ခရီးသွားလာရေးလုပ်ငန်းတွေမှာ လေကြောင်းလိုင်းတွေက အင်မတန် အသုံးဝင်ပါတယ်။ ကမ္ဘာပေါ်မှာ ဘယ်လေကြောင်းလိုင်းတွေက သက်တမ်းအကြားဆုံးလဲဆိုတာ ဖော်ပြေပေးချင်ပါတယ်။
(၁) KLM
KLM လေကြောင်းလိုင်းကိုတော့ ၁၉၁၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့အတွက် နှစ် ၁၀၀ ရှိခဲ့ပါပြီ။ စတင်ပျံသန်းခဲ့ တာကတော့ ၁၉၂၀ ခုနှစ် မေလပါ။ ပထမဆုံး စတင်ပျံသန်းတဲ့နှစ်မှာတော့ ခရီးသည်ပေါင်း ၄၄၀ ယောက် သယ်ယူပို့ဆောင်ပေးနိုင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာဆိုရင်တော့ ခရီးသည်ပေါင်း ၃၄ ဒဿမ ၂ သန်းအထိ သယ်ဆောင်ပျံသန်းပြီးခဲ့ပါပြီ။
(၂) Avianca
ဒီလေကြောင်းလိုင်းကိုတော့ ၁၉၁၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး တည်ထောင်ခဲ့တဲ့နှစ်မှာပဲ စတင်ပျံသန်းခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာဆိုရင်တော့ ခရီးသည်ပေါင်း ၃၀ ဒဿမ ၅ သန်းကို သယ် ယူပျံသန်းပြီးခဲ့ပါပြီ။
(၃) Qantas
ဒီလေကြောင်းလိုင်းကိုတော့ ၁၉၂၀ ခုနှစ်မှာစတင်တည်ထောင်ခဲ့ပါတယ်။ ပထမဆုံးစတင်ပျံသန်းခဲ့တဲ့ လေယာဉ်အမျိုးအစားကတော့ Avro 504 ဖြစ်ပြီး လေယာဉ်မှူးတဦးနဲ့ အခြားခရီးသည်တဦး ပါဝင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာဆိုရင်တော့ ခရီးသည်ပေါင်း ၅၅ ဒဿမ ၃ သန်း သယ်ဆောင်ပျံသန်း ပြီးခဲ့ပါပြီ။
(၄) Aeroflot
ဒီလေကြောင်းလိုင်းကိုတော့ ၁၉၂၃ ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး ၁၉၂၃ ဇွန်လိုင်လမှာပဲစတင် ပျံသန်းခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာတော့ Aeroflot လေကြောင်းလိုင်းက ကမ္ဘာ့အကြီးမားဆုံး လေကြောင်း လိုင်းတလိုင်း ဖြစ်လာခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ ခရီးသည်ပေါင်း ၅၅ ဒဿမ ၇ သန်း သယ်ဆောင်ပျံသန်းပြီးခဲ့ပါပြီ။
(၅) Czech Airlines
ဒီလေကြောင်းလိုင်းကိုတော့ ၁၉၂၃ ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး ၁၉၂၃ အောက်တိုဘာလမှာ စတင်ပျံသန်း ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာဆိုရင်တော့ ခရီးသည်ပေါင်း ၂ ဒဿမ ၉ သန်း သယ်ဆောင် ပျံသန်းပြီးပါပြီ။
(၆) Finnair
ဒီလေကြောင်းလိုင်းကိုတော့ ၁၉၂၃ မှာစတင်တည်ထောင်ခဲ့ပြီး ၁၉၂၄ မတ်လမှ ာစတင်ပျံသန်းခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာတော့ ဥရောပကနေ တိုကျိုကို မရပ်မနားပျံသန်းခဲ့တဲ့ ပထမဆုံးလေကြောင်း လိုင်းဖြစ်လာခဲ့ပြီး DC-10လေယာဉ်နဲ့ ပျံသန်းခဲ့တာပါ။ အဲဒီပျံသန်းမှုပြီးလို့ ၅ နှစ်အကြာမှာတော့ ဥရောပကနေ တရုတ်ကို တိုက်ရိုက်ပျံသန်းခဲ့ပါတယ်။. ၂၀၁၇ ခုနှစ်အတွင်းမှာဆိုရင် ခရီးသည် ပေါင်း ၁၃ ဒဿမ ၂ သန်းကို သယ်ဆောင်ပျံသန်းပြီးခဲ့ပါပြီ။
Ref : edition.cnn