမားတဲ့ ကျွန်းတွေဖြစ်ပြီး ၀ ဒဿမ ၃၉ စတုရန်းမိုင် ကျယ်ဝန်းပါတယ်။ အခြား ထောင်ပေါင်း များစွာသော ကျွန်းတွေကလည်း အပန်းဖြေစရာနေရာတွေ ဖြစ်သလို လေ့လာရေးခရီးနဲ့ သုတေသနလုပ်ငန်း ဖွံ့ဖြိုးတဲ့ နေရာတွေပါ။

(၃) နော်ဝေနိုင်ငံ

ဥရောပမြောက်ပိုင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ နော်ဝေနိုင်ငံကလည်း ကျွန်းပေါင်း ၅၅၀၀၀ နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတနိုင်ငံပါပဲ။ အကြီးဆုံးကျွန်းကတော့ Spitsbergen ဖြစ်ပြီး Svalbard ကတော့ စည်ပင် ဖွံ့ဖြိုးတဲ့ ကျွန်းတကျွန်းပါ။

(၄) ကနေဒါနိုင်ငံ

ကောက်ယူထားတဲ့ စာရင်းအင်းတွေအရဆိုရင်တော့ ကနေဒါနိုင်ငံနယ်နိမိတ်အတွင်းမှာ ကျွန်းပေါင်း ၅၂၄၅၅ ကျွန်း ရှိပါတယ်။ အကြီးဆုံးကျွန်းကတော့ Baffin ဖြစ်ပါတယ်။ အဲဒီကျွန်းတွေထဲက ကျွန်း ပေါင်း ၃၀၀၀၀ နီးပါးက ကြည်လင်လတ်ဆတ်တဲ့ရေတွေရှိသလို ကျွန်းပေါင်း ၁၈၆၄ နီးပါးကတော့ Saint Lawrence မြစ်အတွင်းမှာ ရှိပါတယ်။ ကျွန်းပေါင်း ၁၇ ကျွန်းကလည်း ၃၈၆၁ ဒဿမ ၀၂ မိုင် အကျယ်အဝန်းရှိကြပါတယ်။

(၅) အင်ဒိုနီးရှား

အရှေ့တောင်အာရှနိုင်ငံတနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ ကျွန်းပေါင်း ၁၇၅၀၈ ရှိပါတယ်။ မြေဧရိယာ အားဖြင့်ဆိုရင်လည်း အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ၁၄ ခုမြောက်အကြီးဆုံးနိုင်ငံပါ။ Malaku ကျွန်းကတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ အဓိကကွ ျန်းတကျွန်းဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ကျွန်းအများစု ထင်ရှားသလို တောရိုင်းတိရစ္ဆာန်တွေ ပေါကြွယ်ဝတဲ့ကျွန်းစုတွေလည်း ဖြစ်ကြပါတယ်။

(၆) သြစတြေးလျ

သြစတြေးလျ ခရီးသွားလုပ်ငန်းတွေရဲ့အဆိုအရဆိုရင်တော့ သြစတြေးလျနိုင်ငံမှာ ကျွန်းပေါင်း ၈၂၂၂ ရှိပါတယ်။ အဲဒီထဲကမှ ၃၇၄၇ ဟာ သြစတြေးလျနိုင်ငံအနောက်ပိုင်းမှာ ရှိပါတယ်။ Malvin ကျွန်းက အကြီးဆုံးကျွန်းတကျွန်းပါ။

Ref : worldatlas

Loading