အာရှတိုက်က နိုင်ငံတွေဟာ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေကြောင့် ခရီးသွားတွေ သဘောတွေ့လေ့ ရှိတဲ့ တိုက်တတိုက်ပါ။ တရုတ်နိုင်ငံက လက်ဖက်ခြောက်ကြောင့် နာမည်ကြီးသလို အိန္ဒိယကလည်း တာချ့်မဟာကြောင့် နာမည်ကြီးပါတယ်။ ဒါကြောင့် အာရှတိုက်ထဲမှာ ဘယ်နိုင်ငံတွေက အလှဆုံး လည်းဆိုတာကို ဖော်ပြပေးချင်ပါတယ်။
(၁) ဘူတန်နိုင်ငံ
ဘူတန်နိုင်ငံမှာဆိုရင်တော့ တောင်မြင့်မြင့်တွေပေါ်မှာဆောက်လုပ်ထားတဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေက အံ့သြဖွယ်ရာတွေပါပဲ။ Paro တောင်ကြားမှာ သွပ်မိုးနီနီတွေနဲ့ ဆောက်လုပ်ထားတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းကလည်း နာမည်ကြီး နေရာ တနေရာပါ။ Paro ကနေ ၂ နာရီ လောက်ကားမောင်းသွားမယ်ဆိုရင်တော့ နွားနောက်တွေ ကျက်စားလေ့ရှိတဲ့ စားကျက်ကိုရောက် သွားပါလိမ့်မယ်။ Chockor တောင်ကြားဟာဆိုရင်လည်း အာရှရဲ့ ဆွစ်ဇာလန် အငယ်စားလို့ တင်စားခေါ်ဝေါ်ခံရတဲ့နေရာတနေရာပါ။
(၂) နီပေါနိုင်ငံ
တောတောင်တွေထူထပ်တဲ့ နီပေါနိုင်ငံကလည်း ခရီးသွားတွေသဘောကျတဲ့ နိုင်ငံတနိုင်ငံပါ။ နီပေါ နိုင်ငံဟာ မြတ်စွာဘုရား ဖွားတော်မူတဲ့ နိုင်ငံဖြစ်သလို လှပတဲ့ ရေတံခွန်တွေ၊ မတူကွဲပြားတဲ့ ဇီဝမျိုးစိတ်တွေနဲ့ တောင်တက်ခရီးတွေကြောင့်လည်း နာမည်ကြီးပါတယ်။
(၃) အာမေးနီးယားနိုင်ငံ
အာမေးနီးယားနိုင်ငံဟာဆိုရင်လည်း အာရှရဲ့ ထူးခြားလှပတဲ့ နိုင်ငံတနိုင်ငံပါ။ ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး အဲဒီလို သတ်မှတ်တာကလည်း ကမ္ဘာပေါ်မှာ ပထမဆုံးနိုင်ငံပါ။ ဒါကြောင့် အာမေးနီးယားနိုင်ငံကို အလည်သွားမယ် ဆိုရင်တော့ လှပတဲ့ ခရစ်ယာန်ဘုရားရှိခိုး ကျောင်းတွေကို တွေ့ရပါလိမ့်မယ်။
(၄) ဂျော်ဒန်နိုင်ငံ
ဂျော်ဒန်နိုင်ငံမှာဆိုရင်တော့ ဖော်ရွေတဲ့ ဒေသခံတွေကို တွေ့ရမှာဖြစ်သလို လှပတဲ့ ကန္တာရရှုခင်းတွေဆီကိုလည်း အလည်သွားရောက်နိုင်မှာ ဖြစ်ပါတယ်။
(၅) ဂျပန်နိုင်ငံ
ဂျပန်နိုင်ငံဟာဆိုရင်လည်း ဖူဂျီတောင်ကြောင့် နာမည်ကြီးသလို ဂေးရှားမယ်တွေကြောင့်လည်း နာမည်ကြီးပါတယ်။ ဂျပန်နိုင်ငံကို အလည်သွားမယ်ဆိုရင်တော့ နွေဦးအချိန်က အကောင်းဆုံးပါ။ ဘာလို့လဲဆိုတော့ နွေဦးအချိန်မှာဆိုရင် သန်းပေါင်းများစွားသော ချယ်ရီပန်းတွေ ဖူးပွင့်နေတဲ့ အချိန်မို့ပါ။ ဂျပန်နိုင်ငံဟာ နည်းပညာနဲ့ ပတ်သက်ရင် နာမည်ကြီး နိုင်ငံတနိုင်ငံဖြစ်သလို စိမ်းလန်း စိုပြေတဲ့ လယ်ယာမြေတွေနဲ့ ရှေးဟောင်းဘုန်းကြီးကျောင်းတွေကလည်း အများအပြားပါပဲ။
Ref : traveluto