ရာသီဥတု ပူနွေးလာတဲ့ ဧပြီလအတွင်းမှာ အလည်အပတ် သွားရောက်သင့်တဲ့ ချစ်စရာကောင်းတဲ့ ဒေသတွေ ရှိပါတယ်။ ဧပြီဟာ အားလပ်ရက် ဖြစ်တာနဲ့အညီ ဘယ်ဒေသတွေကို ခရီးထွက်လို့ သင့်တော်သလဲ ဆိုတာ ဖော်ပြပေးချင်ပါတယ်။
(၁) ဂျော်ဒန်နိုင်ငံ
ဂျေ်ာဒန်နိုင်ငံဟာ အရှေ့အလယ်ပိုင်း ဒေသမှာဆိုရင် ခေတ်မီမြို့ကြီးတွေ၊ ရှေးဟောင်းဘုရားကျောင်းကြီးတွေ၊ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းတွေကြောင့် နာမည်ကြီး နိုင်ငံတနိုင်ငံပါ။ ဧပြီလမှာ ဂျော်ဒန်နိုင်ငံကို ခရီးထွက်မယ်ဆိုရင်တော့ အကောင်းဆုံးလုပ်သင့်တဲ့ အရာက စက်ဘီးစီးတာပါပဲ။ ဒါကြောင့်လည်း တသက်မှာ တခါလောက်တော့ ဂျော်ဒန်နိုင်ငံကို အလည်အပတ် သွားရောက်သင့်ပါတယ်။
(၂) တရုတ်နိုင်ငံ
လက်ဖက်ရည် ကြိုက်နှစ်သက်သူတွေ အတွက်ကတော့ တရုတ်နိုင်ငံ၊ Jiangsu နယ်ကို ခရီးထွက်တာ အကောင်းဆုံးပါ။ အဲဒီနယ်မှာဆိုရင် ခရီးသွားတွေအနေနဲ့ ဒေသခံတွေကို လက်ဖက်ရွက် ကူညီ ခူးပေးနိုင်မှာဖြစ်တဲ့အတွက် ဒေသခံတွေနဲ့ ခရီးသွားတွေရဲ့အကြား ချစ်ခင်ရင်းနှီးမှုကို တည်ဆောက်နိုင်ပါလိမ့်မယ်။
Biluochan လက်ဖက်ရည်ကတော့ တရုတ်လူမျိုးတွေ သီးသန့် သောက်သုံးတဲ့ လက်ဖက်ရည် အမျိုးအစားတခုဖြစ်ပြီး နှစ်ပေါင်းထောင်နဲ့ချီ သမိုင်းကြောင်း ရှိခဲ့တဲ့ လက်ဖက်ရည်ပါ။ ဧပြီလအတွင်း တရုတ်နိုင်ငံကို ခရီးထွက်ခဲ့မယ်ဆိုရင်တော့ ရှေးကျတဲ့ လက်ဖက်ရည် အခမ်းအနားတွေကို မြင်တွေ့ရမှာဖြစ်သလို တရုတ်ရိုးရာဂီတနဲ့ အနုပညာ ဖျော်ဖြေပွဲတွေလည်း ပါဝင် ဆင်နွှဲနိုင်ပါလိမ့်မယ်။
(၃) နယ်သာလန်နိုင်ငံ
နွေဦးပေါက်လာရင်တော့ နယ်သာလန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ပန်းပေါင်းစုံလင်တဲ့ နေရာ တနေရာပါ။ ဒါကြောင့်လည်း ခရီးသွားအများစုဟာ နွေဦးရာသီရောက်လာရင် နယ်သာလန်နိုင်ငံဆီကို ခရီးထွက်လေ့ ရှိကြပါတယ်။ Keukenhof ပန်းခြံကတော့ ခရီးသွားတွေ သဘောအကျဆုံး နေရာ တနေရာဖြစ်သလို ၇၉ ဧက ကျယ်ဝန်းတဲ့ မြေနေရာမှာ ခတ္တာ၊ ဗေဒါစတဲ့ ပန်းပေါင်း ၇ သန်းကျော် စိုက်ပျိုး ထားပါတယ်။
ဒါကြောင့်လည်း ဒီနေရာဟာ ဥရောပမှာ အထင်ကရဖြစ်တဲ့ နေရာတနေရာပါ။ နယ်သာလန်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ အမ်စတာဒမ်မြို့မှာဆိုရင်လည်း ဧပြီလ ၂၇ ရက်နေ့မှာ ဘုရင်နေ့ ကျင်းပဖို့ ရှိနေပြီး အစိုးရ ရုံးပိတ်ရက်လည်း ဖြစ်ပါတယ်။
(၄) အက်စ်တိုးနီးယားနိုင်ငံ
အက်စ်တိုးနီးယားနိုင်ငံရဲ့ တဲလင်းမြို့ကတော့ ရှေးကျတဲ့မြို့တော်ဖြစ်သလို ကျောက်စရစ်တွေနဲ့ ခင်းထားတဲ့ လမ်းတွေပေါ်မှာ စိတ်အေးလက်အေး လမ်းလျှောက်နိုင်ပါလိမ့်မယ်။ တဲလင်းမြို့ဟာ ဥရောပတိုက်မှာဆိုရင်တော့ အကောင်းဆုံး အခြေအနေဖြစ်အောင် ထိန်းသိမ်းထားတဲ့ မြို့တမြို့ပါ။ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့ကနေ ၂၈ ရက်နေ့ အထိ ၃၀ ကြိမ်မြောက် Jazzkaar ပွဲတော်ကို ကျင်းပမှာ ဖြစ်ပါတယ်။
အဲဒီပွဲတော်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဘောလ်တစ်ဒေသရဲ့ Jazz ဂီတပွဲတော်ပါ။ အဲဒီပွဲတော်ကိုတော့ တဲလင်းမြို့မှာ ကျင်းပမှာဖြစ်ပြီး ကမ္ဘာအရပ်ရပ်က ဂီတပညာရှင်ပေါင်းများစွာ တက်ရောက်နိုင်ဖို့ စီစဉ်ထားပါတယ်။
(၅) ဂျပန်နိုင်ငံ
ဧပြီလမှာဆိုရင် ဂျပန်နိုင်ငံမှာ ချယ်ရီပန်းတွေ အစွမ်းကုန်ပွင့်နေပြီဖြစ်တဲ့အတွက် ဂျပန်ကို ခရီး ထွက်ရင်လည်း သင့်တော်ပါလိမ့်မယ်။ ဂျပန်နိုင်ငံမှာဆိုရင်း တိုကျိုမြို့ကို ခရီးထွက်တာ အကောင်းဆုံးပါ။ Kamo မြစ်ကမ်းဘေးမှာဆိုရင်လည်း ချယ်ရီပန်းတွေက အများအပြားပါပဲ။ Maruyama ပန်းခြံကလည်း ပျော်ပွဲစားထွက်လို့ကောင်းတဲ့ နေရာ တနေရာပါ။
Ref : kiwi5