Travel

အလည်သွားသင့်တဲ့ အရှေ့တောင်အာရှက နေရာများ

Want create site? Find Free WordPress Themes and plugins.

အရှေ့တောင်အာရှဟာ သာယာလှပတဲ့နေရာ တနေရာဖြစ်တဲ့အပြင် ခရီးသွားတွေအတွက်လည်း ဆွဲ ဆောင်မှု ရှိနေတဲ့ နေရာတနေရာပါပဲ။ အရှေ့တောင်အာရှမှာ ဘယ်နေရာတွေက ခရီးသွားလို့ ကောင်းလဲဆိုတာကို ဖော်ပြပေးချင်ပါတယ်။ ဒီနေရာတွေက လည်ပတ်ဖို့ကောင်းတဲ့အပြင် ခရီးစရိတ်ကလည်း သက်သာစွာနဲ့ သွားရောက်နိုင်တဲ့ နေရာတွေဖြစ်ပါတယ်။

(၁) Si Phan Don (Laos)

ဒီနေရာကတော့ လာအိုနိုင်ငံတောင်ပိုင်းမှာရှိပြီး ကျွန်းစုပေါင်း ၄ ထောင်ကျော်နဲ့ ဖွဲ့စည်းထားတဲ့နေရာ တနေရာပါ။ ဒီနေရာကတော့ အာရှတခွင်လုံးမှာ အလှဆုံးနေရာတနေရာပဲ ဖြစ်ပါတယ်။ လှပတဲ့ရေတံခွန်က လည်း ခရီးသွားတွေ အတွက်တော့ ဆွဲဆောင်မှုတခုဖြစ်သလို အလည်သွားလို့အကောင်းဆုံးအချိန် ကတော့ နိုဝင်ဘာလကနေ မတ်လအတွင်းပါ။

(၂) Ha Long Bay(Vietnam)

ဗီယက်နမ်နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ဒီနေရာကလည်း UNESCO စာရင်းဝင်နေရာတနေရာဖြစ် သလို အရှေ့တောင်အာရှရဲ့ အလှဆုံးနေရာတနေရာပါပဲ။ သဘာဝအလှအပတွေကြောင့်လည်း ခရီး သွားတွေ အကြိုက်တွေ့တဲ့နေရာတနေရာ ဖြစ်ပါတယ်။ အလည်အပတ်သွားလို့ အကောင်းဆုံးအချိန်ကတော့ မတ်လကနေ မေလအတွင်းဖြစ်သလို အောက်တိုဘာကနေ ဒီဇင်ဘာလအတွင်းလည်း အလည်သွားလို့ကောင်းပါတယ်။

(၃) Bali (Indonesia)

ဘာလီကျွန်းကလည်း အရှေ့တောင်အာရှရဲ့ နာမည်ကြီးနေရာတနေရာပါ။ လှပတဲ့သဘာဝတရား ကြောင့်လည်း အပန်းဖြေလို့ ကောင်းတဲ့နေရာတနေရာ ဖြစ်ပါတယ်။ အလည်သွားလို့ အကောင်းဆုံးအချိန်က တော့ ဧပြီလကနေ အောက်တိုဘာလအတွင်းပဲ ဖြစ်ပါတယ်။

(၄) Bohol(Philippines)

ဒီမြို့ကတော့ အရှေ့တောင်အာရှမှာ လှပတဲ့နေရာတနေရာဖြစ်သလို သန္တာကျောက်တန်းတွေနဲ့ ထူး ခြားတဲ့ ဘူမိဗေဒဆိုင်ရာဖွဲ့စည်းမှုတွေကြောင့်လည်း လူသိများတဲ့နေရာတနေရာပါ။ ခရီးသွားလို့ အကောင်းဆုံးအချိန်ကတော့ နိုဝင်ဘာလကနေ ဧပြီလအတွင်းပါ။

(၅) Komodo(Indonesia)

အင်ဒိုနီးရှားနိုင်ငံအရှေပိုင်းမှာရှိတဲ့ Komodo ကျွန်းကလည်း လူကြိုက်များတဲ့ကျွန်းတကျွန်းဖြစ်သလို အရှေ့တောင် အာရှမှာဆိုရင်တော့ လည်ပတ်ဖို့ ဈေးသင့်တော်တဲ့ကျွန်းတကျွန်းပါ။ အလည်အပတ်သွားဖို့အကောင်းဆုံး အချိန်ကတော့ ဧပြီကနေ ဒီဇင်ဘာလအတွင်းပဲ ဖြစ်ပါတယ်။

Ref:traveltriangle1

Did you find apk for android? You can find new Free Android Games and apps.
Loading