နေ့စဉ်နေ့တိုင်း ရုန်းကန်လှုပ်ရှားပြီး နေထိုင်ရင်းနဲ့ စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာတွေကို ကြုံတွေ့ရတာက သဘာဝပါပဲ။ ဒါတွေနဲ့ ဝေးကွာတဲ့ နေရာဒေသတွေမှာ နေထိုင်ပြီး ဘဝကို အေးအေးဆေးဆေး ဖြတ်သန်း နေကြသူတွေလည်း ရှိနေပါတယ်။
အခုဖော်ပြပေးမယ့် နေရာကတော့ လူတွေနဲ့ ဝေးရာမှာ တည်ရှိပြီး အေးချမ်းလွန်းတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။
(၁) Palmerston ကျွန်း
ဒီကျွန်းကိုတော့ မိသားစုတစုက ပိုင်ဆိုင်တာဖြစ်တယ်လို့ သိရပါတယ်။ သဘောၤကပ္ပတိန်တဦးဖြစ်တဲ့ James Cook က တွေ့ရှိခဲ့တဲ့ သူတို့မိသားစုဝင်တွေနဲ့ အတူနေထိုင်နေတာဖြစ်ပါတယ်။ လျှပ်စစ်မီးက တရက်မှာ ၂နာရီသာ ရရှိပြီး ရုပ်မြင်သံကြားကို အဲဒီအချိန်မှာ ကြည့်ရှုကြတယ်လို့ သိရပါတယ်။
(၂) Saint Helena ကျွန်း
ဘရာဇီးနိုင်ငံနဲ့ မိုင်၂၅၀၀ ကျော်ဝေးပြီး ပစိဖိတ်သမုဒ္ဒရာထဲမှာ တည်ရှိတဲ့ ဒီကျွန်းဟာ စစ်ဘုရင် နပိုလီယမ်ကို ဗြိတိသျှတွေက နယ်နှင်ဒဏ်ပေးပြီးနောက် နောက်ဆုံးခေါင်းချသွားတဲ့ နေရာဖြစ်ပါတယ်။ အဲဒီကျွန်းမှာတော့ အခုဆိုရင် လျှပ်စစ်မီး၊ အင်တာနက်နဲ့ လေယာဉ်ကွင်းတွေရှိနေပြီလို့ သိရပါတယ်။
(၃) Utqiaġvik
အမြစ်ဟောင်းတို့ရဲ့ တည်နေရာလို့ အဓိပ္ပါယ်ရတဲ့ ဒီမြို့ဟာ ကမ္ဘာ့မြောက်ဝင်စွန်းမှာ တည်ရှိတာဖြစ်ပါတယ်။ အမြဲတမ်းဆောင်းတွင်း ဖြစ်နေတဲ့ ဒီမြို့ကို အခုဆိုရင် လေယာဉ်နဲ့ သွားရောက်နိုင်ပြီလို့ သိရပါတယ်။
(၄) Pitcairn ကျွန်း
ဒီကျွန်းကတော့ ပီရူးနိုင်ငံနဲ့ နယူးဇီလန်နိုင်ငံတို့ရဲ့ ကြားမှာ တည်ရှိပါတယ်။ အိမ်ထောင်စု အနည်းငယ်သာ ရှိတဲ့ကျွန်းဟာ ခရီးသွားတွေကို လာရောက်ခွင့်ပေးထားပြီး စိုက်ပျိုးရေးနဲ့ ပျားရည်ထုတ်လုပ်ရေးကို အဓိက လုပ်ဆောင်တယ်လို့ သိရပါတယ်။
Ref ; brightside