တောင်ကိုးရီးယားနိုင်ငံကို အလည်အပတ် သွားမယ်ဆိုရင် သိထားသင့်တဲ့ အချက်တွေ ရှိပါတယ်။ အရေးအကြီးဆုံးအချက်ကတော့ လူတယောက်ယောက်ကို ခေါ်တဲ့အခါ ဘယ်တော့မှ လက်ယက် မခေါ်မိပါစေနဲ့။ ဒီလို လက်ယက် ခေါ်တာကိုတော့ တောင်ကိုးရီးယားသားတွေက သူတို့ခွေးတွေကို ခေါ်တဲ့အခါမှာ အသုံးပြုလေ့ရှိပါတယ်။
တောင်ကိုးရီးယားမှာ လူတယောက်ကို လက်ယက်ခေါ်တာက ခွေးကိုခေါ်တဲ့ အဓိပ္ပာယ်နဲ့အတူတူပါပဲ။ နောက်ထပ်အရေးကြီးတာကတော့ လူတယောက်ယောက် ရဲ့နာမည်ကို ရေးတဲ့အခါ အနီရောင်ကို အသုံးမပြုပါနဲ့။ ဘာကြောင့်လဲဆိုတော့ အနီရောင်ဟာ သေခြင်းတရားကို ကိုယ်စားပြုတဲ့ အတွက်ကြောင့်ပါ။ တောင်ကိုရီးယားနိုင်ငံကို အလည်သွားမယ်ဆိုရင် နောက်ထပ် အရေးကြီးတဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) ရာသီဥတုကို လေ့လာပါ
တောင်ကိုးရီးယာနိုင်ငံကိုအလည်သွားမယ်ဆိုရင် ဒီဇင်ဘာလို လမျိုးကို ရှောင်သင့်ပါတယ်။ ဒီဇင်ဘာဟာ တအားအေးတဲ့ အချိန်ဖြစ်တဲ့အတွက် လည်ပတ်လို့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါကြောင့် နွေဦးအချိန်မှာ တောင်ကိုးရီးယားကို အလည်သွားတာ အကောင်းဆုံးပါပဲ။
(၂) လူအများ အသုံးပြုတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုပါ
တောင်ကိုးရီးယားနိုင်ငံရဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေက အလွန်ကို ကောင်းပါတယ်။ ဒါကြောင့် ဘတ်စ်ကားစီးတာပဲဖြစ်ဖြစ် မြေအောက်ရထားစီးတာမျိုးပဲဖြစ်ဖြစ် ပြုလုပ်သင့်ပါတယ်။
(၃) လူထုဆန္ဒ ထုတ်ဖော်ပွဲတွေကို သတိထားပါ
တောင်ကိုးရီးယားနိုင်ငံဟာ မကြာခဏဆိုသလိုပဲ လူထုဆန္ဒဖော်ထုတ်ပွဲတွေကို ကျင်းပလေ့ရှိပါ တယ်။ အထူးသဖြင့်ကတော့ လူထုဆန္ဒဖော်ထုတ်ပွဲတွေကို အမေရိကန်စစ်ဘက် အခြေစိုက်စခန်းအနီးမှာ ပြုလုပ်လေ့ရှိကြပါတယ်။
(၄) ဘာသာစကားကို ကြိုတင် လေ့လာထားပါ
နိုင်ငံခြားတိုင်းပြည်ကို ခရီးသွားမယ်ဆိုရင် ကိုယ်သွားမယ့်နိုင်ငံရဲ့ ဘာသာစကားကို အနည်းအကျဉ်း လေ့လာထားတာက အကောင်းဆုံးပါပဲ။ တောင်ကိုးရီးယားနိုင်ငံကို အလည်သွားမယ်ဆိုရင်လည်း တောင်ကိုးရီးယားနိုင်ငံရဲ့ ဘာသာစကားကို လေ့လာထားသင့်ပါတယ်။ ဒီအချက်က အလည်အပတ်သွားသူတွေကို ကျေးဇူးပြုပါလိမ့်မယ်။
တောင်ကိုးရီးယားနိုင်ငံရဲ့ဘာသာစကားအရဆို Yes ကို “YE” ၊ No ကို “A-NIM-NI-DA” ၊ Hello ကို “AHN-NYUNG HA-SEH-YO” ဆိုပြီး သုံးပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ
ကိုးရီးယားနိုင်ငံရဲ့ မြို့တော် ဆိုးလ်ကို သွားလည်ကြမလား
ကိုရီးယားလူမျိုးတွေဆီက သင်ယူသင့်တဲ့ အချက်များ
Ref : worldnomads