ဥရောပနိုင်ငံအများစုဟာ အလှတရားတွေပေါင်းဆုံနေတဲ့ ရတနာသိုက် တခုပါ။ အဲဒီနိုင်ငံတွေမှာရှိတဲ့ မြို့အများစုကလည်း လှပသန့်ရှင်းပြီး ချစ်စရာကောင်းသလို ဝေးလံခေါင်သီတဲ့ ကျေးရွာအများစုကလည်း ပုံမှန် မဟုတ်တဲ့နေအိမ်တွေကို ဆောက်လုပ်လေ့ ရှိကြပါတယ်။
အခုဖော်ပြပေးမယ့် နေရာတွေကတော့ ဥရောပမှာ ရှိတဲ့ အထင်ကရ နေရာတွေပါ။ ဒီနေရာတွေဟာ အရောင်မျိုးစုံ ခြယ်သထားတဲ့ နေရာတွေလည်း ဖြစ်ကြပါတယ်။
(၁) Colmar
Colmar မြို့ကတော့ ဥရောပမှာ ထင်ရှားတဲ့မြို့တမြို့ ဖြစ်ပြီး ပြင်သစ်နိုင်ငံမှာ ရှိပါတယ်။ ဒီမြို့ရဲ့ လမ်းတိုင်းလိုလိုမှာ လှပပြီး ကြည့်လို့ကောင်းတဲ့ အဆောက်အဦတွေ ဝန်းရံထားပါတယ်။ ပြင်သစ်၊ ဂျာမန် ဗိသုကာ အတတ်ပညာတွေနဲ့ ရောနှောဆောက်လုပ်ထားတဲ့ ဒီမြို့ကလေးဟာ Venice အငယ်စားလို့ လူတွေက မှတ်ချက်ပေးထားကြသလို အဆောက်အဦတွေကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားပါတယ်။
(၂) Happy Rizzi Haus
ဂျာမနီနိုင်ငံ၊ Braunschweig မြို့မှာရှိတဲ့ Happy Rizzi Haus မှာဆိုရင်လည်း ထူးခြားတဲ့ ဂရပ်ဖစ် ဒီဇိုင်းတွေနဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အဦတွေ ရှိပါတယ်။ ဒီအဆောက်အဦတွေရဲ့ ဂရပ်ဖစ် ဒီဇိုင်းကိုတော့ အမေရိကန်ပန်းချီပညာရှင် James Rizzi က ရေးဆွဲခဲ့တာဖြစ်ပါတယ်။
(၃) Stortorget
ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ ရှိတဲ့ Stortorget ရပ်ကွက် နာမည်ကြီးရတဲ့အကြောင်း ၂ ချက် ရှိပါတယ်။ အဲဒါတွေကတော့ ခရစ်စမတ်ဈေးနဲ့ ၁၇ ရာစုကတည်ဆောက်ခဲ့တဲ့ အိမ်တွေကြောင့်ပါ။ ဒီအိမ်တွေကိုတော့ အရောင်မျိုးစုံနဲ့ ခြယ်သထားကြပါတယ်။
(၄) Nyhavn
ကိုပင်ဟေဂင် မြောက်ပိုင်းမှာရှိတဲ့ Nyhavn ဆိပ်ကမ်းကလည်း တောက်ပတဲ့အရောင်တွေနဲ့ ခြယ်သထားတဲ့ အဆောက်အဦတွေကြောင့် လူကြိုက်များတဲ့ နေရာတနေရာပါ။ ဒီဆိပ်ကမ်းမှာရှိတဲ့ အဆောက်အဦတွေကိုတော့ ၁၇ ရာစုက တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ တချိန်တုန်းကတော့ ဒီနေရာလေးမှာ စာရေးဆရာ Hans Christian Andersen နေထိုင်ခဲ့ပါတယ်။
(၅) Vernazza
အီတလီနိုင်ငံရဲ့ သေးငယ်တဲ့ ဆိပ်ကမ်းမြို့လေး တမြို့ ဖြစ်တဲ့ Vernazza မြို့ကလည်း အရောင်တွေနဲ့ စနစ်တကျ ဆောက်လုပ်ထားတဲ့ မြို့တမြို့ပါ။ ဒီမှာနေထိုင်သူ အများစုကတော့ တံငါသည်တွေဖြစ်ပြီး ၁၉၇၀ ခုနှလောက်က စလို့ ခရီးသွားတွေ လာရောက် လည်ပတ်မှုများခဲ့ပါတယ်။
Ref : theculturetrip