ခရီးသွားတွေအနေနဲ့ အရှေ့တောင်အာရှကို အလည်အပတ် လာရောက်ကြရတဲ့ အကြောင်းအရင်းကတော့ လှပတာကြောင့်ရယ်၊ ယဉ်ကျေးမှုတွေ ပေါကြွယ်ဝတဲ့ အတွက်ကြောင့်ပါ။ အရှေ့တောင်အာရှမှာဆိုရင် အခုဖော်ပြပေးတဲ့ နိုင်ငံတွေဟာ အလှဆုံးသော နိုင်ငံတွေပါ။ အခု ဖော်ပြပေးမယ့် အရှေ့တောင်အာရှရဲ့ အလှဆုံးသော ၇ နိုင်ငံစာရင်းကို ဗြိတိန် Travel Guidebook ဝက်ဘ်ဆိုက်တခုဖြစ်တဲ့ Rough Guides မှာ ဝင်ဖတ်သူတွေ မဲပေးခဲ့ကြတာပါ။ အဲဒီနိုင်ငံတွေရဲ့စာရင်းမှာ မြန်မာနိုင်ငံဟာ ဒုတိယ နေရာက ရှိနေပါတယ်။
(၁) အင်ဒိုနီးရှားနိုင်ငံ
အရှေ့တောင်အာရှကို ခရီးထွက်တဲ့သူတွေဟာ အင်ဒိုနီးရှားနိုင်ငံကို ပိုပြီးသဘောကျကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ သဘာဝအလှတွေကလည်း အံ့သြဖွယ်ရာ ကောင်းသလို လှပတဲ့ ရေတံခွန်တွေ၊ ထူထပ်တဲ့တောအုပ်တွေ၊ မြင့်မားတဲ့ မီးတောင်တွေကြောင့် အရှေ့တောင်အာရှရဲ့ အလှဆုံးနိုင်ငံ စာရင်းမှာ ပထမနေရာက ရှိနေတာပါ။
(၂) မြန်မာနိုင်ငံ
မြန်မာနိုင်ငံကို ခရီးသွားတွေ သဘောကျတဲ့အကြောင်းကတော့ အင်းလေးနဲ့ ပုဂံကြောင့်ဖြစ်သလို မြန်မာနိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ကြောင့်ပါ။ ဒါကြောင့်လည်း အရှေ့တောင်အာရှ မှာ မြန်မာနိုင်ငံဟာ ဒုတိယအလှဆုံးဆိုတဲ့ နေရာနဲ့ ထိုက်တန်ပါတယ်။
(၃) ကမ္ဘောဒီးယား
Rough Guide blog ရဲ့ ဝင်ဖတ်ကြတဲ့ ခရီးသွားတွေကို မဲပေးခိုင်းတဲ့အခါ ခရီးသွားတွေက အရှေ့တောင်အာရှမှာ ကမ္ဘောဒီးယားက တတိယအလှဆုံးလို့ တညီတညွှတ်တည်း ဖြေဆိုကြပါတယ်။ Angkor Wat ဟာ ကမ္ဘောဒီယားရဲ့ အထင်ကရနေရာတခုဖြစ်သလို အခြားလှပတဲ့ ရှေးဟောင်း ကျောင်းတော်ကြီးတွေကလည်း အများအပြားပါပဲ။
(၄) ဖိလစ်ပိုင်နိုင်ငံ
ဖိလစ်ပိုင်နိုင်ငံဟာဆိုရင်တော့ ကျွန်းစုပေါင်း ၇၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတနိုင်ငံပါ။ ဒါကြောင့်လည်း ဖိလစ်ပိုင်နိုင်ငံဟာ အရှေ့တောင်အာရှရဲ့ စတုတ္ထမြောက် အလှဆုံ းနိုင်ငံတနိုင်ငံပါ။ Palawan ကျွန်းကတော့ အလှဆုံးနေရာပါ။
(၅) ဗီယက်နမ်နိုင်ငံ
ဗီယက်နမ်နိုင်ငံဟာဆိုရင် လှပတဲ့ရှုခင်းတွေ အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတနိုင်ငံပါ။ ခရီးသွားတွေ အနေနဲ့ ဗီယက်နမ်ကို သဘောကျရတဲ့ အကြောင်းရင်းတော့ မဲခေါင်မြစ်ကြောင့်ဖြစ်သလို နိုင်ငံတောင်ပိုင်း ဒေသတွေကလည်း စိမ်းလန်းတဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေကြောင့်ပါ။
(၆) လာအိုနိုင်ငံ
ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံကြားမှာ တည်ရှိတဲ့ လာအိုနိုင်ငံဟာ တကယ်တော့ သေးငယ်တဲ့ နိုင်ငံ တနိုင်ငံပါ။ လာအိုနိုင်ငံမှာဆိုရင် ကျန်းမာရေးအတွက် ရေကူးလို့ရတဲ့ ရေတံခွန်တွေလည်း အမြောက်အမြားပါ။ Laung Prabang မြို့ငယ်လေးဟာဆိုရင် သေးငယ်ပေမယ့် အရှေ့တောင်အာရှမှာ အလှဆုံးစာရင်းဝင်တဲ့ မြို့တမြို့ပါ။
(၇) ထိုင်းနိုင်ငံ
အရှေ့တောင်အာရှရဲ့ အလှဆုံး ၇ နိုင်ငံစာရင်းကို ဖော်ပြထားရာမှာ ထိုင်းနိုင်ငံက နံပတ် ၇ နေရာက ရှိနေပါတယ်။ တကယ်တော့ အရှေ့တောင်အာရှရဲ့ အလှဆုံး နိုင်ငံစာရင်းမှာ ထိုင်းနိုင်ငံက နံပတ် ၇ နေရာမှာ ရှိနေတာ အံ့သြစရာတော့ ကောင်းပါတယ်။ ထိုင်းနိုင်ငံက မလှပလို့တော့ မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာဆိုရင်လည်း လှပတဲ့ကမ်းခြေတွေ ခရီးသွားတွေ သဘောကျတဲ့ နေရာတွေ အများအပြားပါ။
ဒါပေမယ့်လည်း Rough Guide Blog ကို ဝင်ဖတ်ကြတဲ့ ခရီးသွားတွေက ထိုင်းနိုင်ငံကို အရှေ့တောင်အာရှရဲ့ အလှဆုံးနိုင်ငံတွေရဲ့စာရင်းမှာ နံပတ် ၇ နေရာကနေပဲ မဲပေးခဲ့ကြပါတယ်။
Ref : roughguides