ဘာလီကျွန်းတောင်ခြေမှာရှိတဲ့ Panglipuran ရွာကလေးဟာ ကမ္ဘာပေါ်မှာ တတိယအသန့်ရှင်းဆုံး ကျေးရွာအဖြစ် မဲပေးခံခဲ့ရပါတယ်။ ဒီရွာကလေးဟာ အင်ဒိုနီးရှားနိုင်ငံ ၊ Danpasar မြို့ ကနေ ၄၅ ကီလိုမီတာ (၂၈ မိုင် ) အဝေးမှာ ရှိပါတယ်။
အဲဒီရွာကလေးမှာဆိုရင်တော့ အိမ်ခြေ ၁၀၀၀ လောက်ရှိပြီး အိမ်တွေအားလုံးကလည်း ရှေးဆန်ဆန် ဆောက်လုပ် ထားတဲ့အိမ်ကလေးတွေပါ။ ဒီရွာကလေးရဲ့ သန့်ရှင်းသပ်ရပ်မှုဂုဏ်သတင်းကြောင့် လည်း ကမ္ဘာလှည့်ခရီးသွားတွေ မျက်စိကျတဲ့နေရာတနေရာပါ။ ဒါကြောင့်လည်း ကမ္ဘာလှည့်ခရီး သွားတွေနဲ့ အမြဲလိုလိုစည်ကားနေတတ်ပါတယ်။
ဒီရွာကလေးဟာ အခြား အင်ဒိုနီးရှားကကျေးရွာတွေလို ဘာသာရေးကိုင်းရှိုင်းတဲ့ကျေးရွာတရွာဖြစ် သလို ယဉ်ကျေးမှုဓလေ့တွေကလည်း ရွာသူရွာသားတွေအပေါ် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပါ တယ်။ ဒီအစဉ်အလာကို ပျောက်ပျက်မသွားအောင်လည်း ထိန်းသိမ်းစောင့်ရှောက်ထားကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ ယဉ်ကျေးမှုဦးစီးဌာနနဲ့ ခရီးသွားလာရေးလုပ်ငန်း စီမံခန့်ခွဲမှုအစီအစဉ်တွေရဲ့ အကူအညီနဲ့အတူ အုတ် ၊ အင်္ဂတေတွေနဲ့ဆောက်လုပ်ထားတဲ့နေအိမ်တွေကို တားမြစ်ထားတဲ့ဧရိ ယာတွေလည်း ရှိပါသေးတယ်။ အဲဒီလို တားမြစ်ထားတဲ့နေရာတွေမှာဆိုရင်တော့ ဝါးနဲ့ဆောက်လုပ် ထားတဲ့နေအိမ်အများအပြားကို တွေ့နိုင်ပါတယ်။
Penglipuran ရွာသားတွေဟာ ပလတ်စတစ်အသုံးပြုမှုကလည်း အတော်နည်းပါးပါတယ်။ စည်းမဲ့ ကမ်းမဲ့ အမှိုက်စွန့်ပစ်မှု ကလည်း မရှိသလောက်ဖြစ်ပြီး အမှိုက်တွေကို လမ်းပေါ်ပစ်မချကြဘဲ အမှိုက် ပုံးတွေအတွင်းမှာသာ စွန့်ပစ်လေ့ရှိကြပါတယ်။ ဆေးလိပ်သောက်တာကိုလည်း တားမြစ်ထားပါ တယ်။
ဒီရွာမှာနေထိုင်ကြသူတွေအားလုံးဟာ ငယ်စဉ်ကလေးဘဝကတည်း ကစလို့ ပတ်ဝန်းကျင်ကိုဂရုစိုက်ဖို့ သင်ကြားခံခဲ့ရ သူတွေချည်းပါ။ ဒါကြောင့်လည်း စည်းကမ်းရှိရှိနေတတ်ဖို့ အသိပညာက ငယ်စဉ်က တည်းက ပါလာခဲ့ကြပါတယ်။
ကျောင်းဖျော်ဖြေပွဲလိုအခမ်းအနားတွေမှာဆိုရင်လည်း ဒီယဉ်ကျေးမှုကို ဆက်လက်သယ်ဆောင်ကြ ဖို့ တိုက်တွန်းလေ့ရှိပါတယ်။ မိခင်ဖြစ်သူနဲ့ အိမ်ထောင်ရှင်အမျိုးသမီးတွေကလည်း ဒီအစဉ်အလာ ကို ဆက်လက်ထိန်းသိမ်းဖို့ ကလေးတွေကို အမြဲဆုံးမလေ့ရှိကြပါတယ်။
ဒီရွာကိုလာရောက်လည်ပတ်ကြတဲ့ ခရီးသွားတွေအနေနဲ့ အင်ဒိုနီးရှားပိုက်ဆံ ၃၀၀၀၀ ပေးရပါ တယ်။ ကောက်လို့ရတဲ့ပိုက်ဆံတွေကိုတော့ သန့်ရှင်းရေးလုပ်ငန်းတွေမှာ ပြန်လည်အသုံးပြုပါ တယ်။
Ref:wowshack