လူအတော်များများက ခရီးသွားတဲ့အခာ စုဆောင်းထားတဲ့ ပိုက်ဆံတွေ အကုန်လုံးနီးပါး သုံးပစ်တတ်ကြပါတယ်။ ဘတ်ဂျက် ကန့်သတ်ပြီး ခရီးသွားဖို့ ဆိုတာကလည်း အမြဲတမ်း အတွက်တော့ မလွယ်ကူပါဘူး။ အဲဒါကြောင့်လည်း ကမ္ဘာလှည့် ခရီးသွားတချို့ဟာ ခရီးသွားနေရင်းနဲ့ ဝင်ငွေရအောင် ရှာဖွေတတ်ကြပါတယ်။
ပထမဆုံး ခရီးသွားရင်း ဝင်ငွေရအောင် ရှာတဲ့နည်းကတော့ ခရီးသွားဓာတ်ပုံ လှလှတွေ ရိုက်ခြင်းပါ။ ကမ္ဘာလှည့်ပြီး မရပ်မနား ခရီးသွားနေသူ တချို့ဟာ ဒီနည်းလမ်းကို အသုံးပြုလေ့ ရှိပါတယ်။ ကိုယ်ရိုက်ခဲ့တဲ့ ခရီးသွား ဓာတ်ပုံတွေကို ခရီးသွား ကုမ္ပဏီတွေ၊ ဟိုတယ်နဲ့ အပန်းဖြေစခန်းလို နေရာတွေမှာ ရောင်းလေ့ ရှိကြပါတယ်။
ကင်မရာကောင်းကောင်း တလက်နဲ့ ဓာတ်ပုံ ရိုက်နည်းတွေကိုပါ လေ့လာထားနိုင်ခဲ့မယ်ဆိုရင် ဒီနည်းလမ်းက အလွန် အဆင်ပြေတဲ့ နည်းလမ်းပါ။ ခရီးသွားဓာတ်ပုံတွေ ရိုက်ကူးနိုင်တဲ့အပြင် ဓာတ်ပုံ သင်တန်းတွေပါ ပေးနိုင်ပါသေးတယ်။ ဒါကြောင့် ကမ္ဘာလှည့်ပြီး ခရီးသွားနေတဲ့ ခရီးသွား တချို့ဟာ ခရီးသွား ဓာတ်ပုံဆရာအဖြစ် အသက်မွေးဝမ်းကြောင်းပြုလေ့ ရှိကြပါတယ်။
နောက်တခုက ဘာသာပြန်သမား တယောက် အဖြစ်ပါ။ ဘာသာစကားတမျိုးမျိုးကို ကျွမ်းကျင်စွာ ရေးနိုင်၊ ပြောနိုင်တယ်ဆိုရင် ဘာသာပြန်အလုပ်ကလည်း ဝင်ငွေ ရရှိစေနိုင်ပါတယ်။ အခုခေတ်ဟာ နည်းပညာခေတ် ဖြစ်တဲ့အတွက် Websites အတော်များများက ဘာသာပြန်သမားတွေ လိုအပ်နေပါတယ်။ သင်ဟာ ဘာသာပြန်သမားကောင်း တယောက်ဆိုရင်တော့ ခရီးစရိတ်တွေကို ဘာသာပြန်လုပ်ငန်းတွေကနေ ရရှိနိုင်ပါတယ်။
နောက်တနည်းကတော့ စာရေးခြင်းပါ။ စာရေးရတာ ဝါသနာပါသူတွေအဖို့ ခရီးသွား အတွေ့အကြုံတွေကနေ ဇာတ်လမ်းကောင်းတွေ အများကြီး ရနိုင်ပါတယ်။ ဒါကြောင့်လည်း ခရီးထွက်တဲ့အခါ Laptop တလုံးလောက် ယူသွားသင့်ပါတယ်။ ခရီးသွား အတွေ့အကြုံတော့ ခရီးသွား Blog တွေမှာ ရေးသားခြင်းနဲ့လည်း ဝင်ငွေများစွာ ရရှိနိုင်ပါတယ်။ ဒါကြောင့်လည်း ကမ္ဘာလှည့်နေကြတဲ့ ခရီးသွားတချို့တွေဟာ သူတို့အတွေ့အကြုံတွေကို ခရီးသွား Blog တွေမှာ ရေးသားပြီး ဝင်ငွေရှာဖွေလေ့ ရှိကြပါတယ်။
အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေကိုတော့ ကမ္ဘာလှည့်နေကြတဲ့ ခရီးသွားတချို့က အသုံးပြုတတ်ကြပါတယ်။ သူတို့တွေဟာ ဒီနည်းလမ်းတွေနဲ့ ဝင်ငွေ ရှာဖွေကြပြီး မရပ်မနား ခရီးသွားလေ့ ရှိကြပါတယ်။
Ref : dumblittleman