ပါကစ္စတန်က ၎င်း၏ဝေဟင်ပိုင်နက်ကို အိန္ဒိယနှင့် စစ်ရေးထိပ်တိုက်ထိတွေ့မှုများရှိနေသဖြင့် ပိတ် ထားလိုက်ပြီးနောက် ကမ္ဘာတလွှားသို့ သွားလာနေသော လေကြောင်းလိုင်းများမှာ ခရီးစဉ်အများ အပြားကို ဆိုင်းငံ့ခြင်း(သို့မဟုတ်) ပယ်ဖျက်ခြင်း ပြုလုပ်နေရ၍ အာရှပစိဖိတ်ဒေသနှင့် ဥရောပတို့ အကြား အရေးပါသောလေကြောင်းလမ်းတခုပိတ်ဆို့သွားပြီဖြစ်သည်။
လန်ဒန်သို့ ပျံသန်းမည့် စင်ကာပူလေကြောင်းလိုင်းတခုမှာ ၎င်းနောက်ဆုံး ဦးတည်ရာနေရာသို့ မရောက်မီ ဆီဖြည့်ရန် ဒူဘိုင်းသို့ တထောက်နားဆင်းသက်သည့်ခရီးစဉ်ကို ဗုဒ္ဒဟူးနေ့က ရွှေ့ဆိုင်း ထားရကြောင်း အဆိုပါလေကြောင်းလိုင်းက အီးမေးလ်ဖြင့် သတင်းထုတ်ပြန်ထားသည်။
အဆိုပါလေယာဉ်ခရီးစဉ်သည် အိန္ဒိယနိုင်ငံ မွမ်ဘိုင်းသို့လည်း ဆင်းသက်ပြီး ဖရက်ဖက်လေဆိပ်တွင် ဆီဖြည့်ရန်လည်း ရှိသေးရာ ၎င်း၏ ပြန်လည်ပေးအပ်မည့် ဝန်ဆောင်မှုကို ပယ်ဖျက်ထားရသည်။
ကာတာလေကြောင်းလိုင်းသည် ၎င်း၏ စင်ကာပူ-လန်ဒန် လေကြောင်းဝန်ဆောင်မှုကို လမ်းကြောင်း ပြောင်းလဲ၍ ပြေးဆွဲခဲ့ ရပြီး မူလစီစဉ်ထားသော အာရှမြို့ကြီး များဆီသို့ ကြာသပတေးနေ့ နှောင်းပိုင်း မှ ရောက်ရှိရန် ပြင်ဆင်သတ်မှတ်ခဲ့ရသည်။
ထို့အတွက် မိနစ် ၂၀ ကြာ ဝေဟင်ခရီးကို အပိုဆောင်း ပြေးဆွဲပေးရမည်ဖြစ်သည်။
Thai Airways International သည် ဥရောပမှ ဘန်ကောက်သို့ ခရီးစဉ် ၁၀ ခုစလုံးကို ဖျက်သိမ်းခဲ့ ရသည့် အပြင် ပါကစ္စတန် ခရီးစဉ်ကိုလည်း ဗုဒ္ဒဟူးနေ့ နှောင်းပိုင်းနှင့် ကြာသပတေးနေ့အစောပိုင်းမှ ထွက်ခွာနိုင်မည်ဖြစ်ကြောင်း ၎င်း၏ ဝက်ဘ်ဆိုက်တွင် ကြေညာသည်။
အိန္ဒိယက အင်္ဂါနေ့တွင် ပါကစ္စတန်အချုပ်အခြာအာဏာပိုင်နက်အတွင်း ရာနှင့်ချီသော စစ်သွေးကြွများ ကို လေကြောင်းမှ ဗုံးကြဲ နှိမ်နင်းခဲ့ပြီးနောက် တောင်အာရှနိုင်ငံများအနေဖြင့် ဆယ်စုနှစ်များစွာအတွင်း အပြင်းထန်ဆုံးစစ်ရေး ထိပ်တိုက် တွေ့နေမှုအပေါ် စေ့စပ်ဖျန်ဖြေပေးနေကြသည်။
ပါကစ္စတန်ကလည်း အိန္ဒိယတိုက်လေယာဉ် MiG-21 ကို ပစ်ချပြီး လက်တုံ့ပြန်ခဲ့ကာ အိန္ဒိယလေသူရဲ ဖမ်းဆီး ထားလိုက်ခဲ့သကဲ့သို့ အိန္ဒိယကလည်း ပါကစ္စတန်ဂျက်တိုက်လေယာဉ်တစီးကို ပြန်လည်ပစ် ချခဲ့သည်။
ပါကစ္စတန်သည် ၎င်း၏ဝေဟင်ပိုင်နက်ကို ပိတ်ထားလိုက်သည့်တချိန်တည်းမှာပင် အိန္ဒိယမြောက်ပိုင်း ရှိ လေဆိပ် များကိုလည်း ကန့်သတ်မှုပြန်မရုတ်သိမ်းမချင်း နာရီအတန်ကြာ အိန္ဒိယက ပိတ်ထားသည်။
ဆက်စပ်ဖတ်ရှု့ရန်
အိန္ဒိယနဲ့ ပါကစ္စတန် စစ်ဖြစ်ရင် ဘယ်သူနိုင်မလဲ
အိန္ဒိယနှင့် စစ်မဖြစ်ချင်ဟု ပါကစ္စတန်ပြော
အိန္ဒိယတိုက်လေယာဉ်နှစ်စီးကို ပါကစ္စတန်ပစ်ချ ဟုဆို
ပါကစ္စတန် အကြမ်းဖက်စခန်းများကို အိန္ဒိယလေကြောင်းမှ တိုက်ခိုက်