Travel

ပေါ်တူဂီနိုင်ငံရဲ့ အထင်ကရနေရာများ

ပေါ်တူဂီနိုင်ငံမှာဆိုရင်တော့ အထင်ကရနေရာတွေ အများကြီးပါပဲ။ Lisbon ၊ Funchal ၊ Averio မြို့ တွေဟာ ပေါ်တူဂီနိုင်ငံမှာ ထင်ရှားတဲ့မြို့တွေဖြစ်သလို ပေါ်တူဂီနိုင်ငံရဲ့ ဗိသုကာလက်ရာတွေက လည်း အံ့မခမ်းပါပဲ။ ဒါကြောင့် ပေါ်တူဂီနိုင်ငံရဲ့ အထင်ကရနေရာအချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) Dom luis Bridge

ပေါ်တိုမြို့ မှာရှိတဲ့ Dom Luis တံတားဟာဆိုရင်တော့ ပေါ်တိုမြို့ရဲ့ ပုံရိပ်တခုပါပဲ။ ဒီတံတားကို ၁၉ ရာစုနှောင်းပိုင်း လောက်က တည်ဆောက်ခဲ့ပါတယ်။ ဒီတံတားပုံစံကို ဒီဇိုင်းရေးဆွဲခဲ့တာကတော့ Gustave Eiffel ဖြစ်ပြီး သူဟာ ပဲရစ်မှာရှိတဲ့ Eiffel မျှော်စင်ကို ဒီဇိုင်းရေးဆွဲခဲ့သူတယောက်ပါ။

(၂) Benagil Sea Cave

ပေါ်တူဂီနိုင်ငံရဲ့ နောက်ထပ် အထင်ကရနေရာတနေရာကတော့ Benagil Sea Cave ပါ။ ဒီနေရာက တော့ ပေါ်တူဂီနိုင်ငံရဲ့ မြို့ငယ်ကလေးဖြစ်တဲ့ Algarve မြို့ မှာရှိပါတယ်။

(၃) Pena Palace Lisbon

မြို့ကနေ မိနစ်အနည်းငယ်လောက်ဆက်သွားလိုက်မယ်ဆို Sintra မြို့ကို ရောက်ပါလိမ့် မယ်။ အဲဒီမြို့ မှာဆိုရင်တော့ ကြီးကျယ်ခမ်းနားတဲ့လက်ရာတွေနဲ့ တည်ဆောက်ထားတဲ့ Pena Palace ကို တွေ့ရပါလိမ့်မယ်။ ဒီ Pena Palace ကိုတော့ ၁၉ ရာစုလောက်ကတည်ဆောက်ခဲ့တာ ဖြစ်ပြီး စိမ်းလန်းစိုပြေတဲ့တောင်ကုန်းတွေက ဝိုင်းရံထားပါတယ်။

(၄) Obidos Castle Obidos

ရဲတိုက်ဟာ ပေါ်တူဂီအရှေ့ ပိုင်းက မြို့ ငယ်ကလေးတမြို့ ဖြစ်တဲ့ Obidos မြို့ မှာရှိပါတယ်။ ဒီ ရဲတိုက်ကိုတော့ ၈ ရာစုကတည်ဆောက်ခဲ့တာဖြစ်ပြီး ၁၃ ရာစုလောက်မှာတော့ အသစ်တဖန် ပြန် လည်တည်ဆောက်ခဲ့ပါတယ်။ ဒီရဲတိုက်ကြီးကတော့ ပေါ်တူဂီနိုင်ငံရဲ့ သမိုင်းဝင်နေရာတနေရာဖြစ် သလို လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ လောက်ကစပြီး ရဲတိုက်ပတ်ဝန်းကျင်မှာ ပုဂ္ဂလိကတည်းခိုခန်းတွေ ပေါ် ပေါက်လာခဲ့ပါတယ်။ ဒါကြောင့်လည်း ခရီးသွားတွေ အတွက်အဆင်ပြေလာခဲ့ပြီး အခန်းတော်တော် များများကိုလည်း တည်းခိုလို့အဆင်ပြေနိုင်အောင် ပြန်လည်ပြင်ဆင်ထားပါတယ်။

(၅) Jeronimos Monastery Lisbon

ဒီဘုရားရှိခိုးကျောင်းကြီးကိုတော့ ၁၅ ရာစုလောက်ကတည်ဆောက်ခဲ့ပါတယ်။ ဒီ ဘုရားရှိခိုးကျောင်းကြီးဟာ ပထမတုန်းကတော့ Hieronymite ရဲ့ နေအိမ်ဖြစ်ခဲ့ပါတယ်။ နောက်ပိုင်း မှာတော့ ပေါ်တူဂီနိုင်ငံရဲ့ တော်ဝင်မိသားစု တွေနေထိုင်ရာနေရာဖြစ်ခဲ့ပြီး အခုဆိုရင်တော့ ဘုရားရှိခိုး ကျောင်းအဖြစ် အသွင်ပြောင်းခဲ့ပါတယ်။ ဒီဘုရားရှိခိုး ကျောင်းကြီးရဲ့ ဗိသုကာလက်ရာတွေကခမ်း နားသလို ပေါ်တူဂီနိုင်ငံရဲ့ အရေးကြီးတဲ့အစည်းအဝေးပွဲတွေကိုလည်း ဒီဘုရားရှိခိုးကျောင်းမှာ ကျင်း ပလေ့ရှိပါတယ်။

Ref:traveluto

Loading