အင်ဒိုနီးရှားနိုင်ငံဟာ အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လာတဲ့ နိုင်ငံ တနိုင်ငံပါ။ ဘာသာစကားပေါင်း ၃၀၀ ကျော်ပြောဆိုတဲ့ နိုင်ငံတနိုင်ငံဖြစ်သလို ယဉ်ကျေးမှုတွေ ပေါကြွယ်ဝတဲ့ နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ Jakarta မြို့ဟာ ဆိုရင် စည်ကားတဲ့မြို့တော်ဖြစ်သလို ခေတ်မီ ကုန်တိုက်ကြီးတွေ၊ ကမ္ဘာ့အဆင့်မီ ပြတိုက်ကြီးတွေလည်း ရှိပါသေးတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ အထင်ကရနေရာအချို့ကို ဖော်ပြပေးချင်ပါတယ်။
(၁) Ubud Monkey Forest
ဒီနေရာကတော့ ဘာလီကျွန်းမှ ာတည်ရှိပါတယ်။ Ubud Monkey Forest အတွင်းမှာဆိုရင် ၁၄ ရာစုလောက်က တည်ဆောက်ခဲ့တဲ့ ဘုရားကျောင်းတွေ ဘာလီကျွန်းမှာ နေထိုင်ကြတဲ့ မျောက်ရိုင်းတွေကြောင့် နာမည်ကြီး နေရာတနေရာလည်း ဖြစ်ပါတယ်။ ဒီနေရာဟာဆိုရင်တော့ ဘာလီကျွန်းမှာ ဆွဲဆောင်မှုအရှိဆုံးနေရာ တနေရာပါပဲ။ အထူးသဖြင့်ကတော့ တိရစ္ဆာန်ချစ်သူတွေအတွက် ပိုအဆင်ပြေပါတယ်။
(၂) Tana Toraja
Tana Toraja ကတော့ Sulawesi ကျွန်းမှ ာတည်ရှိပါတယ်။ ဒီနေရာကို ခရီးသွားဧည့်သည်တွေ စိတ်ဝင်စားရတဲ့ အကြောင်းတချက်ကတော့ အဲဒီမှာ နေထိုင်တဲ့လူတွေရဲ့ သင်္ချိုင်းတွေကြောင့်ပါ။ ဒါကြောင့်လည်း Tana Toraja ဟာ ဘာလီကျွန်းပြီးရင် အင်ဒိုနီးရှားမှာ ဒုတိယမြောက် ခရီးသွားတွေကို ဆွဲဆောင်တဲ့ နေရာဖြစ်နေပါတယ်။
အရွယ်မရောက်ခင် သေဆုံးသွားကြတဲ့ ကလေးငယ်တွေရဲ့အလောင်းကိုတော့ နံရံ ကလိုင်ပေါက်တွေထဲ ထည့်ထားလေ့ ရှိကြပါတယ်။ Tana Toraja ဟာ ဒီအကြောင်း တချက်ကြောင့် ခရီးသွားတွေ အလာများတာ မဟုတ်ပါဘူး။ တောင်တက်တာတွေ စက်ဘီး စီးတာတွေကိုလည်း ပြုလုပ်နိုင်သေးတဲ့အတွက် ခရီးသွားတွေ အလာများပါတယ်.
(၃) Prambanan Temple
ဒီဘုရားကျောင်းကတော့ ဟိန္ဒူ ဘုရားရှိခိုးကျောင်းတကျောင်းဖြစ်ပြီး လွန်ခဲ့တဲ့ ၉ ရာစုလောက်ကတည်းက တည်ဆောက်ခဲ့တဲ့ ကျောင်းတကျောင်းပါ။ အရင်တုန်းကတော့ ဒီနေရာမှာ ကျောင်းပေါင်း ၂၄၀ လောက်အထိ ရှိခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အများစုက ယိုယွင်း ပျက်စီးသွားခဲ့ရပါပြီ။ ဒီဘုရားကျောင်းကြီးဟာ ဟိန္ဒူနတ်ဘုရား တဆူဖြစ်တဲ့ Shiva ကို ရည်ရွယ်ဆောက်လုပ်ထားတဲ့ ကျောင်းတကျောင်းပါ။
(၄) Borobudur
Borobudur ကတော့ ဗုဒ္ဓဘာသာ ကျောင်းတကျောင်းဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံး ဗုဒ္ဓသာသနိက အဆောက်အဦတွေပါ။ စေတီရုပ်ပွားတော်ပေါင်း အများအပြား ပါဝင်ပါတယ်။ ဒီနေရာကြီးကို ပြန်လည်ပြုပြင် ထိန်းသိမ်းဖို့ ၁၉၀၇ ခုနှစ်က စတင်ခဲ့ပြီး ၁၉၈၃ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။
Ref:traveluto