ရုရှားနိုင်ငံဟာ သမိုင်း နဲ့ ယဉ်ကျေးမှုတွေပေါကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံဖြစ်သလို ကမ္ဘာ့အင်အားကြီး နိုင်ငံတနိုင်ငံ လည်းဖြစ်ပါတယ်။ စိန့်ပီတာစဘတ်မြို့ဟာဆိုရင်တော့ ကမ္ဘာပေါ်မှာရှေးအကျဆုံးနဲ့ အကြီးဆုံးပြတိုက်ကြီးတွေရှိသလို အနုပညာသမိုင်းအတွက်လည်း အရေးပါတဲ့မြို့တမြို့ပါ။
အထင်က ရနေရာတနေရာဖြစ်တဲ့ Hermitage ပြတိုက်ကိုတော့ ၁၇၆၄ ခုနှစ်က တည်ထောင်ခဲ့ပြီး ကမ္ဘာပေါ်မှာ ကျော်ကြားတဲ့ ပန်းချီကားပေါင်းများစွာကို စုစည်းထားပါတယ်။ အဲဒီပြတိုက်ကြီးမှာဆိုရင်တော့ အနုပညာလက်ရာပစ္စည်းပေါင်း ၃ သန်းကျော် စုစည်းထားရှိပါတယ်။
နောက်ထပ်နေရာတနေရာကတော့ ဘုရင်ခေတ်ကတည်းကလက်နက်တွေကို စုဆောင်းထားတဲ့ ပြ တိုက်ပါ။ ဒီပြတိုက်မှာဆိုရင်တော့ စစ်လက်နက်ပစ္စည်းအမျိုးမျိုးကို စုဆောင်းပြသထားပါတယ်။
မော်စကိုမြို့မှာရှိတဲ့ ရင်ပြင်နီကလည်း ခရီးသွားတွေကို အဓိကဆွဲဆောင်နေတဲ့နေရာ တနေရာပါ။ အရင်တုန်းကတော့ မော်စကိုမြို့ရဲ့ ရင်ပြင်နီ ဟာ လူထုစုဝေးပွဲတွေနဲ့ အစိုးရကြေညာချက် စ တာ တွေကိုထုတ်ပြန်တဲ့ နေရာတနေရာ ဖြစ်ခဲ့ပါတယ်။ အခုတော့ရင်ပြင်နီဟာ သမိုင်းဆိုင်ရာနေရာတနေ ရာဖြစ်သွားခဲ့ပြီး ခရီးသွားတွေသာမက ရုရှားနိုင်ငံသား တွေအတွက်ပါ အထင်ကရနေရာတနေရာပဲ ဖြစ်ပါတယ်။
St.Basil ဘုရားရှိခိုကျောင်းကလည်း အမိုးခုံတွေနဲ့ တည်ဆောက်ထားတာဖြစ်တဲ့အပြင် အရောင်မျိုး စုံတောက်ပ နေတဲ့အတွက်ကြောင့်လည်း ခရီးသွားတွေအလာများကြပါတယ်။
ရုရှားနိုင်ငံရဲ့ ရိုးရာစားသောက်ဆိုင်တွေကလည်း ခရီးသွားတွေအကြိုက်တွေ့ ကြပါတယ်။ ညဘက် တွေမှာ လမ်းလျှောက်သွားသူတွေအဖို့တော့ ရုရှားအရက်တမျိုးဖြစ်တဲ့ Vodka အရက်ဘားတွေက လည်း ခရီးသွားတွေကိုအထူးဆွဲဆောင်စေပါတယ်။ Vodka အရက်ကလည်း ကမ္ဘာပေါ်မှာနာမည် ကြီးအရက်တမျိုးဖြစ်သလို စိန့်ပီတာစဘတ်မြို့မှာဆိုရင်တော့ ရုရှား Vodka နဲ့ပတ်သက်တဲ့ပြတိုက်ရှိ ပါသေးတယ်။ တကယ်တော့ Vodka အရက်ဟာ ရုရှားယဉ်ကျေးမှုနဲ့ ထုံးတမ်းစဉ်လာကိစ္စတွေမှာ အလွန်ကိုအရေးပါပါတယ်။
စိန့်ပီတာစဘတ်ရဲ့ ညတွေမှာဆိုရင်တော့ ပွဲတော်တွေအမျိုးမျိုးကိုလည်း ကြုံတွေ့ရနိုင်ပါသေးတယ်။ စိန့်ပီတာစဘတ်ရဲ့ ညသန်းခေါင်ယံမှာကျင်းပတဲ့ အနုပညာနှစ်ပတ်လည်ပွဲတော်ကြီးကလည်း ကမ္ဘာ ပေါ်မှာ အကြီးမားဆုံးပွဲတော်ကြီးတခုပါပဲ။ အဲဒီပွဲတော်ကြီးမှာဆိုရင်တော့ အနုပညာရှင်အသီးသီးရဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့အတူ ဖျော်ဖြေမှုအမျိုးမျိုးကိုလည်း ကြုံရနိုင်ပါသေးတယ်။ စည်းလုံးညီ ညွှတ်ကြတဲ့ ရုရှားသရုပ်ဆောင်တွေ ၊ အဆိုတော်တွေက စိန့်ပီတာစဘတ်ရဲ့ ညကို ပိုမိုအသက်ဝင် စေပါတယ်။
ရုရှားနိုင်ငံဟာ ကမ္ဘာကြီးရဲ့အဖြစ်အပျက်တွေနဲ့အတူ လိုက်ပါပြောင်းလဲနေတဲ့နိုင်ငံတနိုင်ငံပါ။ ရုရှား နိုင်ငံမှာဆိုရင်တော့ ရင်သပ်ရှုမောဖွယ်ရာကောင်းတဲ့ ဗိသုကာအတတ်ပညာတွေ ၊ ပြတိုက်တွေနဲ့ အနုပညာပြခန်းတွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ နိုင်ငံတနိုင်ငံဖြစ်သလို အတိတ်ကာလကို ရိုသေတဲ့နိုင်ငံတနိုင်ငံပါပဲ။
Ref:horizontravelmag