Travel

ကမ္ဘာမှာ လူအရောက် နည်းသော နေရာများ

ကမ္ဘာပေါ်မှာ ခရီးသွားတွေ အများဆုံး သွားရောက်ကြတဲ့နေရာတွေ ရှိသလို ခရီးသွားတွေ မရောက်သလောက်နီးပါး ဖြစ်တဲ့နေရာတွေလည်း ရှိပါတယ်။ အဲဒီနေရာတွေကတော့ ပစိဖိတ်သမုဒ္ဒရာ အတွင်းက Tuvalu ကျွန်းစု၊ Kiribati ကျွန်းနဲ့ Sierra Leone နိုင်ငံတို့ပဲ ဖြစ်ပါတယ်။ ကမ္ဘာမှာ လူအရောက်နည်းတဲ့ အဲဒီ နေရာတွေအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Tuvalu

Tavula ကျွန်းဟာ တောင်ပစိတ်သမုဒ္ဒရာထဲက ကျွန်းစုတခုဖြစ်ပြီး Polynesian လူမျိုးအများစုနဲ့ Micronesian လူမျိုး အနည်းစု နေထိုင်ကြပါတယ်။ တခြားနိုင်ငံမှာရှိတဲ့ ကျွန်းစုတွေကတော့ ခရီးသွားတွေနဲ့ ပြည့်နှက်နေတတ်ပေမယ့် Tuvalu ကျွန်းကတော့ ခရီးသွားတွေလာရောက်မှု အနည်းဆုံး နေရာ တနေရာပါ။
၂၀၁၅ ခုနှစ် စာရင်းတွေအရဆိုရင် ဒီနိုင်ငံကို လာရောက် လည်ပတ်ကြတဲ့ ခရီးသွားပေါင်းက ၁၀၀၀ ပဲရှိခဲ့ပါတယ်။ တကယ်တော့ Tuvalu ကျွန်းဟာ လှပပြီး ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်တဲ့ ကျွန်းတကျွန်းပါ။ သဲသောင်ပြင်တွေဟာ လမ်းလျှောက်လို့ကောင်းသလို ကြည်လင်နေတဲ့ ရေပြင်ကလည်း ရေကူးလို့ကောင်း၊ ရေငုပ်လို့ကောင်းတဲ့နေရာတနေရာပါ။

Tuvalu ကျွန်းမှာဆိုရင်တော့ ပင်လယ်လိပ်တွေ၊ စင်ရော်တွေ၊ ငါးအမျိုးမျိုး ပေါများတဲ့အပြင် အခြားတိရစ္ဆာန်နဲ့ အပင်ပေါင်းစုံလည်း ပေါက်ရောက်နေပါသေးတယ်။ တကယ်တော့ ဒီနေရာဟာ စစ်တပ်လည်းမရှိ၊ နိုင်ငံရေးလည်း မရှိတဲ့ နေရာ တနေရာပါ။ တခုစဉ်းစားစရာ ရှိတာကတော့ စီးပွားရေး ဈေးကွက်ကြောင့်လား၊ လူသိပဲ နည်းနေသေးလို့လား။ တခုခုကြောင့်ပါပဲ။

(၂) Kiribati

ရေငန်အိုင်ရှိတဲ့ သန္တာကျောက်ကျွန်း ၃၃ ကျွန်းနဲ့ ဖွဲ့စည်းထားတဲ့ Kiribati ဟာ ပစိဖိတ်သမုဒ္ဒရာ အတွင်းမှာတည်ရှိပါတယ်။ ဒီကျွန်းဟာဆိုရင်လည်း အဖြူရောင် သဲမြေတွေ မိုးပြာရောင် ရေပြင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကျွန်းတကျွန်းဖြစ်သလို ရေငုပ်လို့၊ ငါးဖမ်းလို့ကောင်းတဲ့ နေရာ တနေရာပါ။ တချို့ ကျွန်းငယ်တွေမှာဆိုရင်တော့ ဒုတိယ ကမ္ဘာစစ်အတွင်းက စစ်ဖြစ်ပွားခဲ့တဲ့ နေရာတွေပါ။

Tuvalu ကျွန်းလိုပဲ Kiribati ကျွန်းကလည်း လှပပေမယ့် ခရီးသွားတွေလာရောက်မှု အလွန် နည်းပါးခဲ့တဲ့ နေရာ တနေရာပါ။ ၂၀၁၅ ခုနှစ်မှာဆိုရင်တော့ ဒီကျွန်းကို လာရောက် လည်ပတ်သူပေါင်းက ၅၀၀၀ သာ ရှိခဲ့ပါတယ်။ တကယ်တော့ ဒီကျွန်းဟာ Hawaii ကနေ ၅ နာရီ ခရီးပဲ ရှိသလို လုံလောက်တဲ့ ဈေးကွက် စီးပွားရေး စနစ်လည်း ရှိတဲ့အတွက်ကြောင့် မကြာခင်မှာတော့ ခရီးသွားတွေ တိုးလာမယ်လို့ မျှော်လင့်ရပါ တယ်။

(၃) Sierra Leone

၂၀၁၅ ခုနှစ် စာရင်းတွေအရဆို ၂၀၁၅ ခုနှစ်မှာ Sierra Leone နိုင်ငံကို လာရောက်သူပေါင်းက ၂၄၀၀၀ သာရှိခဲ့ပြီး ကမ္ဘာပေါ်မှ ာခရီးသွားတွေ လာရောက်လည်ပတ်မှု အနည်းဆုံ းနိုင်ငံစာရင်းထဲ ပါဝင်ခဲ့ပါတယ်။ Sierra Leone နိုင်ငံဟာ အာဖရိအနောက်ပိုင်းမှ ာရှိပြီး အတ္တလန္တိတ်သမုဒ္ဒရာရဲ့ ကမ်းခြေပေါ်မှာ တည်ရှိပါတယ်။

ဒီနိုင်ငံမှာဆိုရင်လည်း အဖြူရောင် သဲသောင်ပြင်တွေနဲ့ ကမ်းခြေတွေ ပေါများသလို စိန်၊ ရွှေ စတဲ့ တွင်းထွက်ပစ္စည်းတွေ ပေါများတဲ့ နိုင်ငံတနိုင်ငံပါ။ လွတ်လပ်ရေး ရပြီးကတည်းက Sierra Leone နိုင်ငံဟာ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ခဲ့ပြီး ပြည်တွင်းစစ်နဲ့ ရောဂါကြောင့် လူထောင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။

ဆေးရုံ၊ ဆေးပေးခန်းစနစ်တွေကလည်း မကောင်းမွန်တဲ့အတွက်ကြောင့် Sierra Leone နိုင်ငံဟာ အနောက် အာဖရိကနိုင်ငံတွေထဲမှာ လူသေမှုနှုန်း မြင့်မားနေတဲ့ နိုင်ငံတနိုင်ငံပါ။ ဒီအချက်တွေကြောင့်လည်း ခရီးသွား အနည်းငယ်လောက်သာ Sierra Leone နိုင်ငံရဲ့ ကမ်းခြေတွေဆီ လာရောက်ကြတာ ဖြစ်ပါလိမ့်မယ်။

Ref : worldatlas

Loading