၂၀၁၉ ခုနှစ်မှာ ခရီးထွက်ဖို့ စဉ်းစားထားတဲ့လူတွေအတွက် ခရီးထွက်လို့ကောင်းတဲ့နေရာတွေကို ဖော်ပြ ပေးချင် ပါတယ်။
(၁) ဇန်ဇီဘာကျွန်း(တန်ဇန်းနီးယားနိုင်ငံ)
အရှေ့အာဖရိကရဲ့ ဇန်ဇီဘာကျွန်းကတော့ ၂၀၁၉ ခုနှစ်ရဲ့ ခရီးထွက်လို့ ကောင်းတဲ့နေရာ တွေ စာရင်းမှာ ထိပ် ဆုံးကပါဝင်နေပါတယ်။ ဇန်ဇီဘာကျွန်းဟာ ကြွယ်ဝတဲ့ယဉ်ကျေးမှုတွေရှိသလို အစား အသောက် တွေလည်း ကောင်းတဲ့နေရာတခုပါပဲ။ ဒီကျွန်းဟာဆိုရင်တော့ မိုးပြာရောင်ကောင်းကင် ကြီးက အုပ်မိုးထားသလို ရေတွေကလည်း ကြည်လင်လတ်ဆတ်နေပါသေးတယ်။ ဟိုတယ်တွေက လည်းကောင်းမွန်ပြီး အပန်းဖြေစရာနေရာတွေကလည်း အများအပြား ရှိနေပါတယ်။
(၂) သီရိလင်္ကာနိုင်ငံ
ပြည်တွင်းစစ်ကြီး ပြီးဆုံးသွားတဲ့နောက်မှာတော့ သီရိလင်္ကာနိုင်ငံကလည်း ၂၀၁၉ ခုနှစ်ရဲ့ ခရီးထွက်လို့ကောင်းတဲ့ ဒေသစာရင်းမှာ ပါဝင်လာပါတယ်။ သီရိလင်္ကာနိုင်ငံမှာဆိုရင်တော့ တောရိုင်းတိရစ္ဆာန် အမျိုးမျိုးကိုလေ့လာနိုင်တဲ့ အမျိုးသားဥယျာဉ်ကို လည်ပတ်နိုင်သလို စိမ်းလန်းစိုပြေတဲ့ လက်ဖက် စိုက်ခင်းတွေကိုလည်း လည်ပတ်နိုင်ပါတယ်။ လူကြိုက်အများဆုံးကတော့ ပင်လယ်ပြင်မှာ ပျဉ်ချပ်နဲ့ လှိုင်းစီးတာပါပဲ။
(၃) နယူးဇီလန်နိုင်ငံ
နယူးဇီလန်နိုင်ငံကတော့ ရေကန်တွေ ကမ်းခြေတွေပေါများတဲ့ နေရာတနေရာဖြစ်သလို Queenstown မြို့ကလည်း စွန့်စားခန်းလို ခရီးမျိုးထွက်လို့ကောင်းတဲ့ နေရာတနေရာပါပဲ။ နယူးဇီလန် မှာ အကျော်ကြားဆုံးကတော့ အနုပညာရှင် အများအပြားရဲ့ နေအိမ်ပါ။ ၂၀၁၉ ခုနှစ်တလျှောက်လုံး မှာလည်း ဂီတဖျော်ဖြေပွဲတွေနဲ့ အခြားစိတ်အပန်းဖြေစရာ ကိစ္စတွေကို စီစဉ်ထားပါတယ်။ ဒါကြောင့် လည်း နယူးဇီလန်နိုင်ငံဟာ ၂၀၁၉ ခုနှစ်မှာ ခရီးထွက်လို့ကောင်းတဲ့ စာရင်းထဲ ပါဝင်နေရတာပါ။
(၄) ပနားမားနိုင်ငံ
ပနားမားနိုင်ငံဟာ သေးငယ်ပေမယ့် အဖြူရောင်သဲသောင်ပြင်တွေ အပူပိုင်းမိုးသစ်တောတွေနဲ့ တိုင်းရင်းသား ယဉ်ကျေးမှုပေါင်းစုံတွေကြောင့် ၂၀၁၉ ခုနှစ်မှာ ခရီးထွက်လို့ကောင်းတဲ့စာရင်းထဲ ပါ ဝင်လာရတာပါ။ ဈေးနှုန်းချိုသာတဲ့ဟိုတယ်တွေအပြင် နွေးထွေးတဲ့ရာသီဥတုကလည်း တနှစ်ပတ် လုံးပါပဲ။
(၅) အာဂျင်တီးနားနိုင်ငံ
သဘာဝအလှတရားတွေနဲ့ စိတ်လှုပ်ရှားစရာကောင်းတဲ့မြို့ ကြီးတွေကြောင့် အာဂျင်တီးနားနိုင်ငံက လည်း ၂၀၁၉ ခုနှစ်မှာ ခရီးထွက်လို့ကောင်းတဲ့နိုင်ငံတနိုင်ငံပါ။ Bueoes Aires သွားရောက်လည် ပတ်မယ်ဆိုရင်တော့ တန်ဂိုအကတွေကနေတဲ့လမ်းတွေကိုလည်ပတ်နိုင်သလို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ကော်ဖီဆိုင်တွေကိုလည်း လည်ပတ်နိုင်ပါတယ်။
Mendoza မြို့တော်ကလည်း ဝိုင်မြို့ တော်ဖြစ်သလို Bariloche မြို့ကလည်း ချောကလက်နဲ့ပတ်သက်ရင် နာမည်ကြီးတဲ့မြို့တမြို့ပါပဲ။
Ref: tripstodiscover