Travel

အမျိုးသမီးတွေအနေနဲ့ ဘေးကင်းကင်း လည်ပတ်နိုင်တဲ့ နိုင်ငံများ

Want create site? Find Free WordPress Themes and plugins.

ခရီးသွား အတွေ့အကြုံလိုချင်တဲ့ အမျိုးသမီးတွေအတွက် တယောက်တည်း ခရီးထွက်တာက အကောင်းဆုံး နည်းလမ်းပါ။ တကိုယ်တော် ခရီးသွားတဲ့ အမျိုးသမီးတွေအဖို့ကတော့ ဘေးကင်းလုံခြုံဖို့ အင်မတန် အရေးကြီးပါတယ်။

အမျိုးသမီးတွေအနေနဲ့ ခရီးထွက်တဲ့အခါ ဘေးအကင်းဆုံးနဲ့ အလုံခြုံဆုံးနိုင်ငံတွေကတော့ အာရှတိုက်ထဲ က နိုင်ငံတွေပါ။ အဲဒီနိုင်ငံတွေထဲမှာ ဘယ်နိုင်ငံတွေက တကိုယ်တော် ခရီးထွက်ချင်တဲ့ အမျိုးသမီးတွေအတွက် အဆင်အပြေဆုံးလဲဆိုတာကို ဖော်ပြ ပေးချင်ပါတယ်။

(၁) ဖိလစ်ပိုင်နိုင်ငံ

တကိုယ်တော် ခရီးထွက်ချင်တဲ့ အမျိုးသမီးတွေအနေနဲ့ သွားရောက် လည်ပတ်သင့်တဲ့ နိုင်ငံတွေစာရင်းမှာ ဖိလစ်ပိုင်နိုင်ငံက ထိပ်ဆုံးက ရပ်တည်နေပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ သဘာဝအလှတရားတွေများစွာနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတနိုင်ငံဖြစ်သလို အမျိုးသမီးတွေအနေနဲ့ ဘေးကင်းကင်း သွားရောက် လည်ပတ်နိုင်တဲ့ နိုင်ငံ နိုင်ငံတနိုင်ငံပါ။ ဖိလစ်ပိုင်နိုင်ငံကိုအလည်သွားမယ်ဆိုရင်တော့ ပျော်ပျော်နေတတ်တဲ့ ဒေသခံတွေကိုလည်း ကြုံတွေ့နိုင်စရာ ရှိနေပါတယ်။

(၂) တောင်ကိုးရီးယားနိုင်ငံ

တကိုယ်တော် ခရီးထွက်ချင်တဲ့ အမျိုးသမီးတွေအနေနဲ့ နောက်ထပ် သွားရောက် လည်ပတ်သင့်တဲ့ နိုင်ငံတနိုင်ငံကတော့ တောင်ကိုးရီးယားနိုင်ငံပါ။ တောင်ကိုးရီးယားနိုင်ငံဟာ အမျိုးသမီးတွေအနေနဲ့ အကြမ်းဖက်ခံရမှု အနိမ့်ဆုံး နိုင်ငံတနိုင်ငံပါ။ တောင်ကိုးရီးယာနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဆိုးလ်မြို့မှာဆိုရင်လည်း အသေးစား ဖက်ရှင်ဆိုင်တွေ ဖော်ရွေပျူငှာတဲ့ ကော်ဖီဆိုင်တွေ၊ အစားအသောက်ကောင်းတွေကို စားသောက်နိုင်မှာဖြစ်သလို ညရေးညတာ အနေနဲ့ ဆိုရင်လည်း ဘေးကင်းလုံခြုံမှုရှိတဲ့ နေရာတနေရာပါ။

(၃) ဂျပန်နိုင်ငံ

နောက်ထပ် နာမည်ကြီ းနိုင်ငံတနိုင်ငံကတော့ ဂျပန်နိုင်ငံပါ။ ဂျပန်နိုင်ငံကတော့ တကိုယ်တော်ခရီး ထွက်ချင်တဲ့ အမျိုးသမီးတွေအတွက် အတော်လေးကို ဘေးကင်းလုံခြုံတဲ့နိုင်ငံပါ။ ဒီနေရာမှာဆိုရင်တော့ အမျိုးသမီးတွေကို အတော်လေး တန်ဖိုးထားဆက်ဆံတာကို တွေ့ရပါတယ်။ ဂျပန်နိုင်ငံမှာ ဆိုရင်တော့ ကူညီရိုင်းပင်းတတ်တဲ့ ဒေသခံအများအပြားကိုလည်း တွေ့ရနိုင်ပါသေးတယ်။

(၄) ဗီယက်နမ်နိုင်ငံ

အာရှမှာခရီးသွားမယ်ဆိုရင်တော့ ဗီယက်နမ်နိုင်ငံကလည်း ဘေးကင်းလုံခြုံတဲ့စာရင်းမှာ ထိပ်တန်း ဝင်နိုင်ငံတနိုင်ငံပါ။ အခြားတဘက်ကကြည့်မယ်ဆိုရင်လည်း ဗီယက်နမ်နိုင်ငံက တကယ်ကိုလှပတဲ့ နိုင်ငံတနိုင်ငံပါ။ ဗီယက်နမ်နိုင်ငံမှာဆိုရင် ခရီးသွားအတွေ့အကြုံ ကောင်းကောင်းရနိုင်သလို တကိုယ်တော် ခရီးသွားတဲ့ အမျိုးသမီးတွေအနေနဲ့ ဘေးအကင်းဆုံး နိုင်ငံတနိုင်ငံပါပဲ။

Ref :blog.i-likelocal

Did you find apk for android? You can find new Free Android Games and apps.
Loading