ရန်ကုန်မြို့ဟာ မြန်မာနိုင်ငံရဲ့ မြို့တော်ဖြစ်သလို အရှေ့တောင်အာရှမှာဆိုရင်လည်း အလှဆုံးမြို့ စာရင်းဝင်နေ ဆဲပါပဲ။ စေတီပုထိုးတွေ ကလည်း ရန်ကုန်မြို့ကို ဝန်းရံနေသလို အစားအသောက် တွေကလည်း စားလို့ကောင်းပါ တယ်။ အထူးသဖြင့်ကတော့ မုန့်ဟင်းခါး ၊ အုန်းနို့ခေါက်ဆွဲနဲ့ လက်ဖက်သုပ်ပါ။ ရန်ကုန်မြို့ကိုရောက်ခဲ့ရင် ဘယ်နေရာ တွေကို လည်ပတ် သင့်သလဲ ဆိုတာကို ဖော်ပြ ပေးချင်ပါတယ်။
(၁)ရွှေတိဂုံစေတီတော်
ရွှေတိဂုံစေတီတော်ဟာ မြန်မာနိုင်ငံရဲ့ပုံရိပ်ပါပဲ။ နိုင်ငံခြားသားတွေဟာ မြန်မာနိုင်ငံကို သိနေကြတာ ဟာ ရွှေတိဂုံ စေတီတော်ကြောင့်ပါ။ ဉာဏ်တော်အမြင့် ၁၀၅ မီတာမြင့်တဲ့ ရွှေတိဂုံ စေတီတော်ကြီး မှာတော့ ဘုရား ၄ ဆူရဲ့ ဌာပနာ တွေ ထည့်သွင်း မြှုပ်နှံထားကြတယ်လို့ ဗုဒ္ဓဘာသာတွေက ယုံကြည် ထားကြပါတယ်။
(၂)စိန့်မေရီဘုရားရှိခိုကျောင်း
စိန့်မေရီဘုရားရှိခိုးကျောင်းကတော့ ရန်ကုန်မြို့အကြီးဆုံး ကက်သလစ်ဘုရားရှိခိုးကျောင်းပါပဲ။ စိန့်မေရီဘုရား ကျောင်းကို တည်ဆောက်ထားတဲ့ ဗိသုကာလက်ရာတွေကြောင့်လည်း နိုင်ငံခြားတွေ အလည်အပတ်များ တဲ့နေရာ တနေရာပါ။ စိန့်မေရီဘုရားရှိခိုးကျောင်းကို လည်ပတ်မယ်ဆိုရင်တော့ အချိန်များများပေးနိုင်ဖို့လိုအပ်ပါတယ်။
(၃)Musmeah Yeshua Synagogue
ဒီဘုရားကျောင်းကတော့ ဂျူးဘုရားကျောင်းတကျောင်းပါ။ ဒီဘုရားကျာင်းဟာ သေးငယ်ပေမယ့် လည်း ဗိသုကာ လက်ရာနဲ့ သမိုင်းဆိုင်ရာအချက်အလက်တွေကြောင့် အလည်အပတ်သွားသင့်တဲ့ နေရာတနေရာပါပဲ။
(၄)ဗိုလ်ချုပ်ဈေး
ဗိုလ်ချုပ်ဈေးကိုတော့ စကော့ဈေးလို့လည်း လူတွေကခေါ်ကြပါသေးတယ်။ ဒီဈေးမှာဆိုရင်တော့ အမှတ်တရ ပစ္စည်းမျိုးစုံ ဝယ်ယူနိုင်တဲ့ အတွက်လည်း နိုင်ငံခြားသားတွေက သဘောကျလေ့ရှိပါ တယ်။
(၅)ဗိုလ်တထောင်ဆိပ်ကမ်း
ဗိုလ်တထောင် ဆိပ်ကမ်း ကတော့ အမြဲလိုလို အလုပ်တွေ ရှုပ်နေတတ်တဲ့ နေရာတနေရာပါ။ ဗိုလ်တ ထောင် ဆိပ်ကမ်း မှာဆိုရင်တော့ ရန်ကုန်မြို့အလုပ်သမားတွေရဲ့ ဘဝတစေ့တစောင်း အကြောင်းကို လေ့လာနိုင်ပါတယ်။ ဗိုလ်တထောင် ဆိပ်ကမ်းကို သွားလည်သင့်တဲ့အချိန်ကတော့ ညနေစောင်း အချိန်ပါပဲ။ အဲဒီအချိန်ဆိုရင်တော့ လှပတဲ့ ညနေဆည်းဆာကို အကောင်းဆုံးမြင်တွေ့နိုင်ပါလိမ့်မယ်။ ဆိပ်ကမ်းနဲ့မနီးမဝေးမှာဆိုရင်လည်း ဗိုလ်တထောင်ဘုရားရှိ ပါသေးတယ်။
(၆)မြို့ပတ်ရထား
ဈေးအပေါဆုံးနဲ့ ရန်ကုန်မြို့တွင်းအနှံ့လည်ပတ်ချင်တယ်ဆိုရင်တော့ မြို့ပတ်ရထားစီးတာက ပိုပြီး အဆင်ပြေပါလိမ့် မယ်။
(၇ )ထောက်ကြန့်စစ်သင်္ချိုင်း
ထောက်ကြန့် စစ်သင်္ချိုင်းကတော့ ရန်ကုန်မြို့နေ တနာရီ ၊တနာရီခွဲလောက် ကားမောင်းသွားရင် ရောက်တဲ့နေရာ တနေရာပါ။ အဲဒီစစ်သင်္ချ ိုင်မှာဆိုရင်တော့ ဒုတိယကမ္ဘာစစ်အတွင်းက သေဆုံးခဲ့ ကြတဲ့ စစ်သားတွေကိုမြှုပ်နှံထား ပါတယ်။
(၈)သန်လျင်ပေါ်တူဂီဘုရားရှိခိုးကျောင်း
သန်လျင်ပေါ်တူဂီဘုရားရှိခိုးကျောင်းကလည်း အလည်သွားသင့်တဲ့နေရာတနေရာပါပဲ။ အဲဒီဘုရားရှိ ခိုးကျောင်းကြီးကတော့ ၁၇ ရာစုလောက်ကတည်ဆောက်ထားတဲ့ ကျောင်းပါ။
၉။ ကရဝိတ်
ကန်တော်ကြီးဥယျာဉ်တွင် တည်ရှိပြီး လှပသော ရှု့ခင်းနှင့် လေကောင်းလေသန့် ရှူရှိူက်နိုင်ပြီး ရွှေတိဂုံဘုရားကိုပါ ဖူးနိုင်သည့် အပြင် စားသောက်ဆိုင် အများအပြားလည်း ရှိပါတယ်။ကရဝိတ်တွင် ညစားစာရင်း ရုပ်သေးပွဲကိုလည်း ကြည့်နိုင်ပါတယ်။